”တော်ဝင်သွေး ရဲရဲမတောက်တော့ဘူး”

စနေည စပိန်လာလီဂါ ပွဲစဉ်-၂၀ ပွဲကြိုသုံးသပ်ချက်

အလာဗက်စ် နှင့် ရီးရဲလ် (ည ၂:၃၀)(သတိုး- မှော်ဘီ)

ပြိုင်ပွဲစုံနောက်ဆုံး ၅ပွဲမှာနိုင်ပွဲတစ်ပွဲသာရရှိထားတဲ့ ရီးရဲလ်ရဲ့လက်ရှိအနေအထားကယိုယွင်းတယ်လို့ဆိုနိုင်ပြီး စိတ်ဓာတ်နဲ့ယုံကြည်မှုလည်းကျဆင်းနေမှာပါ။နောက်ဆုံးပွဲမှာအယ်ကိုယာနိုလိုအသင်းမျိုးကိုရှုံးပြီးဘုရင့်ဖလားကနေထွက်လိုက်ရလို့ ရီးရဲလ်ရဲ့အခြေအနေကဘယ်လိုမှကိုစိတ်ချချင်စရာမကောင်းလှဘူး။

အလာဗက်စ်ကတော့လတ်တလောရှုံးပွဲတွေများနေပေမယ့်အိမ်ကွင်းဆိုရင်ခံကန်အားမဆိုးဘဲတိုက်စစ်ကလည်းသူတင်ကိုယ်တိုင်ပြန်လည်ဒုက္ခပေးနိုင်တဲ့ ခြေစွမ်းမျိုးရှိထားတယ်။ရီးရဲလ် ၂ဂိုးပြတ်နိုင်ဖို့ လုံးဝမဖြစ်နိုင်ဘူး။ တော်ဝင်သွေးရဲရဲမတောက်တော့ပါဘူး။

zawgyi




