ထိပ်တန်းကစားသမားများကို အာဆင်နယ်ခေါ်ယူနိုင်ဆဲဖြစ်ကြောင်းအာတီတာပြောကြား

မီခေးလ်အာတီတာကအာဆင်နယ်အသင်းမှာကမ္ဘာ့အဆင့်ထိပ်တန်းကစားသမားများကိုဆွဲဆောင်နိုင်ဆဲဖြစ်ကြောင်းပြောကြားလိုက်ပါတယ်။

အာဆင်နယ်ဟာပရီးမီးယားလိဂ်အမှတ်ပေးဇယားအဆင့်၉နေရာတွင်ရပ်တည်နေပြီးအမှတ်ပေးဇယားထိပ်ဆုံးလေးသင်းမှအသင်းနဲ့၁၂မှတ်ကွာဟလျက်ရှိပါတယ်။

အာတီတာဦးဆောင်တဲ့အာဆင်နယ်ဟာချန်ပီယံလိဂ်ဝင်ခွင့်သာမကယူရိုပါလိဂ်ဝင်ခွင့်ကိုပါဆုံးရှုံးရနိုင်တဲ့အနေအထားမှာရှိနေပါတယ်။

ဒါပေမယ့်အာတီတာကလာမယ့်နွေရာသီအပြောင်းအရွှေ့ဈေးကွက်တွင်ထိပ်တန်းကစားသမားများကိုခေါ်ယူနိုင်ဆဲဖြစ်ကြောင်းပြောကြားသွားပါတယ်။

အခြားတစ်ဖက်တွင်အာဆင်နယ်မှအဓိကကစားသမားများဖြစ်ကြတဲ့ဟက်တာဘယ်လီရန်၊ဒေးဗစ်လုဇ်၊ဘန်းလီနိုတို့အပါအဝင်အဓိကကစားသမားအချို့တို့မှာလည်းရာသီအကုန်တွင်ထွက်ခွာမယ့်အခြေအနေမျိုးမှာရှိနေပါတယ်။

အာဆင်နယ်ဟာလာမယ့်နွေရာသီအပြောင်းအရွှေ့ဈေးကွက်တွင်အာတီတာအားထိပ်တန်းကစားသမားလေးဦးအထိခေါ်ယူနိုင်ရေးအတွက်ပြောင်းရွှေ့ကြေးထောက်ပံ့မယ်လို့သတင်းထွက်နေပါတယ်။

အာတီတာက “ကျွန်တော်တို့ခေါ်ယူဖို့ဆက်သွယ်တဲ့ဘယ်ကစားသမားမှဒီကိုလာကစားဖို့ငြင်းဆိုခဲ့ဖူးတာမရှိပါဘူး။ကစားသမားတိုင်းကကျွန်တော်တို့ဆီသို့လာရောက်ကစားချင်နေကြပါတယ်”လို့ပြောကြားသွားပါတယ်။

ဒါ့အပြင်အာတီတာကအာဆင်နယ်မှာနွေရာသီအပြောင်းအရွှေ့ဈေးကွက်သို့စောစောစီးစီးဝင်ရောက်ကာကစားသမားသစ်ခေါ်ယူအားဖြည့်မှုပြုလုပ်သွားမှာဖြစ်ကြောင်းပြောကြားသွားပါတယ်။

zawgyi

ထိပ္တန္းကစားသမားမ်ားကို အာဆင္နယ္ေခၚယူႏိုင္ဆဲျဖစ္ေၾကာင္းအာတီတာေျပာၾကား

မီေခးလ္အာတီတာကအာဆင္နယ္အသင္းမွာကမာၻ႔အဆင့္ထိပ္တန္းကစားသမားမ်ားကိုဆြဲေဆာင္ႏိုင္ဆဲျဖစ္ေၾကာင္းေျပာၾကားလိုက္ပါတယ္။

အာဆင္နယ္ဟာပရီးမီးယားလိဂ္အမွတ္ေပးဇယားအဆင့္၉ေနရာတြင္ရပ္တည္ေနၿပီးအမွတ္ေပးဇယားထိပ္ဆုံးေလးသင္းမွအသင္းနဲ႔၁၂မွတ္ကြာဟလ်က္ရွိပါတယ္။

အာတီတာဦးေဆာင္တဲ့အာဆင္နယ္ဟာခ်န္ပီယံလိဂ္ဝင္ခြင့္သာမကယူ႐ိုပါလိဂ္ဝင္ခြင့္ကိုပါဆုံးရႈံးရႏိုင္တဲ့အေနအထားမွာရွိေနပါတယ္။

ဒါေပမယ့္အာတီတာကလာမယ့္ေႏြရာသီအေျပာင္းအေ႐ႊ႕ေဈးကြက္တြင္ထိပ္တန္းကစားသမားမ်ားကိုေခၚယူႏိုင္ဆဲျဖစ္ေၾကာင္းေျပာၾကားသြားပါတယ္။

အျခားတစ္ဖက္တြင္အာဆင္နယ္မွအဓိကကစားသမားမ်ားျဖစ္ၾကတဲ့ဟက္တာဘယ္လီရန္၊ေဒးဗစ္လုဇ္၊ဘန္းလီႏိုတို႔အပါအဝင္အဓိကကစားသမားအခ်ိဳ႕တို႔မွာလည္းရာသီအကုန္တြင္ထြက္ခြာမယ့္အေျခအေနမ်ိဳးမွာရွိေနပါတယ္။

အာဆင္နယ္ဟာလာမယ့္ေႏြရာသီအေျပာင္းအေ႐ႊ႕ေဈးကြက္တြင္အာတီတာအားထိပ္တန္းကစားသမားေလးဦးအထိေခၚယူႏိုင္ေရးအတြက္ေျပာင္းေ႐ႊ႕ေၾကးေထာက္ပံ့မယ္လို႔သတင္းထြက္ေနပါတယ္။

အာတီတာက “ကြၽန္ေတာ္တို႔ေခၚယူဖို႔ဆက္သြယ္တဲ့ဘယ္ကစားသမားမွဒီကိုလာကစားဖို႔ျငင္းဆိုခဲ့ဖူးတာမရွိပါဘူး။ကစားသမားတိုင္းကကြၽန္ေတာ္တို႔ဆီသို႔လာေရာက္ကစားခ်င္ေနၾကပါတယ္”လို႔ေျပာၾကားသြားပါတယ္။

ဒါ့အျပင္အာတီတာကအာဆင္နယ္မွာေႏြရာသီအေျပာင္းအေ႐ႊ႕ေဈးကြက္သို႔ေစာေစာစီးစီးဝင္ေရာက္ကာကစားသမားသစ္ေခၚယူအားျဖည့္မႈျပဳလုပ္သြားမွာျဖစ္ေၾကာင္းေျပာၾကားသြားပါတယ္။