
ခရစ္စတီယာနိုရော်နယ်ဒိုဟာမနေ့ညတုန်းက Al Nassr က Al-Taawounကို၂-၁ဂိုးဖြင့်အနိုင်ရရှိတဲ့ပွဲစဉ်တွင်အံ့ဩသင့်ဖွယ်ဖန်တီးမှုတစ်ကြိမ်အပါအဝင်နှစ်ဂိုးလုံးရရှိအောင်ဖန်တီးမှုပြုလုပ်နိုင်ခဲ့ပါတယ်။
အသက်၃၇နှစ်ရှိခရစ္စတီယာနိုရော်နယ်ဒိုဟာမနေ့ညကပွဲစဉ်ရဲ့ပွဲချိန်၁၇မိနစ်မှာကွင်းလယ်တစ်ဝက်ကနေစူးရှတဲ့ဘောလုံးအမြင်ဖြင့်ဝေ့ဝိုက်ကာကစားဖော်အက်ဒူရာမန်ဂါရီး ဦးဆောင်ဂိုးသွင်းနိုင်အောင် လှပစွာဖန်တီးပေးခဲ့တာလည်းဖြစ်ပါတယ်။
ခရစ္စတီယာနိုရော်နယ်ဒိုဟာ Al Nassr သို့ ပြောင်းလာပြီးနောက်၅ ပွဲကစားထားရာမှာ၅ဂိုးသွင်းထားသူဖြစ်ပြီးဆော်ဒီကလပ်အတွက်ပထမဆုံးအကြိမ်အဖြစ်ဖန်တီးမှုပြုလုပ်ခဲ့တာလည်းဖြစ်ပါတယ်။
Al Nassr ဟာဦးဆောင်ဂိုးရခဲ့ပေမဲ့လည်းပွဲချိန်၄၇မိနစ်မှာမီဒရန်ကချေပဂိုးသွင်းခဲ့လို့ သရေနဲ့ကျေနပ်ရမဲ့အခြေအနေတွင်ရှိနေခဲ့ပါတယ်။
ဒါပေမဲ့ပွဲချိန်၇၈မိနစ်မှာAl Nassr ကစားသမားတစ်ဦးရဲ့ကန်ချက်ကိုခရစ္စတီယာနိုရော်နယ်ဒိုကထိန်းရာမှာချပေးသလိုဖြစ်ပြီးမာဒူးကအပိုင်ကန်သွင်းခဲ့ပါတယ်။
ယင်းဂိုးကို VAR ကအချိန်ယူစစ်ဆေးပြီးတော့မှပေးလိုက်တာလည်းဖြစ်ပါတယ်။
Al Nassr ဟာAl-Taawoun နိုင်ပွဲကြောင့်အမှတ်ပေးဇယားထိပ်ဆုံးနေရာကိုပြန်လည်ရယူလာနိုင်ခဲ့ပါတယ်။
ZawGyi
Al Nassr ႏိုင္ပြဲရရွိေအာင္ အမိုက္ဖန္တီးမႈ ၁ ႀကိမ္အပါအဝင္ ၂ ႀကိမ္ဖန္တီးေပးခဲ့တဲ့ ခရစၥတီယာႏိုေရာ္နယ္ဒို
ခရစၥတီယာႏိုေရာ္နယ္ဒိုဟာမေန႔ညတုန္းက Al Nassr က Al-Taawounကို၂-၁ဂိုးျဖင့္အႏိုင္ရရွိတဲ့ပြဲစဥ္တြင္အံ့ဩသင့္ဖြယ္ဖန္တီးမႈတစ္ႀကိမ္အပါအဝင္ႏွစ္ဂိုးလုံးရရွိေအာင္ဖန္တီးမႈျပဳလုပ္ႏိုင္ခဲ့ပါတယ္။
အသက္၃၇ႏွစ္ရွိခရစၥတီယာႏိုေရာ္နယ္ဒိုဟာမေန႔ညကပြဲစဥ္ရဲ႕ပြဲခ်ိန္၁၇မိနစ္မွာကြင္းလယ္တစ္ဝက္ကေနစူးရွတဲ့ေဘာလုံးအျမင္ျဖင့္ေဝ့ဝိုက္ကာကစားေဖာ္အက္ဒူရာမန္ဂါရီး ဦးေဆာင္ဂိုးသြင္းႏိုင္ေအာင္ လွပစြာဖန္တီးေပးခဲ့တာလည္းျဖစ္ပါတယ္။
ခရစၥတီယာႏိုေရာ္နယ္ဒိုဟာ Al Nassr သို႔ ေျပာင္းလာၿပီးေနာက္၅ ပြဲကစားထားရာမွာ၅ဂိုးသြင္းထားသူျဖစ္ၿပီးေဆာ္ဒီကလပ္အတြက္ပထမဆုံးအႀကိမ္အျဖစ္ဖန္တီးမႈျပဳလုပ္ခဲ့တာလည္းျဖစ္ပါတယ္။
Al Nassr ဟာဦးေဆာင္ဂိုးရခဲ့ေပမဲ့လည္းပြဲခ်ိန္၄၇မိနစ္မွာမီဒရန္ကေခ်ပဂိုးသြင္းခဲ့လို႔ သေရနဲ႔ေက်နပ္ရမဲ့အေျခအေနတြင္ရွိေနခဲ့ပါတယ္။
ဒါေပမဲ့ပြဲခ်ိန္၇၈မိနစ္မွာAl Nassr ကစားသမားတစ္ဦးရဲ႕ကန္ခ်က္ကိုခရစၥတီယာႏိုေရာ္နယ္ဒိုကထိန္းရာမွာခ်ေပးသလိုျဖစ္ၿပီးမာဒူးကအပိုင္ကန္သြင္းခဲ့ပါတယ္။
ယင္းဂိုးကို VAR ကအခ်ိန္ယူစစ္ေဆးၿပီးေတာ့မွေပးလိုက္တာလည္းျဖစ္ပါတယ္။
Al Nassr ဟာAl-Taawoun ႏိုင္ပြဲေၾကာင့္အမွတ္ေပးဇယားထိပ္ဆုံးေနရာကိုျပန္လည္ရယူလာႏိုင္ခဲ့ပါတယ္။