လင်းယုန်တွေ အမြင့်ပျံနိုင်မယ့် လန်ဒန်ဒါဘီ

တနင်္ဂနွေည အင်္ဂလန်ပရီးမီးယားလိဂ်ပွဲစဉ်-၂၈ ပွဲကြိုသုံးသပ်ချက်

အာဆင်နယ် နှင့် ပဲလေ့စ်(ည ၈း၃၀)(စိုင်းကိုတောင်ကြီး)

ကိုယ့်ပရိသတ်ရှေ့မှောက်ပဲစပို့တင်းကိုပင်နယ်တီအဆုံးအဖြတ်နဲ့ရှုံးပြီးယူရိုပါလိဂ်ကထွက်ရတာဟာဂန်နားတို့အတွက်ကြေကွဲစရာပါ။ပိုဆိုးတာကအဲဒီပွဲရဲ့အစောပိုင်းမှာပဲနောက်တန်းကတိုမီယာဆုနဲ့ဆာလီဘာတို့ဒဏ်ရာရသွားကြပြီးမိနစ် ၁၂၀ကစားခဲ့ရလို့လည်းပွဲပန်းမှုရှိနိုင်ပါတယ်။အာတီတာရဲ့အသင်းဟာပရီးမီးယားလိဂ်မှာနောက်ဆုံး ၅ ပွဲဆက်နိုင်ထားပေမယ့်နောက်ဆုံးအိမ်ကွင်းပွဲမှာဘုန်းမောက်ကို ၉၇ မိနစ်ဂိုးနဲ့သာကပ်နိုင်ခဲ့တာပါ။

လင်းယုန်တွေကတော့ ၂၀၂၃ ထဲမှာအခုထိနိုင်ပွဲမရသေးတဲ့တစ်သင်းတည်းသောပရီးမီးယားလိဂ်ကလပ်ဖြစ်ပေမယ့်ဒီနှစ်ထဲမှာအသင်းကြီးတိုင်းကိုအ ခက်တွေ့စေနိုင်ခဲ့ပါတယ်။မကြာသေးခင်ကမန်စီးတီးကိုဟာလန်းရဲ့တစ်လုံးတည်းသောပင်နယ်တီဂိုးနဲ့သာကပ်ရှုံးခဲ့ပြီးအဲဒီအရင်မှာလည်းလီဗာပူးကို ဂိုးမရှိသရေကန်ခဲ့တာပါ။ဒါ့အပြင်အာဆင်နယ်အိမ်ကွင်းပဲလေ့စ်နဲ့နောက်ဆုံးတွေ့ဆုံမှု ၃ ပွဲစလုံးကလည်းသရေနဲ့အဆုံးသတ်ထားတယ်။လင်းယုန်တွေအမြင့်ပျံနိုင်မယ့်လန်ဒန်ဒါဘီပါ။

zawgyi

လင္းယုန္ေတြ အျမင့္ပ်ံႏိုင္မယ့္ လန္ဒန္ဒါဘီ

တနဂၤေႏြည အဂၤလန္ပရီးမီးယားလိဂ္ပြဲစဥ္-၂၈ ပြဲႀကိဳသုံးသပ္ခ်က္

အာဆင္နယ္ ႏွင့္ ပဲေလ့စ္(ည ၈း၃၀)(စိုင္းကိုေတာင္ႀကီး)

ကိုယ့္ပရိသတ္ေရွ႕ေမွာက္ပဲ စပို႔တင္းကို ပင္နယ္တီအဆုံးအျဖတ္နဲ႔ရႈံးၿပီး ယူ႐ိုပါလိဂ္က ထြက္ရတာဟာ ဂန္နားတို႔အတြက္ ေၾကကြဲစရာပါ။ပိုဆိုးတာက အဲဒီပြဲရဲ႕အေစာပိုင္းမွာပဲ ေနာက္တန္းက တိုမီယာဆုနဲ႔ဆာလီဘာတို႔ ဒဏ္ရာရသြားၾကၿပီး မိနစ္ ၁၂၀ ကစားခဲ့ရလို႔လည္း ပြဲပန္းမႈရွိႏိုင္ပါတယ္။အာတီတာရဲ႕အသင္းဟာ ပရီးမီးယားလိဂ္မွာ ေနာက္ဆုံး ၅ ပြဲဆက္ႏိုင္ထားေပမယ့္ ေနာက္ဆုံးအိမ္ကြင္းပြဲမွာ ဘုန္းေမာက္ကို ၉၇ မိနစ္ဂိုးနဲ႔သာ ကပ္ႏိုင္ခဲ့တာပါ။

လင္းယုန္ေတြကေတာ့ ၂၀၂၃ ထဲမွာ အခုထိႏိုင္ပြဲမရေသးတဲ့ တစ္သင္းတည္းေသာ ပရီးမီးယားလိဂ္ကလပ္ျဖစ္ေပမယ့္ ဒီႏွစ္ထဲမွာ အသင္းႀကီးတိုင္းကို အခက္ေတြ႕ေစႏိုင္ခဲ့ပါတယ္။မၾကာေသးခင္က မန္စီးတီးကို ဟာလန္းရဲ႕တစ္လုံးတည္းေသာပင္နယ္တီဂိုးနဲ႔သာ ကပ္ရႈံးခဲ့ၿပီး အဲဒီအရင္မွာလည္း လီဗာပူးကို ဂိုးမရွိသေရကန္ခဲ့တာပါ။ဒါ့အျပင္ အာဆင္နယ္အိမ္ကြင္း ပဲေလ့စ္နဲ႔ေနာက္ဆုံးေတြ႕ဆုံမႈ ၃ ပြဲစလုံးကလည္းသေရနဲ႔အဆုံးသတ္ထားတယ္။လင္းယုန္ေတြအျမင့္ပ်ံႏိုင္မယ့္ လန္ဒန္ဒါဘီပါ။