Best Choice Fighter(5)Sunday

Best Choice Fighter(5)Sunday

Tipster Thiri Shinn Thant

F(4)Arsenal (-45,2-75) Vs Hot.Spurs

လန်ဒန်ဒါဘီပွဲစဉ်များထဲမှာမှအာဆင်နယ်နှင့်တော့တင်ဟမ်ဟော့စပါးတို့၏ပွဲစဉ်အားစာရေးသူအနေဖြင့်သုံးသပ်တင်ပြပေးသွားမည်ဖြစ်ပါသည်။မိမိရဲ့ကိုယ်ပိုင်ခံစားချက်အရတော့ချယ်ဆီးလ်အသင်း၏ဈေးကွက်နှင့်စပါးအသင်း၏နည်းပြနူနိုဆန်းတို့စ်တို့အားအမြင်မကြည်လင်သူတစ်ယောက်ဖြစ်ကြောင်းဝန်ခံရပါလိမ့်မည်။အဘယ့်ကြောင့်ဆိုသော်ချယ်ဆီးလ်အသင်းဟာတကယ်တမ်းကစားသင့်တဲ့နေရာမှာမကစားပဲ၊မလိုအပ်တဲ့နေရာတွေမှာဆိုရင်တော့ဂိုးပြတ်၊ခြေပြတ်တွေကစားတတ်တဲ့၊ကစားခဲ့တဲ့အခြေအနေတွေကြောင့်ထိုးသားတွေဟာရေလိုက်လွဲခဲ့ရသည့်အသင်းဖြစ်နေသလိုနူနိုဆန်းတိုစ့်ကြပြန်တော့ မော်ရင်ဟိုအထိုင်ချခဲ့သည့်တော့တင်ဟမ်အသင်းအားအသာလေးခူးဆွတ်နိုင်ခွင့်ရှိနေပါလျက်နှင့်အမျိုးမျိုးသောစမ်းသပ်သုံးစွဲမှု့တွေကြားမှာတော့ဟော့စပါးဟာနောက်ပိုင်းပွဲစဉ်တွေမှာအတော်လေးရုန်းကန်လာရတာကိုဝါသနာရှင်ညီအကို၊မောင်နှမတွေလည်းသတိပြုမိပါလိမ့်မည်။

ဈေးကွက်အရတော့အိမ်ရှင်ဟာအများဆုံးသွင်းနိုင်ခဲ့လျှင်(၁)ဂိုးထက်ပိုလာဖို့မရှိသလို (၀:၂)(၁:၃)ဖြင့်ဧည့်သည်ဟော့စပါးအသင်းကအနိုင်ယူသွားမည့်အ ခင်းအကျင်းလို့သာစာရေးသူကတော့သုံးသပ်ရပါလိမ့်မည်။ဒီလိုသုံးသပ်တွက်ချက်မှု့ဟာဈေးကွက်နှင့်မကိုက်ညီသလို Team Form အရတော့နောက် ဆုံး(၅)ပွဲမှာ(၁)ပွဲနိုင်(၂)ပွဲသရေ(၂)ပွဲကျရှုံးထားသည့်ဟော့စပါးအသင်း၏ခြေစွမ်းနှင့်လည်းဆန့်ကျင်ဘက်ဖြစ်နေပါလိမ့်မည်။

ဈေးကွက်နှင့်မကိုက်ညီဖူးဆိုသည့်အကြောင်းပြချက်ကတော့စာရေးသူအနေဖြင့်ကြေးကျောပေးထားသည့်အိမ်ရှင်ဘက်ကနေမခန့်မှန်းပါပဲ၊ဧည့်သည်အသင်းဘက်ကို(၂)ဂိုးပြတ်ဖြင့် အသာရမည်ဟုလွန်လွန်ကျူးကျူးရေးသားထားခြင်းကိုဆိုလိုပါသည်။နောက်တစ်ချက်ကအာဆင်နယ်ဟာ Team Form အရတော့နောက်ဆုံး(၅)ပွဲမှာ(၄)ပွဲနိုင်ပြီး(၁)ပွဲသာကျရှုံးထားပါသည်။အဆိုပါနိုင်ပွဲ(၄)ပွဲလုံးဟာ Clean Sheets တွေဖြစ်ခဲ့ပြီး၊ရှုံးပွဲ(၁)ပွဲကတော့မန်စီးတီးအသင်းအား(၅:၀)ဖြင့်ဂိုးအလှူပေးခဲ့ရခြင်းဖြစ်ကြောင်းဝါသနာရှင်တွေလည်းသတိပြုမိပါလိမ့်မည်။

နည်းပြ(၂)ဦး၏ အရည်အသွေးပိုင်းကိုနှိုင်းယှဉ်ကြည့်တဲ့အခါ နူနိုဆန်းတိုစ့်၏နည်းဗျူဟာ Testing ကာလဖြစ်နေဆဲကလွဲရင်မိုက်ကယ်အာတီတာ၏အပေါ် ၌အဘက်ဘက်ကနေပြီးသာလွန်နေကြောင်း Data တွေကထောက်ပြထားပါသည်။ဧည့်သည်အသင်းဟာလန်ဒန်ဒါဘီဖြစ်နေသလိုကစားကွက်မငြိမ်စေအုံးတော့ဆွန်ဟောင်မင်နှင့်ဟာရီကိန်းတို့လိုကစားသမားတွေရှိနေတာကြောင့်ဂိုးရရှိဖို့ရာအိမ်ရှင်အသင်းလောက်ရုန်းကန်ရမှာမဟုတ်ပါဘူး။

အင်္ဂလန်ယူ(၂၁)ကစားသမားအိုလီဗာစကစ်အစားဒိန်းမတ်လက်ရွေးစင်ဟော့ဂျက်ကိုသာဦးစားပေးလာခဲ့လျှင်ဧည့်သည်၏ကွင်းလယ်အထိုင်ဟာပိုမိုပြီးငြိမ်သက်လာပါလိမ့်မည်။အန်တွန်ဘီကလည်းကာရာဘောင်မှာအကောင်းဆုံးကစားသမားဖြစ်ခဲ့တဲ့အထိခြေစွမ်းပြခဲ့တာကြောင့်နူနိုဆန်းတိုစ့်အနေဖြင့်ရွေး ချယ်စရာတွေမှအများကြီးပါ။ဇကနှင့်အော်ဘာမီယန်းတို့လောက်သာအနားရထားသည့်အိမ်ရှင်ဟာကစားသမားတွေ၏ကြိုးစားမှု့အပိုင်းနှင့်နည်းပြအာတီတာ၏ ညံ့ဖျင်းလှသည့် ဦးဆောင်မှု့အောက်မှာတော့အမ်းမရိတ်ဟာကျရှုံးမည့်လက္ခဏာတစ်ရပ်ပါပဲ။

စာရေးသူကတော့ဝီဂန်(၀:၂)ဆန်းဒါးလန်း၊လီဗန်တေး(၀:၂)ဆယ်တာဗီဂို၊အိုဆာဆူနာ(၁:၃)ရီလ်ရဲလ်ဘက်တစ်တို့ ပွဲစဉ်များဟာအဆိုပါဘော်ဒီနှင့်ဂိုးပေါင်း Methods များအတိုင်းထုတ်နှုတ်အသုံးပြုခဲ့တာကြောင့်အမ်းမရိတ်၏ကောင်းကင်ယံမှာ” တော့တင်ဟမ်ဟော့စပါး ” ၏ ” ငှက် “များ မြူးထူးပျော်ပါးမည့် အချိန်အခါသမယသာဖြစ်ပါကြောင်းညွှန်းဆိုရင်းဖိုက်တာ(၄)အဖြစ် ” Hot.Spurs ” ကိုသာရွေးချယ်ပေးလိုက်ပါသည်။