
ခရစ္စတီယာနိုရော်နယ်ဒိုဟာAl Nassr အတွက်ဒုတိယမြောက်ကစားတဲ့ပွဲမှာလည်းဆက်လက်ဂိုးမိုးခေါင်းနေခဲ့သလိုဆော်ဒီတွင်ပထမဆုံးဆုဖလားရရှိနိုင်မဲ့အခွင့်အရေးကြီးလည်းလက်လွှတ်လိုက်ရပြီဖြစ်ပါတယ်။
ခရစ္စတီယာနိုရော်နယ်ဒိုဦးဆောင်တဲ့Al Nassr ဟာ Super Cup ဆီမီးဖိုင်နယ်မှာ Al lttihad ကို၃-၁ဂိုးဖြင့်ရှုံးနိမ့်ပြီးပြိုင်ပွဲမှထွက်လိုက်ရတာလည်းဖြစ်ပါတယ်။
ခရစ္စတီယာနိုရော်နယ်ဒိုဟာဒီဇင်ဘာလနှောင်းပိုင်းတုန်းကဆော်ဒီကလပ် Al Nassr သို့ပြောင်းခဲ့တာဖြစ်ပြီးဆော်ဒီမြေတွင်ပထမဆုံးကစားတဲ့ပွဲအဖြစ်ပြီးခဲ့တဲ့အပတ်တုန်းကခါးသီးတဲ့ပြိုင်ဘက်မက်ဆီရဲ့ပီအက်စ်ဂျီကို၅-၄ဂိုးဖြင့်ရှုံးနိမ့်တဲ့ Riyadh All Stars ရဲ့ပွဲမှာစတင်ကစားခဲ့ပါတယ်။
ယင်းပွဲမှာခရစ္စတီယာနိုရော်နယ်ဒိုဟာ၂ဂိုးသွင်းပြီးခြေစွမ်းပြကစားနိုင်ခဲ့တာကြောင့်ပွဲစဉ်အလိုက်အကောင်းဆုံးကစားသမားဆုကိုဆွတ်ခူးနိုင်ခဲ့ပါတယ်။
ယင်းနောက်သူဟာတနင်္ဂနွေနေ့တုန်းက Ettifaq ကို၁-၀ဂိုးဖြင့်အနိုင်ရတဲ့ပွဲမှာ Al Nassr အတွက်ပထမဆုံးပွဲကစားခဲ့ပါတယ်။ယင်းပွဲမှာခရစ္စတီယာနိုရော်နယ်ဒိုဂိုးပေါက်ရှာမတွေ့ခဲ့ပါဘူး။
သူဟာမနေ့ညတုန်းက Super Cup ဆီမီးဖိုင်နယ်ပွဲမှာ Al Nassr အတွက်ဒုတိယမြောက်ပွဲကစားခဲ့ပြီးထပ်မံဂိုးပေါက်ပျောက်ခဲ့ပါတယ်။
ယင်းပွဲတွင် Al Nassr ဟာဘောလုံးပိုင်ဆိုင်မှု၆၄ရာခိုင်နှုန်းအထိရရှိခဲ့ပေမဲ့လည်းဂိုးပေါက်တည့်ကန်ချက်၃ကြိမ်တည်းသာပြုလုပ်နိုင်ခဲ့ပါတယ်။ခရစ္စတီယာနိုရော်နယ်ဒိုဟာလည်းဂိုးပေါက်တည့်ကန်ချက်တစ်ကြိမ်တည်းသာပြုလုပ်နိုင်ခဲ့ပါတယ်။
ZawGyi
Al Nassr အတြက္ ဂိုးမိုးေခါင္ေနဆဲျဖစ္တဲ့အျပင္ ပထမဆုံးဆုဖလားရႏိုင္မဲ့ အခြင့္အေရး လက္လႊတ္လာရတဲ့ ခရစၥတီယာႏိုေရာ္နယ္ဒို
ခရစၥတီယာႏိုေရာ္နယ္ဒိုဟာAl Nassr အတြက္ဒုတိယေျမာက္ကစားတဲ့ပြဲမွာလည္းဆက္လက္ဂိုးမိုးေခါင္းေနခဲ့သလိုေဆာ္ဒီတြင္ပထမဆုံးဆုဖလားရရွိႏိုင္မဲ့အခြင့္အေရးႀကီးလည္းလက္လႊတ္လိုက္ရၿပီျဖစ္ပါတယ္။
ခရစၥတီယာႏိုေရာ္နယ္ဒိုဦးေဆာင္တဲ့Al Nassr ဟာ Super Cup ဆီမီးဖိုင္နယ္မွာ Al lttihad ကို၃-၁ဂိုးျဖင့္ရႈံးနိမ့္ၿပီးၿပိဳင္ပြဲမွထြက္လိုက္ရတာလည္းျဖစ္ပါတယ္။
ခရစၥတီယာႏိုေရာ္နယ္ဒိုဟာဒီဇင္ဘာလေႏွာင္းပိုင္းတုန္းကေဆာ္ဒီကလပ္ Al Nassr သို႔ေျပာင္းခဲ့တာျဖစ္ၿပီးေဆာ္ဒီေျမတြင္ပထမဆုံးကစားတဲ့ပြဲအျဖစ္ၿပီးခဲ့တဲ့အပတ္တုန္းကခါးသီးတဲ့ၿပိဳင္ဘက္မက္ဆီရဲ႕ပီအက္စ္ဂ်ီကို၅-၄ဂိုးျဖင့္ရႈံးနိမ့္တဲ့ Riyadh All Stars ရဲ႕ပြဲမွာစတင္ကစားခဲ့ပါတယ္။
ယင္းပြဲမွာခရစၥတီယာႏိုေရာ္နယ္ဒိုဟာ၂ဂိုးသြင္းၿပီးေျခစြမ္းျပကစားႏိုင္ခဲ့တာေၾကာင့္ပြဲစဥ္အလိုက္အေကာင္းဆုံးကစားသမားဆုကိုဆြတ္ခူးႏိုင္ခဲ့ပါတယ္။
ယင္းေနာက္သူဟာတနဂၤေႏြေန႔တုန္းက Ettifaq ကို၁-၀ဂိုးျဖင့္အႏိုင္ရတဲ့ပြဲမွာ Al Nassr အတြက္ပထမဆုံးပြဲကစားခဲ့ပါတယ္။ယင္းပြဲမွာခရစၥတီယာႏိုေရာ္နယ္ဒိုဂိုးေပါက္ရွာမေတြ႕ခဲ့ပါဘူး။
သူဟာမေန႔ညတုန္းက Super Cup ဆီမီးဖိုင္နယ္ပြဲမွာ Al Nassr အတြက္ဒုတိယေျမာက္ပြဲကစားခဲ့ၿပီးထပ္မံဂိုးေပါက္ေပ်ာက္ခဲ့ပါတယ္။
ယင္းပြဲတြင္ Al Nassr ဟာေဘာလုံးပိုင္ဆိုင္မႈ၆၄ရာခိုင္ႏႈန္းအထိရရွိခဲ့ေပမဲ့လည္းဂိုးေပါက္တည့္ကန္ခ်က္၃ႀကိမ္တည္းသာျပဳလုပ္ႏိုင္ခဲ့ပါတယ္။ခရစၥတီယာႏိုေရာ္နယ္ဒိုဟာလည္းဂိုးေပါက္တည့္ကန္ခ်က္တစ္ႀကိမ္တည္းသာျပဳလုပ္ႏိုင္ခဲ့ပါတယ္။