Al Nassr သို့ ပြောင်းရွှေ့ပြီးနောက် အသင်းဟောင်းယူနိုက်တက်ကို လမ်းခွဲလက်ဆောင်ပေးလာဖို့ ရှိနေတဲ့ ခရစ္စတီယာနိုရော်နယ်ဒို

ခရစ္စတီယာနိုရော်နယ်ဒိုဟာဆော်ဒီကလပ်Al Nassr သို့ပြောင်းရွှေ့ပြီးတဲ့နောက်အသင်းဟောင်းမန်ချက်စတာယူနိုက်တက်ကိုအံ့ဩသင့်စရာလမ်းခွဲလက်ဆောင်တစ်ခုပေးလာဖို့ရှိနေပါတယ်။

ခရစ္စတီယာနိုရော်နယ်ဒိုဟာယူနိုက်တက်နှင့်စာချုပ်ဖျက်သိမ်းခြင်းခံခဲ့ရပြီးနောက်ဆော်ဒီကလပ် Al Nassr သို့တစ်နှစ်လုပ်ခပေါင်၁၇၃သန်း(ဒေါ်လာသန်း၂၀၀)ဖြင့်ပြောင်းရွှေ့ခဲ့ပါတယ်။

Ballon d’Or ငါးကြိမ်ရခရစ္စတီယာနိုရော်နယ်ဒိုဟာဥရောပဘောလုံးလောကတွင်ဆက်ကစားလိုပေမဲ့လည်းကမ်းလှမ်းမှုရရှိလာခြင်းမရှိမှုနဲ့အတူအရှေ့အလယ်ပိုင်းကလပ်သို့ပြောင်းခဲ့ရတာလည်းဖြစ်ပါတယ်။

သူဟာကလပ်သစ် Al Nassr တွင်လည်းကျောနံပါတ်၇ကိုပင်ဝတ်ဆင်လာမှာဖြစ်ပြီးကြာသပတေးနေ့တွင်ပထမဆုံးပွဲကစားလာဖို့ရှိနေပါတယ်။

ခရစ္စတီယာနိုရော်နယ်ဒိုရဲ့Al Nassr သို့ပြောင်းရွှေ့မှုနဲ့အတူ ယင်းကလပ်မှကစားသမားအချို့လည်းထွက်ခွာလာဖို့ရှိနေပါတယ်။

၂၀၂၂ကမ္ဘာ့ဖလားပြိုင်ပွဲတွင်ကင်မရွန်းအတွက်နှစ်ဂိုးသွင်းယူနိုင်ခဲ့တဲ့ အသင်းခေါင်းဆောင်အဘူဘာကာဟာခရစ္စတီယာနိုရော်နယ်ဒိုရောက်လာမှုနဲ့အတူ ယူနိုက်တက်သို့ပြောင်းရွှေ့လာဖို့ရှိနေပါတယ်။

ယူနိုက်တက်နည်းပြအဲရစ်တန်ဟက်ဟာဇန်နဝါရီအပြောင်းအရွှေ့ဈေးကွက်တွင်ကစားသမားသစ်ခေါ်ယူလိုပေမဲ့အသုံးစရိတ်မရရှိမှုနဲ့အတူအငှားဖြင့်သာကစားသမားခေါ်ယူလာဖို့ရှိနေပါတယ်။

အဲရစ်တန်ဟက်ဟာတိုက်စစ်မှူးတစ်ဦးခေါ်ယူလိုနေပြီးသူ့စာရင်းထဲတွင်အဘူဘာကာလည်းပါဝင်နေပါတယ်။

ယူနိုက်တက်ဟာအဘူဘာကာအပြင်ကစားသမားဟောင်းမမ်ဖစ်ဒီပေးကိုလည်းပစ်မှတ်ထားနေပါသေးတယ်။

ZawGyi

Al Nassr သို႔ ေျပာင္းေ႐ႊ႕ၿပီးေနာက္ အသင္းေဟာင္းယူႏိုက္တက္ကို လမ္းခြဲလက္ေဆာင္ေပးလာဖို႔ ရွိေနတဲ့ ခရစၥတီယာႏိုေရာ္နယ္ဒို

ခရစၥတီယာႏိုေရာ္နယ္ဒိုဟာေဆာ္ဒီကလပ္Al Nassr သို႔ေျပာင္းေ႐ႊ႕ၿပီးတဲ့ေနာက္အသင္းေဟာင္းမန္ခ်က္စတာယူႏိုက္တက္ကိုအံ့ဩသင့္စရာလမ္းခြဲလက္ေဆာင္တစ္ခုေပးလာဖို႔ရွိေနပါတယ္။

ခရစၥတီယာႏိုေရာ္နယ္ဒိုဟာယူႏိုက္တက္ႏွင့္စာခ်ဳပ္ဖ်က္သိမ္းျခင္းခံခဲ့ရၿပီးေနာက္ေဆာ္ဒီကလပ္ Al Nassr သို႔တစ္ႏွစ္လုပ္ခေပါင္၁၇၃သန္း(ေဒၚလာသန္း၂၀၀)ျဖင့္ေျပာင္းေ႐ႊ႕ခဲ့ပါတယ္။

Ballon d’Or ငါးႀကိမ္ရခရစၥတီယာႏိုေရာ္နယ္ဒိုဟာဥေရာပေဘာလုံးေလာကတြင္ဆက္ကစားလိုေပမဲ့လည္းကမ္းလွမ္းမႈရရွိလာျခင္းမရွိမႈနဲ႔အတူအေရွ႕အလယ္ပိုင္းကလပ္သို႔ေျပာင္းခဲ့ရတာလည္းျဖစ္ပါတယ္။

သူဟာကလပ္သစ္ Al Nassr တြင္လည္းေက်ာနံပါတ္၇ကိုပင္ဝတ္ဆင္လာမွာျဖစ္ၿပီးၾကာသပေတးေန႔တြင္ပထမဆုံးပြဲကစားလာဖို႔ရွိေနပါတယ္။

ခရစၥတီယာႏိုေရာ္နယ္ဒိုရဲ႕Al Nassr သို႔ေျပာင္းေ႐ႊ႕မႈနဲ႔အတူ ယင္းကလပ္မွကစားသမားအခ်ိဳ႕လည္းထြက္ခြာလာဖို႔ရွိေနပါတယ္။

၂၀၂၂ကမာၻ႔ဖလားၿပိဳင္ပြဲတြင္ကင္မ႐ြန္းအတြက္ႏွစ္ဂိုးသြင္းယူႏိုင္ခဲ့တဲ့ အသင္းေခါင္းေဆာင္အဘူဘာကာဟာခရစၥတီယာႏိုေရာ္နယ္ဒိုေရာက္လာမႈနဲ႔အတူ ယူႏိုက္တက္သို႔ေျပာင္းေ႐ႊ႕လာဖို႔ရွိေနပါတယ္။

ယူႏိုက္တက္နည္းျပအဲရစ္တန္ဟက္ဟာဇန္နဝါရီအေျပာင္းအေ႐ႊ႕ေဈးကြက္တြင္ကစားသမားသစ္ေခၚယူလိုေပမဲ့အသုံးစရိတ္မရရွိမႈနဲ႔အတူအငွားျဖင့္သာကစားသမားေခၚယူလာဖို႔ရွိေနပါတယ္။

အဲရစ္တန္ဟက္ဟာတိုက္စစ္မႉးတစ္ဦးေခၚယူလိုေနၿပီးသူ႔စာရင္းထဲတြင္အဘူဘာကာလည္းပါဝင္ေနပါတယ္။

ယူႏိုက္တက္ဟာအဘူဘာကာအျပင္ကစားသမားေဟာင္းမမ္ဖစ္ဒီေပးကိုလည္းပစ္မွတ္ထားေနပါေသးတယ္။