အာဆင်နယ်ကို ၄-၂ ဖြင့် ရှုံးနိမ့်ပြီးနောက် မာတီနက်ဇ်ရဲ့စွမ်းဆောင်ရည်ကို ဗီလာနည်းပြအမ်မရီဝေဖန်လာ

ဗီလာနည်းပြအူနိုင်းအမ်မရီဟာဂါဘရီရယ်မာတင်နယ်လီရဲ့အာဆင်နယ်အတွက်အနိုင်ဂိုးတွင်ပါဝင်မှုအတွက်ဂိုးသမားအီမီလီယာနိုမာတီနက်ဇ်ကိုဝေဖန်မှုပြုလုပ်လာပါတယ်။

အာဂျင်တီးနားဂိုးသမားဟာအချိန်ပိုတွင်၃-၂ဂိုးဖြင့်ရှုံးနိမ့်နေချိန်မှာထောင့်ကန်ဘောအတွက်ရှေ့တန်းသို့တက်ခဲ့ပါတယ်။

ဒါပေမဲ့ချက်ချင်းဆိုသလိုအာဆင်နယ်ဟာတန်ပြန်တိုက်စစ်ဆင်နိုင်ခဲ့ပြီးဘရာဇီးတောင်ပံစတားမာတီနယ်လီမှာအကာအကွယ်မဲ့နေတဲ့ဂိုးပေါက်ထဲသို့အ သာအယာကန်သွင်းကာအာဆင်နယ်အတွက်အနိုင်သေချာစေမဲ့စတုတ္ထဂိုးသွင်းယူခဲ့ပါတယ်။

ပွဲအပြီးတွင်အမ်မရီက “ကျွန်တော်တို့ရဲ့ပွဲအစီအစဉ်ကရှိပြီးသားပါ။အရည်အသွေးကိုပဲဦးစားပေးတယ်။ကွင်းထဲမှာတော့သူတို့ကိုယ်တိုင်ပဲဆုံးဖြတ်ရပါတယ်။ထောင့်ကန်ဘောတိုက်စစ်ဆင်မှုအတွက်သူရှေ့တက်ဖို့ဆုံးဖြတ်ခဲ့တယ်။ဒါပေမဲ့ကျွန်တော်မကြိုက်ပါဘူး။သူ့ကိုလည်းမပြောခဲ့ပါဘူး။နောက်လည်းပြောမှာမဟုတ်ပါဘူး။ကျွန်တော့်နည်းပြဘဝမှာဘယ်တုန်းကမှဂိုးသမားကိုဒီလိုလုပ်ဖို့ပြောမှာမဟုတ်ပါဘူး။မှတ်တမ်းအချက်အလက်တွေအရဒီလိုက စားတတ်တဲ့အသင်းနဲ့ရင်ဆိုင်ရတဲ့အသင်းတွေကဂိုးပိုသွင်းယူနိုင်တာတွေ့ရတယ်။နောက်ပွဲတွေမှာသူသင်ခန်းစာယူနိုင်မှာပါ”လို့ပြောကြားသွားပါတယ်။

မာတီနက်ဇ်ဟာအသင်းဟောင်းအာဆင်နယ်နှင့်ပွဲတွင်အကောင်းဆုံးပုံစံမရခဲ့ပါဘူး။၂ဂိုးစီသရေကျနေချိန်တွင်အာဆင်နယ်ရဲ့ဂျော်ဂျင်ဟိုကန်လိုက်တဲ့ဘောလုံးမှာတိုင်ထိပြီးနောက်မာတီနက်ဇ်ရဲ့ခေါင်းကိုထိပြီးဂိုးထဲဝင်သွားလို့တတိယဂိုးပေးခဲ့ရပါသေးတယ်။

ZawGyi

အာဆင္နယ္ကို ၄-၂ ျဖင့္ ရႈံးနိမ့္ၿပီးေနာက္ မာတီနက္ဇ္ရဲ႕စြမ္းေဆာင္ရည္ကို ဗီလာနည္းျပအမ္မရီေဝဖန္လာ

ဗီလာနည္းျပအူႏိုင္းအမ္မရီဟာဂါဘရီရယ္မာတင္နယ္လီရဲ႕အာဆင္နယ္အတြက္အႏိုင္ဂိုးတြင္ပါဝင္မႈအတြက္ဂိုးသမားအီမီလီယာႏိုမာတီနက္ဇ္ကိုေဝဖန္မႈျပဳလုပ္လာပါတယ္။

အာဂ်င္တီးနားဂိုးသမားဟာအခ်ိန္ပိုတြင္၃-၂ဂိုးျဖင့္ရႈံးနိမ့္ေနခ်ိန္မွာေထာင့္ကန္ေဘာအတြက္ေရွ႕တန္းသို႔တက္ခဲ့ပါတယ္။

ဒါေပမဲ့ခ်က္ခ်င္းဆိုသလိုအာဆင္နယ္ဟာတန္ျပန္တိုက္စစ္ဆင္ႏိုင္ခဲ့ၿပီးဘရာဇီးေတာင္ပံစတားမာတီနယ္လီမွာအကာအကြယ္မဲ့ေနတဲ့ဂိုးေပါက္ထဲသို႔အသာအယာကန္သြင္းကာအာဆင္နယ္အတြက္အႏိုင္ေသခ်ာေစမဲ့စတုတၳဂိုးသြင္းယူခဲ့ပါတယ္။

ပြဲအၿပီးတြင္အမ္မရီက “ကြၽန္ေတာ္တို႔ရဲ႕ပြဲအစီအစဥ္ကရွိၿပီးသားပါ။အရည္အေသြးကိုပဲဦးစားေပးတယ္။ကြင္းထဲမွာေတာ့သူတို႔ကိုယ္တိုင္ပဲဆုံးျဖတ္ရပါတယ္။ေထာင့္ကန္ေဘာတိုက္စစ္ဆင္မႈအတြက္သူေရွ႕တက္ဖို႔ဆုံးျဖတ္ခဲ့တယ္။ဒါေပမဲ့ကြၽန္ေတာ္မႀကိဳက္ပါဘူး။သူ႔ကိုလည္းမေျပာခဲ့ပါဘူး။ေနာက္လည္းေျပာမွာမဟုတ္ပါဘူး။ကြၽန္ေတာ့္နည္းျပဘဝမွာဘယ္တုန္းကမွဂိုးသမားကိုဒီလိုလုပ္ဖို႔ေျပာမွာမဟုတ္ပါဘူး။မွတ္တမ္းအခ်က္အလက္ေတြအရဒီလိုကစားတတ္တဲ့အသင္းနဲ႔ရင္ဆိုင္ရတဲ့အသင္းေတြကဂိုးပိုသြင္းယူႏိုင္တာေတြ႕ရတယ္။ေနာက္ပြဲေတြမွာသူသင္ခန္းစာယူႏိုင္မွာပါ”လို႔ေျပာၾကားသြားပါတယ္။

မာတီနက္ဇ္ဟာအသင္းေဟာင္းအာဆင္နယ္ႏွင့္ပြဲတြင္အေကာင္းဆုံးပုံစံမရခဲ့ပါဘူး။၂ဂိုးစီသေရက်ေနခ်ိန္တြင္အာဆင္နယ္ရဲ႕ေဂ်ာ္ဂ်င္ဟိုကန္လိုက္တဲ့ေဘာလုံးမွာတိုင္ထိၿပီးေနာက္မာတီနက္ဇ္ရဲ႕ေခါင္းကိုထိၿပီးဂိုးထဲဝင္သြားလို႔တတိယဂိုးေပးခဲ့ရပါေသးတယ္။