
အင်္ဂါည ၂၀၂၂ ကမ္ဘာ့ဖလား အုပ်စုအဆင့် ပွဲကြိုသုံးသပ်ချက်
နယ်သာလန် နှင့် ကာတာ(ည ၉း၃၀)(မော်ကွန်း)
နယ်သာလန်ကမရှုံးတာနဲ့ နောက်တစ်ဆင့်သေချာမှာဖြစ်ပြီးအိမ်ရှင်ကာတာကတော့ဘာမျှော်လင့်ချက်မှ မရှိတော့ပါဘူး။ဗန်ဂေါလ်ရဲ့အသင်းဟာမရှုံးဖို့ဆိုတာထက်အုပ်စုဗိုလ်နေရာအတွက်ပိုပြီးပြင်ဆင်လာမှာပါ။ဒီတော့အုပ်စုဗိုလ်ဖြစ်ချင်တယ်ဆိုရင်ကာတာကိုရသလောက်သွင်းထားဖို့လိုပါတယ်။
အိမ်ရှင်ကာတာဟာဒီနှစ်ကမ္ဘာ့ဖလားမှာပြိုင်ပွဲကအစောဆုံးထွက်ရတဲ့အသင်းဖြစ်သလိုသူတို့ခြေစွမ်းကလည်းအိမ်ဖြည့်ဆိုတာထက်မပိုခဲ့ပါဘူး။ရှေ့နှစ်ပွဲမှာဆီနီဂေါနဲ့အီကွေဒေါတို့ကိုအနိမ့်ဆုံး ၂ ဂိုးပြတ်နဲ့ရှုံးခဲ့တဲ့ကာတာဟာဒီကမ္ဘာ့ဖလားရဲ့အညံ့ဆုံးအသင်းလည်းဖြစ်နေပါတယ်။ဂက်ပိုတို့တိုက်စစ်ရဲ့သွင်းဂိုးတွေကိုရေတွက်ရမယ်။
zawgyi
နောက်ဆုံးပိတ် ဂိုးတွေအိတ်နဲ့လွယ်မယ့် နယ်သာလန်နဲ့အင်္ဂလန်