အောင်ပွဲနဲ့အတူလှမ်းလာမယ့် ချန်ပီယံတို့ကို ကြိုဆိုရအောင်

တနင်္ဂနွေည ပြင်သစ်လီဂူး ပွဲစဉ်-၃၈ ပွဲကြိုသုံးသပ်ချက်

အန်းဂါးစ် နှင့် လိုင်လီ (ည ၁း၃၀)(ဖိုးရာဇာ)

နှစ်သင်းကြားခြေစွမ်းကကွာခြားလွန်းတယ်။ ရှုံးပွဲတွေဆက်နေတဲ့အန်းဂါးစ်ဟာတန်းတင်ပြီးသားမို့ အမှတ်မလိုအပ်တော့ပါဘူး။လိုင်လီကတော့ ချန်ပီယံဆုအတွက် ပီအက်စ်ဂျီနဲ့အပြိုင်ဖြစ်နေဆဲမို့ အခုပွဲကို မဖြစ်မနေအနိုင်ယူမှရမှာပါ။

ဒါကြောင့်ပွဲစတယ်ဆိုကတည်းကလိုင်လီအမှားမခံဘဲအနိုင်ရရှိအောင်အစွမ်းကုန်တိုက်စစ်ဆင်လာလိမ့်မယ်။ဒါကြောင့်လည်းဖွင့်လှစ်မှုက ၁-၈၀အထိ ပြင်းရှနေရတာပါ။

ချန်ပီယံမဖြစ်မှာစိုးလို့လိုင်လီဂိုးတွေတစ်ဒိုင်းဒိုင်းသွင်းပြီး ပြတ်ပြတ်သားသာအနိုင်ယူမယ်လို့ပြောရဲတယ်။အောင်ပွဲနဲ့အတူလှမ်းလာမယ့်ချန်ပီယံတို့ကို လက်ခုပ်တီးကြိုဆိုကြရအောင်ပါ။

zawgyi




