”အနိမ့်ဆုံး သရေကစားနိုင်စွမ်းရှိလို့”

ကြာသပတေးည ပြင်သစ်အက်ဖ်အေဖလား ၃၂သင်းအဆင့် ပွဲကြိုသုံးသပ်ချက်

အန်းဂါးစ် နှင့် ရန်းနက်စ် (ည ၂:၃၀)(ဖိုးရာဇာ)

လီဂူး ၁အသင်းနှစ်သင်းထိပ်တိုက်ရင်ဆိုင်တွေ့ဆုံမှုဖြစ်ပါတယ်။ပြိုင်ပွဲစုံနောက်ဆုံး ၆ပွဲမှာနိုင်ပွဲတစ်ပွဲသာရရှိထားတဲ့အန်းဂါးစ်ရဲ့ခြေစွမ်းကစိတ်ပျက်စရာ ကောင်းလွန်းလှပါတယ်။

ကွင်းလယ်အားပျော့မှု၊ ခံစစ်ယိုယွင်းမှုတို့ ဖြစ်နေတာကြောင့်အန်းဂါးစ်ရဲ့ရလဒ်တွေကမတည်ငြိမ်ဖြစ်နေရတာပါ။ရန်းနက်စ်ကတော့သူတို့ရဲ့ပြိုင်ပွဲစုံနောက်ဆုံး ၁၀ပွဲမှာအရှုံးဆိုလို့တစ်ပွဲသာရင်ဆိုင်ထားခဲ့ရတဲ့အသင်းပါ။

ဒါကြောင့် ရန်းနက်စ်ရဲ့လက်ရှိခြေစွမ်း၊ စိတ်ဓာတ်ပိုင်းနဲ့ ယုံကြည်မှုကအန်းဂါးစ်ထက်သာလွန်မှုရှိတယ်ဆိုရမယ်။ညီမျှတဲ့ဖွင့်လှစ်မှုမှာရန်းနက်စ်ကိုကြိုက်တယ်။ အနိမ့်ဆုံးသရေကစားနိုင်စွမ်းရှိလို့ပါ။

zawgyi




