
ခရစ္စတီယာနိုရော်နယ်ဒိုရဲ့ Al Nassr ကစားသမားဘဝအစက ဂိုးပေါက်ပျောက်ရုံတင်မက ခြေကျင်းဝတ်ဒဏ်ရာပါ ရရှိပြီး အနားယူရတော့မှာ ဖြစ်ကာ ထင်မှတ်ထားတာထက် ဆိုးရွားသထက် ဆိုးရွားလာတော့မှာလည်း ဖြစ်ပါတယ်။
ခရစ္စတီယာနိုရော်နယ်ဒိုဟာ ကြားရက်တုန်းက Al-lttihad ကို Al Nassr တို့ ၃-၁ ဂိုးဖြင့် ရှုံးနိမ့်တဲ့ ဆော်ဒီစူပါဖလားဆီမီးဖိုင်နယ်ပွဲစဉ်တွင် ပါဝင်ကစားခဲ့ပါတယ်။
ခရစ္စတီယာနိုရော်နယ်ဒိုဟာ ဆော်ဒီတွင် ပထမဆုံးကစားတဲ့ပွဲဖြစ်တဲ့ ပီအက်စ်ဂျီနှင့် ဆော်ဒီအောစတားခြေစမ်းပွဲစဉ်တွင် နှစ်ဂိုးသွင်းကာ ပွဲစဉ်အလိုက် အကောင်းဆုံးကစားသမားဆုကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။
ဒါပေမဲ့ Al Nassr အတွက် နှစ်ပွဲကစားရာမှာ တစ်ဂိုးမျှ သွင်းယူနိုင်ခြင်း မရှိသေးတဲ့ ခရစ္စတီယာနိုရော်နယ်ဒိုရဲ့ အခြေအနေက ပိုဆိုးရွားလာတော့မှာလည်း ဖြစ်ပါတယ်။
ခရစ္စတီယာနိုရော်နယ်ဒိုဟာ ဆော်ဒီစူပါဖလားဆီမီးဖိုင်နယ်ပွဲအပြီးတွင် ထော့နင်းထော့နင်းဖြင့် ကွင်းအပြင်မှ ထွက်သွားခဲ့တာ တွေ့ရပါတယ်။ သူဟာ ယင်းပွဲရဲ့ဒုတိယပိုင်းတွင် ဟမ်ဒန်အယ်ရှာမရာနီရဲ့ကြမ်းတမ်းစွာ ဖျက်ထုတ်ခြင်းခံရကာ ခြေကျင်းဝတ်ဒဏ်ရာရရှိခဲ့ကြောင်း သိရပါတယ်။
ခရစ္စတီယာနိုရော်နယ်ဒိုဟာ ယင်းပွဲစဉ်ရဲ့ပထမပိုင်းတွင် ဂိုးသွင်းနိုင်မဲ့ အပိုင်အခွင့်အရေးရရှိခဲ့ပေမဲ့လည်း ဖြုန်းတီးမှုကြောင့် ပွဲအပြီးတွင် နည်းပြရူဒီဂါစီယာရဲ့သတင်းစာရှင်းလင်းပွဲတွင် ဝေဖန်ပြောကြားမှုခံခဲ့ရသူလည်း ဖြစ်ပါတယ်။
ဒါ့အပြင် ခရစ္စတီယာနိုရော်နယ်ဒိုဟာ ပွဲအပြီးတွင် ပြိုင်ဘက်ပရိသတ်များရဲ့ ‘မက်ဆီ၊မက်ဆီ၊ မက်ဆီ’ဆိုပြီး သံပြိုင်အော်ဟစ်လှောင်ပြောင်ခြင်းခံခဲ့ရပါသေးတယ်။
ZawGyi
Al Nassr အတြက္ ဒုတိယေျမာက္ကစားတဲ့ ပြဲတြင္ ေျခက်င္းဝတ္ဒဏ္ရာရရွိခဲ့တဲ ခရစၥတီယာႏိုေရာ္နယ္ဒို
ခရစၥတီယာႏိုေရာ္နယ္ဒိုရဲ႕ Al Nassr ကစားသမားဘဝအစက ဂိုးေပါက္ေပ်ာက္႐ုံတင္မက ေျခက်င္းဝတ္ဒဏ္ရာပါ ရရွိၿပီး အနားယူရေတာ့မွာ ျဖစ္ကာ ထင္မွတ္ထားတာထက္ ဆိုး႐ြားသထက္ ဆိုး႐ြားလာေတာ့မွာလည္း ျဖစ္ပါတယ္။
ခရစၥတီယာႏိုေရာ္နယ္ဒိုဟာ ၾကားရက္တုန္းက Al-lttihad ကို Al Nassr တို႔ ၃-၁ ဂိုးျဖင့္ ရႈံးနိမ့္တဲ့ ေဆာ္ဒီစူပါဖလားဆီမီးဖိုင္နယ္ပြဲစဥ္တြင္ ပါဝင္ကစားခဲ့ပါတယ္။
ခရစၥတီယာႏိုေရာ္နယ္ဒိုဟာ ေဆာ္ဒီတြင္ ပထမဆုံးကစားတဲ့ပြဲျဖစ္တဲ့ ပီအက္စ္ဂ်ီႏွင့္ ေဆာ္ဒီေအာစတားေျခစမ္းပြဲစဥ္တြင္ ႏွစ္ဂိုးသြင္းကာ ပြဲစဥ္အလိုက္ အေကာင္းဆုံးကစားသမားဆုကို ဆြတ္ခူးႏိုင္ခဲ့ပါတယ္။
ဒါေပမဲ့ Al Nassr အတြက္ ႏွစ္ပြဲကစားရာမွာ တစ္ဂိုးမွ် သြင္းယူႏိုင္ျခင္း မရွိေသးတဲ့ ခရစၥတီယာႏိုေရာ္နယ္ဒိုရဲ႕ အေျခအေနက ပိုဆိုး႐ြားလာေတာ့မွာလည္း ျဖစ္ပါတယ္။
ခရစၥတီယာႏိုေရာ္နယ္ဒိုဟာ ေဆာ္ဒီစူပါဖလားဆီမီးဖိုင္နယ္ပြဲအၿပီးတြင္ ေထာ့နင္းေထာ့နင္းျဖင့္ ကြင္းအျပင္မွ ထြက္သြားခဲ့တာ ေတြ႕ရပါတယ္။ သူဟာ ယင္းပြဲရဲ႕ဒုတိယပိုင္းတြင္ ဟမ္ဒန္အယ္ရွာမရာနီရဲ႕ၾကမ္းတမ္းစြာ ဖ်က္ထုတ္ျခင္းခံရကာ ေျခက်င္းဝတ္ဒဏ္ရာရရွိခဲ့ေၾကာင္း သိရပါတယ္။
ခရစၥတီယာႏိုေရာ္နယ္ဒိုဟာ ယင္းပြဲစဥ္ရဲ႕ပထမပိုင္းတြင္ ဂိုးသြင္းႏိုင္မဲ့ အပိုင္အခြင့္အေရးရရွိခဲ့ေပမဲ့လည္း ျဖဳန္းတီးမႈေၾကာင့္ ပြဲအၿပီးတြင္ နည္းျပ႐ူဒီဂါစီယာရဲ႕သတင္းစာရွင္းလင္းပြဲတြင္ ေဝဖန္ေျပာၾကားမႈခံခဲ့ရသူလည္း ျဖစ္ပါတယ္။
ဒါ့အျပင္ ခရစၥတီယာႏိုေရာ္နယ္ဒိုဟာ ပြဲအၿပီးတြင္ ၿပိဳင္ဘက္ပရိသတ္မ်ားရဲ႕ ‘မက္ဆီ၊မက္ဆီ၊ မက္ဆီ’ဆိုၿပီး သံၿပိဳင္ေအာ္ဟစ္ေလွာင္ေျပာင္ျခင္းခံခဲ့ရပါေသးတယ္။