အဖွင့်အရှုံးကနေ အမြန်ဆုံးပြန်ရုန်းထမယ့် မက်ဆီတို့ရဲ့အာဂျင်တိုင်း

စနေည ၂၀၂၂ ကမ္ဘာ့ဖလား အုပ်စုအဆင့် ပွဲကြိုသုံးသပ်ချက်

အာဂျင်တီးနား နှင့် မက္ကဆီကို(ည ၁း၃၀)(မော်ကွန်း)

အုပ်စုအဖွင့်မှာလုံး၀မမျှော်လင့်ထားတဲ့ရလဒ်နဲ့ကြုံခဲ့ရတဲ့အာဂျင်တီနားဟာလက်ကျန် ၂ ပွဲစလုံးအခြေအနေကောင်းမှသာ ၁၆ သင်းအဆင့်ကိုတက်နိုင်မှာပါ။အဲဒီအတွက်မက်ဆီတို့အသင်းအပေါ်မှာဖိအားပိုရှိနေပါတယ်။မက္ကဆီကိုကတော့ပိုလန်နဲ့အုပ်စုအဖွင့်မှာလီ၀န်ဒေါစကီးရဲ့ပင်နယ်တီကို ကာကွယ်နိုင်ခဲ့တဲ့ဂိုးသမားအိုချိုအာကိုကျေးဇူးတင်ရမှာပါ။

လိုဇာနိုနဲ့ ဂျီမီနက်ဇ်တို့ရှိနေပေမယ့်မက္ကဆီကိုတိုက်စစ်ကအားရစရာတော့မရှိဘဲကမ္ဘာ့ဖလားမှာနောက်ဆုံး ၃ ပွဲဆက်ဂိုးပေါက်ပျောက်ခဲ့ပါတယ်။အာဂျင် တီးနားကတော့မက္ကဆီကိုနဲ့နောက်ဆုံးတွေ့ဆုံမှု ၇ ပွဲမှာ ၆ ပွဲနိုင်ခဲ့တဲ့တွေ့ဆုံမှုအစဉ်အလာကောင်းရှိထားတာပါ။မိုးထဲရေထဲရောက်နေပေမယ့်မက်ဆီတို့မှာအမြန်ဆုံးပြန်ရုန်းထနိုင်စွမ်းရှိပါတယ်။

zawgyi

အဖြင့္အရႈံးကေန အျမန္ဆုံးျပန္႐ုန္းထမယ့္ မက္ဆီတို႔ရဲ႕အာဂ်င္တိုင္း

စေနည ၂၀၂၂ ကမာၻ႔ဖလား အုပ္စုအဆင့္ ပြဲႀကိဳသုံးသပ္ခ်က္

အာဂ်င္တီးနား ႏွင့္ မကၠဆီကို(ည ၁း၃၀)(ေမာ္ကြန္း)

အုပ္စုအဖြင့္မွာ လုံး၀မေမွ်ာ္လင့္ထားတဲ့ရလဒ္နဲ႔ႀကဳံခဲ့ရတဲ့ အာဂ်င္တီနားဟာ လက္က်န္ ၂ ပြဲစလုံး အေျခအေနေကာင္းမွသာ ၁၆ သင္းအဆင့္ကို တက္ႏိုင္မွာပါ။အဲဒီအတြက္ မက္ဆီတို႔အသင္းအေပၚမွာ ဖိအားပိုရွိေနပါတယ္။မကၠဆီကိုကေတာ့ ပိုလန္နဲ႔အုပ္စုအဖြင့္မွာ လီ၀န္ေဒါစကီးရဲ႕ပင္နယ္တီကို ကာကြယ္ႏိုင္ခဲ့တဲ့ ဂိုးသမားအိုခ်ိဳအာကို ေက်းဇူးတင္ရမွာပါ။

လိုဇာႏိုနဲ႔ ဂ်ီမီနက္ဇ္တို႔ရွိေနေပမယ့္ မကၠဆီကိုတိုက္စစ္က အားရစရာေတာ့ မရွိဘဲ ကမာၻ႔ဖလားမွာ ေနာက္ဆုံး ၃ ပြဲဆက္ ဂိုးေပါက္ေပ်ာက္ခဲ့ပါတယ္။အာဂ်င္တီးနားကေတာ့ မကၠဆီကိုနဲ႔ေနာက္ဆုံးေတြ႕ဆုံမႈ ၇ ပြဲမွာ ၆ ပြဲႏိုင္ခဲ့တဲ့ ေတြ႕ဆုံမႈအစဥ္အလာေကာင္းရွိထားတာပါ။မိုးထဲေရထဲေရာက္ေနေပမယ့္ မက္ဆီတုိ႔မွာ အျမန္ဆုံးျပန္႐ုန္းထႏိုင္စြမ္းရွိပါတယ္။