
ခရစ္စတီယာနိုရော်နယ်ဒိုဟာ Al Nassr အတွက်ဟက်ထရစ်ဂိုးထပ်မံသွင်းယူပြီးရွှေဖိနပ်ဆုအတွက်ပြိုင်ဆိုင်မှုတွင်ပါဝင်လာခဲ့ပါတယ်။
အသက်၃၈နှစ်ရှိခရစ္စတီယာနိုရော်နယ်ဒိုဟာဆော်ဒီပရိုလိဂ်တွင်အံဝင်အောင်ကစားရန်ပွဲအနည်းငယ်သာအချိန်ယူခဲ့ရပြီးယခုအခါဂိုးပုံမှန်သွင်းနေပြီဖြစ်ပါတယ်။
ခရစ္စတီယာနိုရော်နယ်ဒိုဟာမနေ့ညတုန်းက Al Nassr အတွက်ဟက်ထရစ်သွင်းယူနိုင်ခဲ့ပြီးနောက်နောက်ဆုံး၄ပွဲတွင်၈ဂိုးသွင်းယူထားနိုင်လာခဲ့ပါတယ်။
ခရစ္စတီယာနိုရော်နယ်ဒိုဟာမနေ့ညတုန်းက Damac ကို၃-၀ဂိုးဖြင့်အနိုင်ရတဲ့ပွဲမှာAl Nassr ရဲ့ဂိုး၃ဂိုးလုံးကိုပထမပိုင်းမှာပင်သွင်းယူခဲ့တာဖြစ်ပါတယ်။
သူဟာပထမဂိုးကိုပွဲချိန်၁၈မိနစ်မှာပင်နယ်တီကနေတဆင့်သွင်းယူခဲ့တာဖြစ်ပြီးယင်းနောက်၅မိနစ်အကြာတွင်ဘယ်ခြေဖြင့်ဧရိယာအစပ်နားကနေသွင်းယူခဲ့တာဖြစ်ပါတယ်။
သူဟာပထမပိုင်းပြီးခါနီး၄၄မိနစ်မှာတန်ပြန်တိုက်စစ်ကနေသူ့ရဲ့ဟက်ထရစ်ဂိုးကိုသွင်းယူနိုင်ခဲ့ပါတယ်။
ခရစ္စတီယာနိုရော်နယ်ဒိုဟာယခုလအစောပိုင်းတုန်းကAl-Wehda နှင့်ပွဲစဉ်တွင်လည်း၄ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။
သူဟာယခုအခါAl Nassr အတွက်၈ဂိုးသွင်းယူထားနိုင်မှုနှင့်အတူဆော်ဒီပရိုလိဂ်ရဲ့စတုတ္ထဂိုးအများဆုံးသွင်းယူသူအဖြစ်ရပ်တည်နေပါတယ်။
ဆော်ဒီပရိုလိဂ်ရဲ့ဂိုးအများဆုံးသွင်းယူသူအဖြစ်ခရစ္စတီယာနိုရော်နယ်ဒိုရဲ့ Al Nassr ကစားဖော်တာလစ်ကာက၁၅ပွဲတွင်၁၃ဂိုးဖြင့်ရပ်တည်နေပါတယ်။ခရစ္စတီယာနိုရော်နယ်ဒိုကတော့၅ပွဲမှာ၈ဂိုးသွင်းထားတာဖြစ်ပါတယ်။
Al Nassr ဟာ၁၈ပွဲကစားပြီးချိန်မှာAl-lttihad ကို၂မှတ်ဖြတ်ပြီးဆော်ဒီပရိုလိဂ်ကိုဦးဆောင်နေပါတယ်။
ZawGyi
Al Nassr အတြက္ ေနာက္ထပ္ ဟက္ထရစ္ ထပ္သြင္းၿပီး ေ႐ႊဖိနပ္ဆုအတြက္ ယွဥ္ၿပိဳင္လာတဲ့ ခရစၥတီယာႏိုေရာ္နယ္ဒို
ခရစၥတီယာႏိုေရာ္နယ္ဒိုဟာ Al Nassr အတြက္ဟက္ထရစ္ဂိုးထပ္မံသြင္းယူၿပီးေ႐ႊဖိနပ္ဆုအတြက္ၿပိဳင္ဆိုင္မႈတြင္ပါဝင္လာခဲ့ပါတယ္။
အသက္၃၈ႏွစ္ရွိခရစၥတီယာႏိုေရာ္နယ္ဒိုဟာေဆာ္ဒီပ႐ိုလိဂ္တြင္အံဝင္ေအာင္ကစားရန္ပြဲအနည္းငယ္သာအခ်ိန္ယူခဲ့ရၿပီးယခုအခါဂိုးပုံမွန္သြင္းေနၿပီျဖစ္ပါတယ္။
ခရစၥတီယာႏိုေရာ္နယ္ဒိုဟာမေန႔ညတုန္းက Al Nassr အတြက္ဟက္ထရစ္သြင္းယူႏိုင္ခဲ့ၿပီးေနာက္ေနာက္ဆုံး၄ပြဲတြင္၈ဂိုးသြင္းယူထားႏိုင္လာခဲ့ပါတယ္။
ခရစၥတီယာႏိုေရာ္နယ္ဒိုဟာမေန႔ညတုန္းက Damac ကို၃-၀ဂိုးျဖင့္အႏိုင္ရတဲ့ပြဲမွာAl Nassr ရဲ႕ဂိုး၃ဂိုးလုံးကိုပထမပိုင္းမွာပင္သြင္းယူခဲ့တာျဖစ္ပါတယ္။
သူဟာပထမဂိုးကိုပြဲခ်ိန္၁၈မိနစ္မွာပင္နယ္တီကေနတဆင့္သြင္းယူခဲ့တာျဖစ္ၿပီးယင္းေနာက္၅မိနစ္အၾကာတြင္ဘယ္ေျချဖင့္ဧရိယာအစပ္နားကေနသြင္းယူခဲ့တာျဖစ္ပါတယ္။
သူဟာပထမပိုင္းၿပီးခါနီး၄၄မိနစ္မွာတန္ျပန္တိုက္စစ္ကေနသူ႔ရဲ႕ဟက္ထရစ္ဂိုးကိုသြင္းယူႏိုင္ခဲ့ပါတယ္။
ခရစၥတီယာႏိုေရာ္နယ္ဒိုဟာယခုလအေစာပိုင္းတုန္းကAl-Wehda ႏွင့္ပြဲစဥ္တြင္လည္း၄ဂိုးသြင္းယူႏိုင္ခဲ့ပါတယ္။
သူဟာယခုအခါAl Nassr အတြက္၈ဂိုးသြင္းယူထားႏိုင္မႈႏွင့္အတူေဆာ္ဒီပ႐ိုလိဂ္ရဲ႕စတုတၳဂိုးအမ်ားဆုံးသြင္းယူသူအျဖစ္ရပ္တည္ေနပါတယ္။
ေဆာ္ဒီပ႐ိုလိဂ္ရဲ႕ဂိုးအမ်ားဆုံးသြင္းယူသူအျဖစ္ခရစၥတီယာႏိုေရာ္နယ္ဒိုရဲ႕ Al Nassr ကစားေဖာ္တာလစ္ကာက၁၅ပြဲတြင္၁၃ဂိုးျဖင့္ရပ္တည္ေနပါတယ္။ခရစၥတီယာႏိုေရာ္နယ္ဒိုကေတာ့၅ပြဲမွာ၈ဂိုးသြင္းထားတာျဖစ္ပါတယ္။
Al Nassr ဟာ၁၈ပြဲကစားၿပီးခ်ိန္မွာAl-lttihad ကို၂မွတ္ျဖတ္ၿပီးေဆာ္ဒီပ႐ိုလိဂ္ကိုဦးေဆာင္ေနပါတယ္။