Al Nassr နှင့် Al Hilal နှစ်သင်းပေါင်း အကောင်းဆုံးအသင်းနှင့် ပီအက်စ်ဂျီ ခြေစမ်းမည်ဖြစ်၍ ရော်နယ်ဒိုနဲ့ မက်ဆီထိပ်တိုက်တွေ့လာမည်

ပေါ်တူဂီစူပါစတားခရစ္စတီယာနိုရော်နယ်ဒိုရဲ့ဆော်ဒီကလပ် Al Nassr သို့ပြောင်းရွှေ့ကစားမှုနဲ့အတူ ဘောလုံးပရိသတ်များဟာလီယွန်နယ်မက်ဆီ Vs ခရစ္စတီယာနိုရော်နယ်ဒိုပွဲတစ်ပွဲမြင်တွေ့လာကြရတော့မှာဖြစ်ပါတယ်။

ခရစ္စတီယာနိုရော်နယ်ဒိုဟာဆော်ဒီကလပ် Al Nassr သို့အားကစားသမိုင်းတွင်အမြင့်မားဆုံးလုပ်ခ တစ်နှစ်လုပ်ခပေါင်၁၇၃သန်းဖြင့်၂၀၂၅ခုနှစ်အထိစာချုပ်ဖြင့်ပြောင်းရွှေ့ကစားသွားခဲ့ပါတယ်။

ခရစ္စတီယာနိုရော်နယ်ဒိုရဲ့အာရှကလပ်သို့ပြောင်းရွှေ့မှုနဲ့အတူ သူ့ကိုထိပ်တန်းအဆင့်မှာဆက်ကစားတာမြင်တွေ့လိုကြသေးတဲ့ပရိသတ်အချို့အတွက်တော့စိတ်ပျက်စရာဖြစ်ခဲ့ရပါတယ်။

အသက်၃၇နှစ်ရှိခရစ္စတီယာနိုရော်နယ်ဒိုဟာချန်ပီယံလိဂ်ဆက်ကစားလိုပေမဲ့လည်းသူ့ကိုချန်ပီယံလိဂ်ကစားနေတဲ့ဘယ်အသင်းကမှခေါ်ယူလိုခြင်းမရှိမှုနဲ့အတူအရှေ့အလယ်ပိုင်းသို့ပြောင်းခဲ့ရတာလည်းဖြစ်ပါတယ်။

ဒါပေမဲ့ပရိသတ်တွေအတွက်ကျေနပ်စရာကောင်းတာတစ်ခုကတော့လာမယ့်ဇန်နဝါရီလလယ်ပိုင်းမှာပီအက်စ်ဂျီဟာဆော်ဒီသို့လာရောက်ပြီး ရာသီဝက်ခြေစမ်းပွဲကစားရန်စီစဉ်ထားတာဖြစ်ပါတယ်။

ပီအက်စ်ဂျီဟာဆော်ဒီပရိုလိဂ်ရဲ့အကောင်းဆုံးအသင်းတွေဖြစ်ကြတဲ့ Al Nassr နှင့် Al Hilal အသင်းတို့မှရွေးချယ်ထားတဲ့အကောင်းဆုံးအသင်းနဲ့ ခြေစမ်းပွဲကစားလာမှာလည်းဖြစ်ပါတယ်။

ဒါကြောင့်လည်းဘောလုံးပရိသတ်များအနေဖြင့် ခရစ္စတီယာနိုရော်နယ်ဒို Vs မက်ဆီပွဲကိုကြည့်ရှုလာရဦးမှာလည်းဖြစ်ပါတယ်။

ZawGyi

Al Nassr ႏွင့္ Al Hilal ႏွစ္သင္းေပါင္း အေကာင္းဆုံးအသင္းႏွင့္ ပီအက္စ္ဂ်ီ ေျခစမ္းမည္ျဖစ္၍ ေရာ္နယ္ဒိုနဲ႔ မက္ဆီထိပ္တိုက္ေတြ႕လာမည္

ေပၚတူဂီစူပါစတားခရစၥတီယာႏိုေရာ္နယ္ဒိုရဲ႕ေဆာ္ဒီကလပ္ Al Nassr သို႔ေျပာင္းေ႐ႊ႕ကစားမႈနဲ႔အတူ ေဘာလုံးပရိသတ္မ်ားဟာလီယြန္နယ္မက္ဆီ Vs ခရစၥတီယာႏိုေရာ္နယ္ဒိုပြဲတစ္ပြဲျမင္ေတြ႕လာၾကရေတာ့မွာျဖစ္ပါတယ္။

ခရစၥတီယာႏိုေရာ္နယ္ဒိုဟာေဆာ္ဒီကလပ္ Al Nassr သို႔အားကစားသမိုင္းတြင္အျမင့္မားဆုံးလုပ္ခ တစ္ႏွစ္လုပ္ခေပါင္၁၇၃သန္းျဖင့္၂၀၂၅ခုႏွစ္အထိစာခ်ဳပ္ျဖင့္ေျပာင္းေ႐ႊ႕ကစားသြားခဲ့ပါတယ္။

ခရစၥတီယာႏိုေရာ္နယ္ဒိုရဲ႕အာရွကလပ္သို႔ေျပာင္းေ႐ႊ႕မႈနဲ႔အတူ သူ႔ကိုထိပ္တန္းအဆင့္မွာဆက္ကစားတာျမင္ေတြ႕လိုၾကေသးတဲ့ပရိသတ္အခ်ိဳ႕အတြက္ေတာ့စိတ္ပ်က္စရာျဖစ္ခဲ့ရပါတယ္။

အသက္၃၇ႏွစ္ရွိခရစၥတီယာႏိုေရာ္နယ္ဒိုဟာခ်န္ပီယံလိဂ္ဆက္ကစားလိုေပမဲ့လည္းသူ႔ကိုခ်န္ပီယံလိဂ္ကစားေနတဲ့ဘယ္အသင္းကမွေခၚယူလိုျခင္းမရွိမႈနဲ႔အတူအေရွ႕အလယ္ပိုင္းသို႔ေျပာင္းခဲ့ရတာလည္းျဖစ္ပါတယ္။

ဒါေပမဲ့ပရိသတ္ေတြအတြက္ေက်နပ္စရာေကာင္းတာတစ္ခုကေတာ့လာမယ့္ဇန္နဝါရီလလယ္ပိုင္းမွာပီအက္စ္ဂ်ီဟာေဆာ္ဒီသို႔လာေရာက္ၿပီး ရာသီဝက္ေျခစမ္းပြဲကစားရန္စီစဥ္ထားတာျဖစ္ပါတယ္။

ပီအက္စ္ဂ်ီဟာေဆာ္ဒီပ႐ိုလိဂ္ရဲ႕အေကာင္းဆုံးအသင္းေတြျဖစ္ၾကတဲ့ Al Nassr ႏွင့္ Al Hilal အသင္းတို႔မွေ႐ြးခ်ယ္ထားတဲ့အေကာင္းဆုံးအသင္းနဲ႔ ေျခစမ္းပြဲကစားလာမွာလည္းျဖစ္ပါတယ္။

ဒါေၾကာင့္လည္းေဘာလုံးပရိသတ္မ်ားအေနျဖင့္ ခရစၥတီယာႏိုေရာ္နယ္ဒို Vs မက္ဆီပြဲကိုၾကည့္ရႈလာရဦးမွာလည္းျဖစ္ပါတယ္။