အမြောက်နဲ့ထုတာလောက်ကတော့

ကြာသပတေးညယူရိုပါလိဂ်ဆီမီးဖိုင်နယ် ဒုတိယအကျော့ ပွဲကြိုသုံးသပ်ချက်

အာဆင်နယ် နှင့် ဗီလာရီးရဲလ် (ည ၁း၃၀)(စိုင်းကို-တောင်ကြီး)

ပြီးခဲ့တဲ့အပတ်ကပထမအကျော့ပွဲစဉ်မှာအိမ်ရှင်ဗီလာရီးရဲလ်က ၂-၁ဂိုးနဲ့ အနိုင်ရရှိခဲ့တယ်။ဗီလာရီးရဲလ်ဟာခံစစ်ပိုင်းယိုယွင်းသလောက်တိုက်စစ်ပိုင်းက အားကောင်းမောင်းသန်ရှိလှတဲ့အသင်းပါ။

အာဆင်နယ်ကတော့အိမ်ကွင်းခြေစွမ်းသိသိသာသာကျဆင်းနေပြီးပြိုင်ပွဲစုံအိမ်ကွင်းနောက်ဆုံး ၅ပွဲဆက်တိုက်အနိုင်ပျောက်ဆုံးထားတဲ့အသင်းဖြစ်တယ်။ခံစစ်ယိုယွင်းမှုကအာဆင်နယ်ရဲ့အဓိကပြသနာဖြစ်ပြီးဘယ်လိုပြိုင်ဘက်မျိုးနဲ့မဆိုဂိုအလှူပေးနေရတယ်။

ဒါကိုတောင်သရေဆိုရင်အာဆင်နယ်ကနစ်နာရဦးမယ်ဆိုပါလား။ဗီလာရီးရဲလ်အနိမ့်ဆုံးသရေကစားနိုင်ဖို့သေချာတယ်။အမြောက်နဲ့ထုတာလောက်က တော့ရေငုပ်သင်္ဘောကဖြုံမနေသေးပါဘူး။

zawgyi




