Al-Nassr နိုင်ပွဲရခဲ့ပေမဲ့ ဂိုးမသွင်းနိုင်ခဲ့လို့ ဒေါသထွက်မှုနှင့်အတူ အဝါကတ်ပြသခြင်းခံခဲ့ရတဲ့ ခရစ္စတီယာနိုရော်နယ်ဒို

ခရစ္စတီယာနိုရော်နယ်ဒိုဟာဘောလုံးကိုဒေါသတကြီးအဝေးသို့ကန်ထုတ်ခဲ့မှုအတွက်အဝါကတ်ပြသခြင်းခံခဲ့ရပါတယ်။

မန်ချက်စတာယူနိုက်တက်စတာဟာAl-Nassrက Abha ကိုအနိုင်ရရှိတဲ့ King Cup of Champions ကွာတားဖိုင်နယ်ပွဲစဉ်တွင်ဂိုးသွင်းနိုင်ခဲ့ခြင်းမရှိပါဘူး။

အဆိုပါပွဲစဉ်တွင်Al-Nassr က Abha ကို၃-၁ဂိုးဖြင့်အနိုင်ရရှိခဲ့ပါတယ်။

ဒါပေမဲ့အသက်၃၈နှစ်ရှိခရစ္စတီယာနိုရော်နယ်ဒိုဟာဒိုင်လူကြီးကပထမပိုင်းပွဲပြီးခရာမှုတ်ပြီးနောက်အဝါကတ်ပြသခြင်းနှင့်ကြုံခဲ့ရပါတယ်။

ပထမပိုင်းနာကျင်အချိန်ပိုတွင်ခရစ္စတီယာနိုရော်နယ်ဒိဟာဘောလုံးရရှိထားပြီးAbhaခံစစ်ကြောင်းကိုထိုးဖောက်ရန်ကြိုးပမ်းနေချိန်တွင်ဒိုင်လူကြီးကပထမပိုင်းပွဲပြီးခရာမှုတ်ခဲ့ပါတယ်။

ဒါကြောင့်လည်းသူဟာညာလက်ကိုမြှောက်ပြီးစိတ်ပျက်ကြောင်းအမူအရာပြပြီးနောက်ဘောလုံးကိုကောက်ယူကာအဝေးသို့ကန်ထုတ်ခဲ့ပါတယ်။

ဒိုင်လူကြီးကလည်းချက်ချင်းပင်အဝါကတ်ပြသပြီးတုံ့ပြန်ခဲ့ပါတယ်။

ခရစ္စတီယာနိုရော်နယ်ဒိုဟာပထမပိုင်းတွင် Al-Nassr က၂-၀ဂိုးဖြင့်အနိုင်ရနေခဲ့ပေမဲ့လည်းစိတ်ပျက်နေခဲ့တာဖြစ်ပါတယ်။

ဒိုင်လူကြီးဟာ၄၇မိနစ်နှင့်၂၄စက္ကန့်ဖြင့်ပထမပိုင်းပွဲပြီးခရာမှုတ်ခဲ့တာဖြစ်ပြီးအချိန်ပိုထက်၂မိနစ်လျှော့နည်းပြီးစောမှုတ်ခဲ့ပါတယ်။

ခရစ္စတီယာနိုရော်နယ်ဒိုဟာ Abha နှင့်ပွဲတွင်လည်းဂိုးပေါက်မတွေ့မှုနှင့်အတူနောက်ဆုံး၃ပွဲဆက်ဂိုးပေါက်ပျောက်နေပါတယ်။သူဟာဒီဇင်ဘာလတုန်းကAl-Nassr သို့တစ်နှစ်လုပ်ခပေါင်၁၇၇သန်းဖြင့်ပြောင်းပြီးနောက်၈ပွဲကစားထားရာမှာ၈ဂိုးသွင်းထားနိုင်ပါတယ်။

ZawGyi

Al-Nassr ႏိုင္ပြဲရခဲ့ေပမဲ့ ဂိုးမသြင္းႏိုင္ခဲ့လို႔ ေဒါသထြက္မႈႏွင့္အတူ အဝါကတ္ျပသျခင္းခံခဲ့ရတဲ့ ခရစၥတီယာႏိုေရာ္နယ္ဒို

ခရစၥတီယာႏိုေရာ္နယ္ဒိုဟာေဘာလုံးကိုေဒါသတႀကီးအေဝးသို႔ကန္ထုတ္ခဲ့မႈအတြက္အဝါကတ္ျပသျခင္းခံခဲ့ရပါတယ္။

မန္ခ်က္စတာယူႏိုက္တက္စတာဟာAl-Nassrက Abha ကိုအႏိုင္ရရွိတဲ့ King Cup of Champions ကြာတားဖိုင္နယ္ပြဲစဥ္တြင္ဂိုးသြင္းႏိုင္ခဲ့ျခင္းမရွိပါဘူး။

အဆိုပါပြဲစဥ္တြင္Al-Nassr က Abha ကို၃-၁ဂိုးျဖင့္အႏိုင္ရရွိခဲ့ပါတယ္။

ဒါေပမဲ့အသက္၃၈ႏွစ္ရွိခရစၥတီယာႏိုေရာ္နယ္ဒိုဟာဒိုင္လူႀကီးကပထမပိုင္းပြဲၿပီးခရာမႈတ္ၿပီးေနာက္အဝါကတ္ျပသျခင္းႏွင့္ႀကဳံခဲ့ရပါတယ္။

ပထမပိုင္းနာက်င္အခ်ိန္ပိုတြင္ခရစၥတီယာႏိုေရာ္နယ္ဒိဟာေဘာလုံးရရွိထားၿပီးAbhaခံစစ္ေၾကာင္းကိုထိုးေဖာက္ရန္ႀကိဳးပမ္းေနခ်ိန္တြင္ဒိုင္လူႀကီးကပထမပိုင္းပြဲၿပီးခရာမႈတ္ခဲ့ပါတယ္။

ဒါေၾကာင့္လည္းသူဟာညာလက္ကိုေျမႇာက္ၿပီးစိတ္ပ်က္ေၾကာင္းအမူအရာျပၿပီးေနာက္ေဘာလုံးကိုေကာက္ယူကာအေဝးသို႔ကန္ထုတ္ခဲ့ပါတယ္။

ဒိုင္လူႀကီးကလည္းခ်က္ခ်င္းပင္အဝါကတ္ျပသၿပီးတုံ႔ျပန္ခဲ့ပါတယ္။

ခရစၥတီယာႏိုေရာ္နယ္ဒိုဟာပထမပိုင္းတြင္ Al-Nassr က၂-၀ဂိုးျဖင့္အႏိုင္ရေနခဲ့ေပမဲ့လည္းစိတ္ပ်က္ေနခဲ့တာျဖစ္ပါတယ္။

ဒိုင္လူႀကီးဟာ၄၇မိနစ္ႏွင့္၂၄စကၠန႔္ျဖင့္ပထမပိုင္းပြဲၿပီးခရာမႈတ္ခဲ့တာျဖစ္ၿပီးအခ်ိန္ပိုထက္၂မိနစ္ေလွ်ာ့နည္းၿပီးေစာမႈတ္ခဲ့ပါတယ္။

ခရစၥတီယာႏိုေရာ္နယ္ဒိုဟာ Abha ႏွင့္ပြဲတြင္လည္းဂိုးေပါက္မေတြ႕မႈႏွင့္အတူေနာက္ဆုံး၃ပြဲဆက္ဂိုးေပါက္ေပ်ာက္ေနပါတယ္။သူဟာဒီဇင္ဘာလတုန္းကAl-Nassr သို႔တစ္ႏွစ္လုပ္ခေပါင္၁၇၇သန္းျဖင့္ေျပာင္းၿပီးေနာက္၈ပြဲကစားထားရာမွာ၈ဂိုးသြင္းထားႏိုင္ပါတယ္။