Al Nassr သို့ ခရစ္စတီယာနိုရော်နယ်ဒို ပြောင်းရွှေ့လာပြီးနောက် ဆော်ဒီလိဂ်ပွဲတွင် ပရိသတ်များ ကွင်းအတွင်းဝင်ရောက်ကာ SIU ဖြင့် အောင်ပွဲခံ

Al Nassr သို့ခရစ္စတီယာနိုရော်နယ်ဒိုပြောင်းရွှေ့လာပြီးတဲ့နောက်ဘောလုံးပရိသတ်များဟာဆော်ဒီလိဂ်ပွဲတစ်ပွဲတွင်ကွင်းအတွင်းသို့ဝင်ရောက်ကာ SIU ဖြင့် အောင်ပွဲခံမှုပြုလုပ်ခဲ့ပါတယ်။

ခရစ္စတီယာနိုရော်နယ်ဒိုဟာယူနိုက်တက်နှင့်စာချုပ်ဖျက်သိမ်းပြီးနောက် Al Nassr သို့တစ်နှစ်လုပ်ခပေါင်၁၇၃သန်းတန်နှစ်နှစ်ခွဲစာချုပ်ဖြင့်ပြောင်းခဲ့ပါတယ်။

ခရစ္စတီယာနိုရော်နယ်ဒိုဟာ Al Nassr တွင်နိုင်ငံခြားသားကစားသမားများနေမှုကြောင့် ကစားသမားမှတ်ပုံတင်ရခြင်းမရှိသေးသလိုယူနိုက်တက်မှာကစားတုန်းကနှစ်ပွဲပယ်ပြစ်ဒဏ်ကြောင့်ပွဲကစားနိုင်ခြင်းမရှိသေးပါဘူး။

Al Nassr အတွက်ခရစ္စတီယာနိုရော်နယ်ဒိုပွဲမကစားရသေးပေမဲ့လည်းဆော်ဒီလိဂ်တွင်သူ့လွမ်းမိုးမှုစတင်နေပြီဖြစ်ပါတယ်။

Al Ittihad နှင့် Al Hilal ပွဲတွင်ပရိသတ်များဟာကွင်းအတွင်းဝင်ရောက်လာခဲ့ကြပြီးတဲ့နောက်ခရစ္စတီယာနိုရော်နယ်ဒိုရဲ့Trademark အောင်ပွဲခံမှုဖြစ်တဲ့ SIU ဖြင့်အောင်ပွဲခံမှုပြုလုပ်ခဲ့ကြကာပွဲကိုခေတ္တရပ်ဆိုင်းခဲ့ရပါတယ်။

ခရစ္စတီယာနိုရော်နယ်ဒိုဟာ Al Nassr ကစားသမားအဖြစ်မိတ်ဆက်ပွဲပြုလုပ်တုန်းကလည်းသတင်းစာရှင်းလင်းပွဲတွင်ဂျာနယ်လစ်များရဲ့SIU ဖြင့်အော်ဟစ်ကြိုဆိုခြင်းခံခဲ့ရပါတယ်။

ခရစ္စတီယာနိုရော်နယ်ဒိုဟာပွဲမကစားနိုင်သေးပေမဲ့လည်းမနေ့ညတုန်းက Al-Ta’ee အနိုင်ရရှိတဲ့ပွဲတွင်ပွဲကိုကိုယ်တိုင်ကြည့်ရှုအားပေးခဲ့တာတွေ့ရပါတယ်။ယင်းပွဲမှာမိုးရွာသွန်းမှုများပြားမှုကြောင့်လျှပ်စစ်မီးပြဿနာဖြစ်မှုနဲ့အတူပွဲကို၁၅မိနစ်ရွှေ့ဆိုင်းခဲ့ရပါတယ်။

ယင်းပွဲတွင် Al Nassr ဟာတာလစ်ကာရဲ့သွင်းဂိုးနှစ်ဂိုးကြောင့်၂-၀ဂိုးဖြင့်အနိုင်ရရှိခဲ့ပါတယ်။

ZawGyi

Al Nassr သို႔ ခရစၥတီယာႏိုေရာ္နယ္ဒို ေျပာင္းေ႐ႊ႕လာၿပီးေနာက္ ေဆာ္ဒီလိဂ္ပြဲတြင္ ပရိသတ္မ်ား ကြင္းအတြင္းဝင္ေရာက္ကာ SIU ျဖင့္ ေအာင္ပြဲခံ

Al Nassr သို႔ခရစၥတီယာႏိုေရာ္နယ္ဒိုေျပာင္းေ႐ႊ႕လာၿပီးတဲ့ေနာက္ေဘာလုံးပရိသတ္မ်ားဟာေဆာ္ဒီလိဂ္ပြဲတစ္ပြဲတြင္ကြင္းအတြင္းသို႔ဝင္ေရာက္ကာ SIU ျဖင့္ ေအာင္ပြဲခံမႈျပဳလုပ္ခဲ့ပါတယ္။

ခရစၥတီယာႏိုေရာ္နယ္ဒိုဟာယူႏိုက္တက္ႏွင့္စာခ်ဳပ္ဖ်က္သိမ္းၿပီးေနာက္ Al Nassr သို႔တစ္ႏွစ္လုပ္ခေပါင္၁၇၃သန္းတန္ႏွစ္ႏွစ္ခြဲစာခ်ဳပ္ျဖင့္ေျပာင္းခဲ့ပါတယ္။

ခရစၥတီယာႏိုေရာ္နယ္ဒိုဟာ Al Nassr တြင္ႏိုင္ငံျခားသားကစားသမားမ်ားေနမႈေၾကာင့္ ကစားသမားမွတ္ပုံတင္ရျခင္းမရွိေသးသလိုယူႏိုက္တက္မွာကစားတုန္းကႏွစ္ပြဲပယ္ျပစ္ဒဏ္ေၾကာင့္ပြဲကစားႏိုင္ျခင္းမရွိေသးပါဘူး။

Al Nassr အတြက္ခရစၥတီယာႏိုေရာ္နယ္ဒိုပြဲမကစားရေသးေပမဲ့လည္းေဆာ္ဒီလိဂ္တြင္သူ႔လြမ္းမိုးမႈစတင္ေနၿပီျဖစ္ပါတယ္။

Al Ittihad ႏွင့္ Al Hilal ပြဲတြင္ပရိသတ္မ်ားဟာကြင္းအတြင္းဝင္ေရာက္လာခဲ့ၾကၿပီးတဲ့ေနာက္ခရစၥတီယာႏိုေရာ္နယ္ဒိုရဲ႕Trademark ေအာင္ပြဲခံမႈျဖစ္တဲ့ SIU ျဖင့္ေအာင္ပြဲခံမႈျပဳလုပ္ခဲ့ၾကကာပြဲကိုေခတၱရပ္ဆိုင္းခဲ့ရပါတယ္။

ခရစၥတီယာႏိုေရာ္နယ္ဒိုဟာ Al Nassr ကစားသမားအျဖစ္မိတ္ဆက္ပြဲျပဳလုပ္တုန္းကလည္းသတင္းစာရွင္းလင္းပြဲတြင္ဂ်ာနယ္လစ္မ်ားရဲ႕SIU ျဖင့္ေအာ္ဟစ္ႀကိဳဆိုျခင္းခံခဲ့ရပါတယ္။

ခရစၥတီယာႏိုေရာ္နယ္ဒိုဟာပြဲမကစားႏိုင္ေသးေပမဲ့လည္းမေန႔ညတုန္းက Al-Ta’ee အႏိုင္ရရွိတဲ့ပြဲတြင္ပြဲကိုကိုယ္တိုင္ၾကည့္ရႈအားေပးခဲ့တာေတြ႕ရပါတယ္။ယင္းပြဲမွာမိုး႐ြာသြန္းမႈမ်ားျပားမႈေၾကာင့္လွ်ပ္စစ္မီးျပႆနာျဖစ္မႈနဲ႔အတူပြဲကို၁၅မိနစ္ေ႐ႊ႕ဆိုင္းခဲ့ရပါတယ္။

ယင္းပြဲတြင္ Al Nassr ဟာတာလစ္ကာရဲ႕သြင္းဂိုးႏွစ္ဂိုးေၾကာင့္၂-၀ဂိုးျဖင့္အႏိုင္ရရွိခဲ့ပါတယ္။