Al Nassr အတွက် စူပါဟက်ထရစ်သွင်းပြီးနောက် ဒိုင်လူကြီးကို အမှတ်တရလက်မှတ်ထိုးခိုင်းခဲ့တဲ့ ခရစ္စတီယာနိုရော်နယ်ဒို

ခရစ္စတီယာနိုရော်နယ်ဒိုဟာ Al Wahda ကို၄-၀ဂိုးဖြင့်အနိုင်ရတဲ့ပွဲတွင်Al Nassr အတွက်လေးဂိုးလုံးကိုသွင်းယူပေးခဲ့ပါတယ်။သူဟာAl Nassr အတွက်စူပါဟက်ထရစ်သွင်းယူနိုင်ခဲ့ပြီးနောက်ဒိုင်လူကြီးအယ်ဟာဘီအားသူ့ရဲ့ဟက်ထရစ်ဘောလုံးတွင်လက်မှတ်ရေးထိုးပေးရန်တောင်းဆိုခဲ့ပါတယ်။

အသက်၃၈နှစ်ရှိခရစ္စတီယာနိုရော်နယ်ဒိုဟာAl Nassr သို့တစ်နှစ်လုပ်ခပေါင်၁၇၇သန်းဖြင့်ပြောင်းရွှေ့ပြီးနောက်အားကစားသမိုင်းတွင်လုပ်ခအများဆုံးရရှိတဲ့ကစားသမားဖြစ်လာသူလည်းဖြစ်ပါတယ်။

သူဟာKing Abdulaziz Stadium တွင် Al Wahda ကို၄-၀ဂိုးဖြင့်အနိုင်ရတဲ့ပွဲမှာမိနစ်၄၀အတွင်းလေးဂိုးသွင်းယူခဲ့ပါတယ်။

သူဟာသူ့ရဲ့ဟက်ထရစ်မြောက်ဂိုးကိုလက်ထိဘောမှတဆင့်ရရှိတဲ့ပင်နယ်တီကနေသွင်းယူခဲ့တာဖြစ်ပါတယ်။ယင်းဟက်ထရစ်ကသူ့ကစားသမားဘဝတစ်လျှောက်၆၁ကြိမ်မြောက်ဟက်ထရစ်လည်းဖြစ်ပါတယ်။

မနေ့ညကပွဲတွင်ခရစ္စတီယာနိုရော်နယ်ဒိုဟာဂိုးသွင်းပြီးနောက် SIUU ဖြင့်အောင်ပွဲခံခဲ့ကြပြီးပရိသတ်များကလည်း SIUU လို့အော်ဟစ်မှုနှင့်အတူKing Abdulaziz Stadium တစ်ကွင်းလုံး SIUU သံလွှမ်းမိုးခဲ့ပါတယ်။

ပွဲအပြီးတွင်ခရစ္စတီယာနိုရော်နယ်ဒိုဟာပွဲအတွင်းအသုံးပြုခဲ့တဲ့ဘောလုံးကိုအမှတ်တရလက်မှတ်ထိုးပေးရန်ဒိုင်လူကြီးကိုတောင်းဆိုခဲ့ပါတယ်။

သူဟာသူ့ရဲ့၆၁ကြိမ်မြောက်ဟက်ထရစ်ဘောလုံးကိုတော့သိမ်းထားဖို့ရှိပါတယ်။သူဟာသူ့ရဲ့၆၀ကြိမ်မြောက်ဟက်ထရစ်ဘောလုံးကိုတော့ယူနိုက်တက်ကစားဖော်ဟောင်းဂါနာချိုကိုလက်ဆောင်ပေးခဲ့ပါတယ်။

ခရစ္စတီယာနိုရော်နယ်ဒိုဟာAl Wadha နှင့်ပွဲတွင်၄ဂိုးသွင်းယူနိုင်ပြီးနောက်ကစားသမားဘဝတစ်လျှောက်လိဂ်ဂိုး၅၀၂ဂိုးရှိလာပြီဖြစ်ပါတယ်။

ZawGyi

Al Nassr အတြက္ စူပါဟက္ထရစ္သြင္းၿပီးေနာက္ ဒိုင္လူႀကီးကို အမွတ္တရလက္မွတ္ထိုးခိုင္းခဲ့တဲ့ ခရစၥတီယာႏိုေရာ္နယ္ဒို

ခရစၥတီယာႏိုေရာ္နယ္ဒိုဟာ Al Wahda ကို၄-၀ဂိုးျဖင့္အႏိုင္ရတဲ့ပြဲတြင္Al Nassr အတြက္ေလးဂိုးလုံးကိုသြင္းယူေပးခဲ့ပါတယ္။သူဟာAl Nassr အတြက္စူပါဟက္ထရစ္သြင္းယူႏိုင္ခဲ့ၿပီးေနာက္ဒိုင္လူႀကီးအယ္ဟာဘီအားသူ႔ရဲ႕ဟက္ထရစ္ေဘာလုံးတြင္လက္မွတ္ေရးထိုးေပးရန္ေတာင္းဆိုခဲ့ပါတယ္။

အသက္၃၈ႏွစ္ရွိခရစၥတီယာႏိုေရာ္နယ္ဒိုဟာAl Nassr သို႔တစ္ႏွစ္လုပ္ခေပါင္၁၇၇သန္းျဖင့္ေျပာင္းေ႐ႊ႕ၿပီးေနာက္အားကစားသမိုင္းတြင္လုပ္ခအမ်ားဆုံးရရွိတဲ့ကစားသမားျဖစ္လာသူလည္းျဖစ္ပါတယ္။

သူဟာKing Abdulaziz Stadium တြင္ Al Wahda ကို၄-၀ဂိုးျဖင့္အႏိုင္ရတဲ့ပြဲမွာမိနစ္၄၀အတြင္းေလးဂိုးသြင္းယူခဲ့ပါတယ္။

သူဟာသူ႔ရဲ႕ဟက္ထရစ္ေျမာက္ဂိုးကိုလက္ထိေဘာမွတဆင့္ရရွိတဲ့ပင္နယ္တီကေနသြင္းယူခဲ့တာျဖစ္ပါတယ္။ယင္းဟက္ထရစ္ကသူ႔ကစားသမားဘဝတစ္ေလွ်ာက္၆၁ႀကိမ္ေျမာက္ဟက္ထရစ္လည္းျဖစ္ပါတယ္။

မေန႔ညကပြဲတြင္ခရစၥတီယာႏိုေရာ္နယ္ဒိုဟာဂိုးသြင္းၿပီးေနာက္ SIUU ျဖင့္ေအာင္ပြဲခံခဲ့ၾကၿပီးပရိသတ္မ်ားကလည္း SIUU လို႔ေအာ္ဟစ္မႈႏွင့္အတူKing Abdulaziz Stadium တစ္ကြင္းလုံး SIUU သံလႊမ္းမိုးခဲ့ပါတယ္။

ပြဲအၿပီးတြင္ခရစၥတီယာႏိုေရာ္နယ္ဒိုဟာပြဲအတြင္းအသုံးျပဳခဲ့တဲ့ေဘာလုံးကိုအမွတ္တရလက္မွတ္ထိုးေပးရန္ဒိုင္လူႀကီးကိုေတာင္းဆိုခဲ့ပါတယ္။

သူဟာသူ႔ရဲ႕၆၁ႀကိမ္ေျမာက္ဟက္ထရစ္ေဘာလုံးကိုေတာ့သိမ္းထားဖို႔ရွိပါတယ္။သူဟာသူ႔ရဲ႕၆၀ႀကိမ္ေျမာက္ဟက္ထရစ္ေဘာလုံးကိုေတာ့ယူႏိုက္တက္ကစားေဖာ္ေဟာင္းဂါနာခ်ိဳကိုလက္ေဆာင္ေပးခဲ့ပါတယ္။

ခရစၥတီယာႏိုေရာ္နယ္ဒိုဟာAl Wadha ႏွင့္ပြဲတြင္၄ဂိုးသြင္းယူႏိုင္ၿပီးေနာက္ကစားသမားဘဝတစ္ေလွ်ာက္လိဂ္ဂိုး၅၀၂ဂိုးရွိလာၿပီျဖစ္ပါတယ္။