Al Nassr အတွက် ပထမဆုံးဂိုးအဖြစ် နောက်ကျချေပသွင်းပြီး ကယ်တင်ခဲ့တဲ့ ခရစ္စတီယာနိုရော်နယ်ဒို

ခရစ္စတီယာနိုရော်နယ်ဒိုဟာ Al Fatch ကိုရှုံးနိမ့်လုနီးပါးအနေအထားမျိုးမှ Al Nassr အတွက်အဖိုးတန်ရမှတ်တစ်မှတ်ရယူပေးကာကယ်တင်လိုက်နိုင်ပါတယ်။

ပေါ်တူဂီစူပါစတားဟာအဝေးကွင်းတွင် Al Fatch နှင့်နှစ်ဂိုးစီသရေကျတဲ့ပွဲမှာနောက်ကျပင်နယ်တီမှတဆင့်ချေပဂိုးသွင်းယူပြီး Al Nassr အတွက်ပထမဆုံးဂိုးသွင်းယူလာတာလည်းဖြစ်ပါတယ်။

ရော်နယ်ဒိုဟာ Al Nassr သို့တစ်နှစ်လုပ်ခပေါင်၁၇၃သန်းဖြင့်ပြောင်းပြီးနောက်အားကစားသမိုင်းတွင်လုပ်ခအများဆုံးကစားသမားဖြစ်လာခဲ့ပါတယ်။

ဒါပေမဲ့အသက်၃၇နှစ်ရှိရော်နယ်ဒိုဟာအသင်းသစ် Al Nassr အတွက်ဂိုးသွင်းနိုင်ရေးအချိန်များစွာစောင့်ဆိုင်းနေခဲ့ရပါတယ်။

သူဟာပြီးခဲ့တဲ့လတုန်းကပီအက်စ်ဂျီနှင့်ခြေစမ်းပွဲတွင်၂ဂိုးသွင်းနိုင်ခဲ့ပေမဲ့လည်း Al Nassr အတွက်ပထမဆုံးနှစ်ပွဲမှာဂိုးသွင်းနိုင်ခဲ့ခြင်းမရှိဘဲ ဆော်ဒီစူပါဖလားဆီမီးဖိုင်နယ်အဆင့်ကပါထွက်ခဲ့ရပါတယ်။

ဒါပေမဲ့ရော်နယ်ဒိုဟာAl Fatch နှင့်ပွဲစဉ်ပွဲပြီးခါနီးအချိန်မှာပင်နယ်တီမှတဆင့်ချေပဂိုးသွင်းယူပြီးAl Nassr ကိုအမှတ်ပေးဇယားထိပ်ဆုံးနေရာသို့ပြန်လည်ရောက်ရှိအောင်ကယ်တင်နိုင်ခဲ့ပါတယ်။

ခရစ္စတီယာနိုရော်နယ်ဒိုဟာ Al Fatch နှင့်ပွဲမှာပင်နယ်တီမှချေပဂိုးသွင်းခဲ့တယ်ဆိုပေမဲ့ယင်းပွဲအစောပိုင်းမှာအပိုင်အခွင့်အရေး၂ကြိမ်ကိုဖြုန်းတီးခဲ့ပါတယ်။

Zawgyi

Al Nassr အတြက္ ပထမဆုံးဂိုးအျဖစ္ ေနာက္က်ေခ်ပသြင္းၿပီး ကယ္တင္ခဲ့တဲ့ ခရစၥတီယာႏိုေရာ္နယ္ဒို

ခရစၥတီယာႏိုေရာ္နယ္ဒိုဟာ Al Fatch ကိုရႈံးနိမ့္လုနီးပါးအေနအထားမ်ိဳးမွ Al Nassr အတြက္အဖိုးတန္ရမွတ္တစ္မွတ္ရယူေပးကာကယ္တင္လိုက္ႏိုင္ပါတယ္။

ေပၚတူဂီစူပါစတားဟာအေဝးကြင္းတြင္ Al Fatch ႏွင့္ႏွစ္ဂိုးစီသေရက်တဲ့ပြဲမွာေနာက္က်ပင္နယ္တီမွတဆင့္ေခ်ပဂိုးသြင္းယူၿပီး Al Nassr အတြက္ပထမဆုံးဂိုးသြင္းယူလာတာလည္းျဖစ္ပါတယ္။

ေရာ္နယ္ဒိုဟာ Al Nassr သို႔တစ္ႏွစ္လုပ္ခေပါင္၁၇၃သန္းျဖင့္ေျပာင္းၿပီးေနာက္အားကစားသမိုင္းတြင္လုပ္ခအမ်ားဆုံးကစားသမားျဖစ္လာခဲ့ပါတယ္။

ဒါေပမဲ့အသက္၃၇ႏွစ္ရွိေရာ္နယ္ဒိုဟာအသင္းသစ္ Al Nassr အတြက္ဂိုးသြင္းႏိုင္ေရးအခ်ိန္မ်ားစြာေစာင့္ဆိုင္းေနခဲ့ရပါတယ္။

သူဟာၿပီးခဲ့တဲ့လတုန္းကပီအက္စ္ဂ်ီႏွင့္ေျခစမ္းပြဲတြင္၂ဂိုးသြင္းႏိုင္ခဲ့ေပမဲ့လည္း Al Nassr အတြက္ပထမဆုံးႏွစ္ပြဲမွာဂိုးသြင္းႏိုင္ခဲ့ျခင္းမရွိဘဲ ေဆာ္ဒီစူပါဖလားဆီမီးဖိုင္နယ္အဆင့္ကပါထြက္ခဲ့ရပါတယ္။

ဒါေပမဲ့ေရာ္နယ္ဒိုဟာAl Fatch ႏွင့္ပြဲစဥ္ပြဲၿပီးခါနီးအခ်ိန္မွာပင္နယ္တီမွတဆင့္ေခ်ပဂိုးသြင္းယူၿပီးAl Nassr ကိုအမွတ္ေပးဇယားထိပ္ဆုံးေနရာသို႔ျပန္လည္ေရာက္ရွိေအာင္ကယ္တင္ႏိုင္ခဲ့ပါတယ္။

ခရစၥတီယာႏိုေရာ္နယ္ဒိုဟာ Al Fatch ႏွင့္ပြဲမွာပင္နယ္တီမွေခ်ပဂိုးသြင္းခဲ့တယ္ဆိုေပမဲ့ယင္းပြဲအေစာပိုင္းမွာအပိုင္အခြင့္အေရး၂ႀကိမ္ကိုျဖဳန္းတီးခဲ့ပါတယ္။