အာတေးတားအမ်းမရိတ်လမ်းမများနဲ့အိပ်မက်ဟာ ဓားတစ်စင်းဖြစ်ပါစေ..

Play Maker 3D

🈁  မင်းနဒီ (Change)၊Nကြယ်မင်း၊ဟန်စိုးသွေး

အာဆင်နယ် – ဝက်ဖို့ဒ် (အာဆင်နယ်(1-55)

ချန်ပီယံလိဂ်မှအင်္ဂလန်အသင်းများကတော့ပွဲစဉ်၄ပြီးဆုံးချိန်အထိဟန်ပျက်ခြင်းမရှိသေးပါ။လီဗာပူးကပွဲအားလုံးအနိုင်ယူပြီးအေဂျက်စ်၊ဘိုင်ယန်၊ဂျူဗင်တပ်တို့နဲ့အတူနောက်တစ်ဆင့်တက်သွားခဲ့ပြီ။မန်စိးတီးအုပ်စုဗိုလ်ဖြစ်နေတာထည့်မပြောနှင့်တော့။ကမ္ဘာပျက်မိုးများရွာသွန်းခံနေရပြီဟုထင်မှတ်ခဲ့ကြသောမန်ယူသည်ပင်သူ့အုပ်စုကိုစီးမိုးထားနိုင်တုန်း။ ချဲလ်ဆီးဆိုလည်းနောက်တစ်ပွဲနိုင်ရင်ပြီးပါပြီ။ ဒီအတွက်တော့ကိုယ်တွေရဲဘော်များနှင့်အတူ ဂုဏ်ယူသည်။သို့သော်ကိုယ့်လိဂ်နှင့်ကိုယ်က နောက်ဆုံးရက်သတ္တပတ်ရလဒ်များကတော့ အမှန်ပင်ညှိုးရော်လှပါသည်။

လီဗာပူး(2-0)ဆိုတာဘယ်လောက်တောင်ငြိမ်ထားလိုက်သင့်သလဲ။သို့သော်ဘရိုက်တန်ကိုနှစ်ဂိုးပြန်ပေးပြီးသရေကျပစ်လိုက်တာအိပ်မက်မဟုတ်။မန်စီးတီးဆို ပိုဆိုးတာပေါ့။ အိမ်ကွင်းမှာခရစ္စတယ်ပဲလေစ့်ကို(0-2)ဖြင့်ရှုံးသတဲ့။ဘာတွေလဲ။အခြားတစ်ဖက်မှာတော့ဘန်လေတွေပထမဆုံးနိုင်ပွဲကိုဆွတ်ခဲ့ပြီ။တစ်ပြိုင်တည်းမှာဘရန့်ဖို့ဒ်တွေရေပြန်ကျပြီလားတွေးချင်စရာ။ကောင်းပြီ။ရေနီယာရီအိမ်အပြန်စတုတ္ထမြောက်တိုက်ပွဲကရောဒီတစ်ပတ်မည်သို့ရှိမည်လဲ။ ဆရာမင်းနဒီကအဲ့ဒီဝက်ဖို့ဒ်ကိုစိတ်ဝင်စားနေပုံရပါသည်။ ကျနော်တို့အခုပဲဖတ်ကြည့်လိုင်ကြရအောင်လား..

🈁 Nကြယ်မင်း

အာဆင်နယ်ရထားဘယ်ဘူတာရောက်ပြီလဲဆိုရင်အင်မတန်ဖြေရကျပ်ပါတယ်။ အိုမဝေးဘု၊ ရောက်လုပါပြီဆိုပြီးအာဆင်နယ်ပန်းနုသွေးတွေဖြစ်လိုက်စမ်းမယ်ကြံနေတုန်းဘရိုက်တန်နဲ့ ပဲလေ့စ်ကိုသရေကျပစ်လိုက်တာမျိုးကြုံကြရပြန်တယ်။ ဒါပေမဲ့ရာသီအစက၃ပွဲဆက်တိုက်ရှုံးလိုက်ပြီးနောက်ပိုင်း ၇ပွဲဆက်တိုက်ကစားရာမှာရှုံးပွဲမရှိဘဲ၅ပွဲနိုင်ခဲ့တဲ့ဘက်ကကြည့်ရင်တော့သူတို့ဟာတည်ငြိမ်နေတဲ့မျက်နှာပြင်အပေါ် နင်းဖြတ်စပြုနေပြီလို့လက်ခံကြရမှာပါ။

ဒါကိုဖျက်ဆီးမယ့်သူဟာအခြားသောအရပ်တစ်ပါးကမဖြစ်နိုင်ဘဲအာတေးတားကိုသာဘုရားခန်းထဲကစောင့်ကြည့်ကြရပါလိမ့်မယ်။ငါလုပ်ပြနိုင်ခဲ့ပြီဆိုတဲ့ဝံ့ကြွားမှုမှာဟန်ဖျက်ခြင်းဆန်ဆန်လူထုတ်ပုံတွေလုပ်လာခဲ့ရင်အာဆင်နယ်ပြန်ပြီးကျိုးကြေသွားနိုင်ပါသေးတယ်။ရှာကာနဲ့ တီယာနေးတို့မပါနိုင်သေးလို့တာဗာရက်စ်နဲ့ လိုကွန်ဂါတို့လောက်မဖြစ်မနေသုံးစွဲနေရတာမျိုးကလွဲရင်ပေါ့။စမစ်ရိုး၊ ဆာကာ၊ ပါတေးနဲ့အူဘာမီယန်၊ လာကာဇက်တို့အတွဲဟာပရီးမီးယားလိဂ်ရဲ့အကောင်းဆုံးစုဖွဲ့မှုမဟုတ်သေးတောင်အလေးအနက်ပြုအပ်တဲ့အတွဲအစပ်ဖြစ်လာပြီဆိုတာကိုဝန်ခံကြရပါလိမ့်မယ်။

မတည်ငြိမ်တဲ့ဝက်ဖို့ဒ်ဆီရေနီယာရီရောက်လာလည်းအဲ့ဒီအခန်းစဉ်ကပြောင်းလဲရိုက်ကူးနိုင်ခြင်းမရှိသေးပါဘူး။ အိမ်ကွင်းမှာလီဗာပူးကို (0-5)နဲ့ရှုံးတယ်။ဘာတတ်နိုင်မှာလဲ။ အဝေးကွင်းမှာအဲဗာတန်ကို(2-5)နဲ့ ပြန်နိုင်တယ်။မြေခွေးတို့ရဲ့အရှင်သခင်ဟောင်းကြီးကိုပြန်ရပြီပေါ့။အဲ့ဒီလိုသွေးကလေးစိုလာတုန်းရှိသေးရဲ့၊အိမ်ကွင်းမှာပဲဆောက်သမ်တန်ကိုအရှုံးပေးလိုက်ရပြန်တယ်။အဲ့ဒီမှာဘယ်မလဲတည်ငြိမ်သေချာမှု၊အောင်မြင်စပြုလာတဲ့ပြုပြင်ပြောင်းလဲရေး။ဝက်ဖို့ဒ်မရသေးပါဘူး။ အနိမ့်ဆုံးအာဆင်နယ်နဲ့ပွဲမှာမရသေးဘူးလို့ပဲအဖြေထွက်ပါတယ်။ အမ်းမရိတ်နောက်ဆုံး ၃ကြိမ်မှာလည်းအာဆင်နယ်ချည်းအနိုင်ရထားတာပါ။အဲ့ဒီကြိုးနဲ့ပဲဒီပွဲကြိုကိုချည်လိုက်ပါတယ်။

🈁 ဟန်စိုးသွေး

ရာသီအစရလဒ်တွေဆက်တိုက်ဆိုးရွှားခဲ့လို့ဖိအားပြင်းထန်ခဲ့တဲ့နည်းပြအာတီတာဟာပွဲထွက်လူစာရင်းတွေကိုရဲရဲရင့်ရင့်ပြောင်းလဲခဲ့တယ်။ဒီလိုရဲရင့်ခဲ့လို့လည်းအာဆင်နယ်ရဲ့အသင်းလိုက်စွမ်းဆောင်ရည်ဟာပြောင်းလဲတိုးတက်သွားခဲ့ပြီးရလဒ်တွေဆက်တိုက်ကောင်းမွန်ခဲ့တယ်။အမာခံသမ္ဘာရင့်သောမတ်စ်အာဘူမီယန်း လာကာဇက်တီတို့ပုံစံကောင်းရလာကြသလိုပွဲထွက်ကစားခွင့်ပေးခဲ့တဲ့လူငယ်လေးတွေကလည်းအစွမ်းရှိသလောက်ကြိုးစားခဲ့ကြလို့ရလဒ်တွေဆက်တိုက်ကောင်းခဲ့တယ်။

အာဆင်နယ်ဟာလိဂ်နောက်ဆုံး၇ပွဲမှာရှုံးပွဲမရှိခဲ့ဘဲ၂ပွဲသရေ ၅ပွဲအနိုင်ရခဲ့တဲ့အထိစွမ်းဆောင်ရည်ကောင်းမွန်ခဲ့တယ်။ပွဲစဉ်၁၀မှာအဲဗာတန်ကို ၂-၅နဲ့အ နိုင်ရခဲ့အထိရုန်းအားကောင်းခဲ့တဲ့ဝက်ဖို့ဒ်ကိုနည်းနည်းအထင်ကြီးမိခဲ့တယ်။ဒါပေမယ့်ပွဲစဉ်၁၁အိမ်ကွင်းမှာဆောက်သမ်တန်ကိုင်ဆိုင်ခဲ့တဲ့ပွဲမှာတော့မယုံရလောက်အောင်ဝက်ဖို့ဒ်ခြေစွမ်းညံ့သွားပြန်တယ်။အဲဒီပွဲမှာဆောက်သမ်တန်ကဘောလုံးပိုင်ဆိုင်မှု ၆၂ ရာခိုင်နှုန်းအသာနဲ့ဖိကစားတာခံခဲ့ရတဲ့အထိဝက်ဖို့ဒ်အခြေအနေဆိုးခဲ့တယ်။

ဝက်ဖို့ဒ်အသင်းရဲ့အားနည်းချက်ကတော့ကစားသမားစုဖွဲ့မှုအားနည်းတာပါပဲ။ဒီပွဲမှာလည်းအာဆင်နယ်ကိုသူတို့သူတင်ကိုယ်တင်ယှဉ်နိုင်ဖို့မလွယ်ပါဘူး။ဒီပွဲမှာအာဆင်နယ်က၁ဂိုး၇၀ရှုံးဆိုပြီးအကျောပေးထားတယ်။ဒီလိုအကျောပေးရလောက်အောင်လည်းအာဆင်နယ်ရဲ့လိဂ်နောက်ဆုံးအိမ်ကွင်း ၄ပွဲခြေစွမ်းကတကယ်ကောင်းခဲ့တာပါ။ပဲလေ့စ်နဲ့သရေကျခဲ့ပေမယ့်စပါးဗီလာ နော့ဝစ်ခ်ျ တို့ကိုခြေစွမ်းအသာဂိုးကန်သွင်းခွင့်များစွာနဲ့အနိုင်ရခဲ့တဲ့အာဆင်နယ်တို့ဝက်ဖို့ဒ်ကိုစီးစီးပိုင်ပိုင်ဖိအားပေးကစားနိုင်မှာသေချာပါတယ်။ဝက်ဖို့ဒ်ဂိုးပြတ်မရှုံးအောင်သာရုန်းကန်ကြိုးစားရမှာဖြစ်လို့အိမ်ရှင်အာဆင်နယ်ကိုသာရွေးချယ်လိုက်သင့်ပါတယ်။

🈁 မင်းနဒီ(Change)

အာဆင်နယ်က 1-65 နဲ့ 3+5 ကိုရောက်နေပါတယ်။ဒီကြေးကမူလဖွင့်လှစ်မှု 1-45 နဲ့ 3+20 ကနေ Change လာတဲ့ကြေးဖြစ်တယ်။ အာဆင်နယ်ရဲ့ကြေးပြောင်းမှာဘော်ဒီရော၊ ဂိုးပေါင်းကြေးပါတစ်စုံလုံးတက်သွားတာကိုသဘောကျတယ်။ဘာကြောင့်လဲဆိုတော့ဘော်ဒီကြေးရော၊ဂိုးပေါင်းကြေးပါတက်သွားပွဲတွေဟာများသောအားဖြင့်အပေါ်တစ်စုံလုံးအောင်သွားတတ်ကြလို့ပါ။ အခုကြေးပေးလာတဲ့အသင်းကအာဆင်နယ်ဖြစ်နေတာကြောင့်ပိုပြီးသ ဘောကျမိတာလည်းဖြစ်တယ်။

အာဆင်နယ်ဟာဒီရာသီကို ဆိုးရွားတဲ့ရလဒ်တွေနဲ့ စတင်ခဲ့ရပြီးအာတေးတားရဲ့ထွင်လုံးတွေကြားမှာဝေဖန်ခံခဲ့ရတယ်။ဒါပေမဲ့ဒဏ်ရာပြဿနာတွေကင်းစင်သွားချိန်မှာတော့အာဆင်နယ်ဟာအခြေအနေတစ်ခုမှတဖြည်းဖြည်းချင်းတည်ငြိမ်သွားခဲ့တယ်။ စပါးကိုအနိုင်ရခဲ့တဲ့လန်ဒန်ဒါဘီပွဲစဉ်ကစလို့အာဆင်နယ်ရဲ့အကောင်းဆုံးပုံစံကိုတစ်လျှောက်လုံးမြင်တွေ့ခဲ့ရတယ်။ကွင်းလယ်မှာပါတေးရဲ့လိုကွန်ဂါတို့ရဲ့အပေးအယူ၊ အချိန်အဆက်ကောင်းမွန်မှုတွေ၊ပါးတေးရဲ့မောင်းနှင့်အားတွေ၊ စမစ်ရိုးရဲ့ပါရမီအစွမ်းအစတွေ၊ ဆာကာရဲ့အတိုးအလှုပ်တွေမှာအာဆင်နယ်ဟာဂိုးတွေရနေပြီးအထိုင်ကျနေခဲ့တယ်။

လူငယ်ဂိုးသမားလေးရမ့်စ်ဒေးလ်ကြောင့်လည်းဂိုးပေါက်လုံးခြုံမှုဟာအတိုင်းအတာတစ်ခုအထိစိတ်အေးသွားခဲ့ရတယ်။အူဘာမီယန်းကလည်းနောက် ပိုင်းပွဲတွေမှာသွင်းဂိုးတွေနဲ့ ပုံစံကောင်းတစ်ရပ်ကိုပြန်လည်ပြသနေတယ်။ နောက်ဆုံးပစ်ရပြီလို့ထင်ခဲ့ရတဲ့လာကာဇက်ကအစတိုက်စစ်မှာလှုပ်လှုပ်ရှားရှားဖြစ်လာတာလေးတွေကအာဆင်နယ်ကိုအပေါင်းလက္ခဏာဆောင်စေခဲ့ပါတယ်။တစ်ဖက်မှာဝက်ဖို့ဒ်ကလည်းနည်းပြသစ်လက်ထဲမှာအဲဗာတန်ကိုထပြီးအနိုင်ယူပြလိုက်တော့ရာနီယေရီရဲ့လုပ်တတ်ကိုင်တတ်ရှိပုံတွေကိုသတိထားရမလိုဖြစ်လာခဲ့တယ်။ဒါပေမဲ့ဆောက်သမ်တန်ကိုအိမ်ကွင်းမှာ 0-1 နဲ့ပြန်ရှုံးသွားပြန်တော့ဝက်ဖို့ဒ်ဟာရာနီယေရီနဲ့ ထူးမခြားနားအဖြစ်ကိုပြန်ရောက်သွားခဲ့ပြန်တယ်။ ဝက်ဖို့ဒ်ဟာနေရာတိုင်းမှာအားနည်းချက်တွေရှိနေတယ်ဆိုတာကိုလည်းရာနီယေရီကိုယ်တိုင်ဝန်ခံထားပါတယ်။

အထူးသဖြင့်ခံစစ်ပိုင်းကစုစည်းမှုတော်တော်လေးအားနည်းတာကိုသူကိုယ်တိုင်လည်းအားမရဖြစ်နေတယ်။အာဆင်နယ်ကြေးChangeသွားတာဝက်ဖို့ဒ်ရဲ့ခံစစ်အားနည်းမှုကအဓိကကျနေပါလိမ့်မယ်။ဒုတိယအချက်ကတော့အာဆင်နယ်ဟာခြေစွမ်းတိုးတက်မှုကိုပြသနေပြီးတိုက်စစ်မှာအူဘာမီယန်း၊ စမစ်ရိုး၊ ဆာကာတို့နဲ့ ကစားပုံတက်ရိပ်ပြနေတာကြောင့်လည်းဘော်ဒီကြေးရောဂိုးပေါင်းကြေးပါမြင့်တက်သွားခဲ့ရတာဖြစ်တယ်။အာဆင်နယ်ရဲ့ကြေးပြောင်းကိုသဘောကျမိသလို၊ ခြေစွမ်းဘက်ကကြည့်ရင်လည်းဝက်ဖို့ဒ်ရဲ့ခံစစ်ယိုယွင်းမှု၊ အာဆင်နယ်ရဲ့တိုက်စစ်ကတက်ရိပ်ပြနေတဲ့အခြေအနေတွေကြောင့်ကျွန်တော်အာဆင်နယ်ကိုရွေးချယ်ဖို့ ဆုံးဖြတ်လိုက်ရပါတယ်။

ဒီတစ်ပတ် 3D

🈁ကြားရက်မှာ UCL 3D ကျရှုံးခဲ့ရပါတယ်။ဒီရာသီမှာလာလီဂါတွေမယုံရဆုံးဆိုတဲ့သီချင်းတောင်ပရိသတ်တွေကြားထဲပေါက်နေပြီလို့လည်းကျနော်တို့ကြားသိရပါရဲ့။အဲ့ဒီပွဲလွဲသွားပေမယ့်ဆရာဒီအလှည့် EPLပွဲတွေကတော့၃ပတ်ဆက်တည့်နေတုန်းပါ။ဒါကြောင့်ဒီတစ်ပတ်ပွဲကိုလည်းသူပဲဆက်ရွေးပေး ခဲ့တာပါ။အာဆင်နယ် – ဝက်ဖို့ဒ်မှာသုံးယောက်လုံးအာဆင်နယ်ဖြစ်ခဲ့တာကြောင့်အာတေးတားနဲ့ အမ်းမရိတ်လမ်းမများအတွက်ကြားထဲကကျေနပ်ကြရပါသေးတယ်။Play Maker 3D Special Choice ပါ။ အာဆင်နယ်ဖြစ်ပါတယ်ပရိသတ်ကြီး..