
ခရစ္စတီယာရော်နယ်ဒိုဟာAl Nassr သို့ကမ္ဘာ့အဆင့်မြင့်မားဆုံးလုပ်ခဖြင့်ပြောင်းရွှေ့ခဲ့ပေမဲ့လည်းအရှေ့အလယ်ပိုင်းကလပ်မှစာချုပ်မပြည့်မီထွက်ခွာနိုင်မဲ့အချက်ကိုထည့်သွင်းချုပ်ဆိုထားပါတယ်။
မီဒီယာများရဲ့ဖော်ပြချက်အရခရစ္စတီယာနိုရော်နယ်ဒိုဟာအနာဂတ်တွင်သူ့အတွက်ကမ်းလှမ်းမှုရရှိလာပါကဥရောပတွင်ပြန်လည်ခြေချနိုင်မဲ့အချက်ကိုထည့်သွင်းချုပ်ဆိုထားတာလည်းဖြစ်ပါတယ်။
Ballon d’Or ဆုရှင်ဟာဆော်ဒီကလပ် Al Nassr သို့တစ်နှစ်လုပ်ခပေါင်၁၇၃သန်းတန်စာချုပ်ဖြင့်ပြောင်းခဲ့တာဖြစ်ပြီးအားကစားသမိုင်းတွင်အမြင့်မားဆုံးလုပ်ခရရှိနေပါတယ်။
ခရစ္စတီယာနိုရော်နယ်ဒိုဟာချန်ပီယံလိဂ်ကစားလိုပေမဲ့လည်းသူ့လုပ်ခကိုမည်သည့်ဥရောပထိပ်သီးကလပ်မျှမတတ်နိုင်မှုနဲ့အတူ Al Nassr ကိုရွေးချယ်ခဲ့ရတာလည်းဖြစ်ပါတယ်။
သူဟာAl Nassr အတွက်တစ်ပွဲမျှပင်မကစားရသေးပေမဲ့လည်းချန်ပီယံလိဂ်ဝင်ခွင့်ရရှိတဲ့အသင်းတစ်သင်းကသာသူ့အတွက်သင့်တော်တဲ့ကမ်းလှမ်းမှုပြုလုပ်လာလျှင်လွတ်လပ်စွာပြောင်းရွှေ့နိုင်မဲ့အချက်ကိုထည့်သွင်းချုပ်ဆိုထားကြောင်းသိရပါတယ်။
ခရစ္စတီယာနိုရော်နယ်ဒိုအနေဖြင့်အဆိုပါအချက်ကြောင့် Al Nassr အတွက်ကစားစေနေပေမဲ့လည်းဥရောပကလပ်များနှင့်လွတ်လပ်စွာဆွေးနွေးခွင့်ရှိနေပါတယ်။
ZawGyi
Al Nassr နှင့်စာချုပ်အတွင်းတွင် သူ့အတွက် အလိုအပ်ဆုံးအချက်တစ်ခုကို ထည့်သွင်းချုပ်ဆိုထားတဲ့ ခရစ္စတီယာနိုရော်နယ်ဒို