အမည်ပြောင်းလဲရန် နယူးဇီလန်လက်ရွေးစင်အသင်းစဉ်းစားနေ

နယူးဇီလန်ဘောလုံးအဖွဲ့ချုပ်ဟာဆွစ်ဇာလန်အသင်းရဲ့လက်ရွေးစင်အသင်းအမည်ပြောင်မှာ All Whites ဖြစ်နေမှုကအသားအရောင်ခွဲခြားတဲ့သဘောမျိုးဖြစ်နေမည်ကိုစိုးရိမ်ကာအမည်ပြောင်ပြောင်းလဲရန်စဉ်းစားနေပါတယ်။

နယူးဇီလန်ဘောလုံးအဖွဲ့ချုပ်ဟာလက်ရှိအသုံးပြုနေတဲ့ နယူးဇီလန်လက်ရွေးစင်အသင်းရဲ့အမည်ပြောင်ဖြစ်တဲ့ All Whites ဆိုတဲ့အမည်နှင့်ပတ်သက်ပြီး လူမည်းများအားထိခိုက်မှုရှိမရှိလေ့လာဆန်းစစ်မှုများစွာပြုလုပ်သွားပါမယ်။

နယူးဇီလန်အသင်းဟာ All Whites ဆိုတဲ့အမည်ပြောင်ကိုသုံးနေတာဖြစ်ပြီး ယင်းအမည်မှာ အသင်းရဲ့ဝတ်စုံအဖြူကိုရည်ညွန်းတာဖြစ်ပါတယ်။

တစ်ဖက်တွင်နယူးဇီလန်ရက်ဘီအသင်းရဲ့အမည်ကို All Blacks လို့ခေါ်ဝေါ်နေမှုရှိနေပြန်ပါတယ်။

ဒါကြောင့်လည်းနယူးဇီလန်လက်ရွေးစင်ဟောင်းများနှင့်ပရိသတ်များက All Whites အမည်ကိုပြောင်းလဲရန်လုပ်ဆောင်မှုကလက်မခံစရာမရှိကြောင်းဆိုနေကြပါတယ်။

နယူးဇီလန်ဂန္ထဝင်တိုက်စစ်မှူးကိုနီဗိုင်းက “ကျွန်တော်ကအစဉ်အလာကိုကြိုက်တဲ့သူပါ။နှစ်ပေါင်းများစွာကစားခဲ့တယ်။အခုလိုအမည်ပြောင်းချင်တာကြားတော့အံ့ဩရတယ်။ဒီတော့ All Blacks ဆိုတဲ့အမည်ကိုကောပြောင်းမှာလား။ဘာလို့ပြောင်းဖို့လိုတာလဲ။နှစ်ပေါင်းများစွာသုံးလာခဲ့တာပါ။ဒါကသမိုင်းကိုပြောနေတာပါ။နယူးဇီလန်ဘောလုံးအသင်းက All Whites ပဲအမြဲဖြစ်သင့်ပါတယ်”လို့ပြောကြားခဲ့ပါတယ်။

နယူးဇီလန်အသင်းဟာ၁၉၈၂ကမ္ဘာ့ဖလားတွင်စတင်ပါဝင်ပြီးနောက် All Whites ဆိုတဲ့အမည်ကိုသုံးလာခဲ့ပါတယ်။

တစ်ဖက်တွင်အားကစားလောကတွင် Tall Blacks (ဘတ်စကက်ဘော)၊ White Ferns (အမျိုးသမီးခရစ်ကတ်အသင်း)၊ Black Sticks (ဟော်ကီအသင်း)တို့ရှိပါသေးတယ်။

အားကစားအစီအစဉ်တင်ဆက်သူဂျေဆင်ပိုင်းကနယူးဇီလန်အသင်းရဲ့ All Whites ဆိုတဲ့အမည်မှာပရိသတ်များကဝတ်စုံအဖြူကိုရည်ရွယ်ကာပေးထားခြင်းဖြစ်ကြောင်းပြောကြားကာပြောင်းလဲရန်မလိုကြောင်းဆိုထားပါတယ်။

ZawGyi

အမည္ေျပာင္းလဲရန္ နယူးဇီလန္လက္ေ႐ြးစင္အသင္းစဥ္းစားေန

နယူးဇီလန္ေဘာလုံးအဖြဲ႕ခ်ဳပ္ဟာဆြစ္ဇာလန္အသင္းရဲ႕လက္ေ႐ြးစင္အသင္းအမည္ေျပာင္မွာ All Whites ျဖစ္ေနမႈကအသားအေရာင္ခြဲျခားတဲ့သေဘာမ်ိဳးျဖစ္ေနမည္ကိုစိုးရိမ္ကာအမည္ေျပာင္ေျပာင္းလဲရန္စဥ္းစားေနပါတယ္။

နယူးဇီလန္ေဘာလုံးအဖြဲ႕ခ်ဳပ္ဟာလက္ရွိအသုံးျပဳေနတဲ့ နယူးဇီလန္လက္ေ႐ြးစင္အသင္းရဲ႕အမည္ေျပာင္ျဖစ္တဲ့ All Whites ဆိုတဲ့အမည္ႏွင့္ပတ္သက္ၿပီး လူမည္းမ်ားအားထိခိုက္မႈရွိမရွိေလ့လာဆန္းစစ္မႈမ်ားစြာျပဳလုပ္သြားပါမယ္။

နယူးဇီလန္အသင္းဟာ All Whites ဆိုတဲ့အမည္ေျပာင္ကိုသုံးေနတာျဖစ္ၿပီး ယင္းအမည္မွာ အသင္းရဲ႕ဝတ္စုံအျဖဴကိုရည္ၫြန္းတာျဖစ္ပါတယ္။

တစ္ဖက္တြင္နယူးဇီလန္ရက္ဘီအသင္းရဲ႕အမည္ကို All Blacks လို႔ေခၚေဝၚေနမႈရွိေနျပန္ပါတယ္။

ဒါေၾကာင့္လည္းနယူးဇီလန္လက္ေ႐ြးစင္ေဟာင္းမ်ားႏွင့္ပရိသတ္မ်ားက All Whites အမည္ကိုေျပာင္းလဲရန္လုပ္ေဆာင္မႈကလက္မခံစရာမရွိေၾကာင္းဆိုေနၾကပါတယ္။

နယူးဇီလန္ဂႏၴဝင္တိုက္စစ္မႉးကိုနီဗိုင္းက “ကြၽန္ေတာ္ကအစဥ္အလာကိုႀကိဳက္တဲ့သူပါ။ႏွစ္ေပါင္းမ်ားစြာကစားခဲ့တယ္။အခုလိုအမည္ေျပာင္းခ်င္တာၾကားေတာ့အံ့ဩရတယ္။ဒီေတာ့ All Blacks ဆိုတဲ့အမည္ကိုေကာေျပာင္းမွာလား။ဘာလို႔ေျပာင္းဖို႔လိုတာလဲ။ႏွစ္ေပါင္းမ်ားစြာသုံးလာခဲ့တာပါ။ဒါကသမိုင္းကိုေျပာေနတာပါ။နယူးဇီလန္ေဘာလုံးအသင္းက All Whites ပဲအၿမဲျဖစ္သင့္ပါတယ္”လို႔ေျပာၾကားခဲ့ပါတယ္။

နယူးဇီလန္အသင္းဟာ၁၉၈၂ကမာၻ႔ဖလားတြင္စတင္ပါဝင္ၿပီးေနာက္ All Whites ဆိုတဲ့အမည္ကိုသုံးလာခဲ့ပါတယ္။

တစ္ဖက္တြင္အားကစားေလာကတြင္ Tall Blacks (ဘတ္စကက္ေဘာ)၊ White Ferns (အမ်ိဳးသမီးခရစ္ကတ္အသင္း)၊ Black Sticks (ေဟာ္ကီအသင္း)တို႔ရွိပါေသးတယ္။

အားကစားအစီအစဥ္တင္ဆက္သူေဂ်ဆင္ပိုင္းကဆြစ္ဇာလန္အသင္းရဲ႕ All Whites ဆိုတဲ့အမည္မွာပရိသတ္မ်ားကဝတ္စုံအျဖဴကိုရည္႐ြယ္ကာေပးထားျခင္းျဖစ္ေၾကာင္းေျပာၾကားကာေျပာင္းလဲရန္မလိုေၾကာင္းဆိုထားပါတယ္။