အနိမ့်ဆုံး သရေတစ်မှတ်ယူနိုင်လိမ့်မယ်

တနင်္ဂနွေည အီတလီစီးရီးအေ ပွဲစဉ်-၇ ပွဲကြိုသုံးသပ်ချက်

အတ္တလန္တာ နှင့် အေစီမီလန် (ည ၁း၁၅)(အိုဇုန်း)

နာပိုလီရဲ့ဦးဆောင်သူနေရာကိုလိုက်လံဖိအားပေးဖို့ ကြိုးစားနေပေမယ့်လည်းအေစီမီလန်ရဲ့ခြေစွမ်းနဲ့ ရလဒ်ပိုင်းကျရိပ်ပြလာပါတယ်။အထူးသဖြင့်အဝေးကွင်းပွဲစဉ်တွေဆိုရင်အေစီမီလန်ရုန်းကန်ကစားနေရပြီးခံစစ်ကြောင်းဖင်ပွင့်မှုကအသင်းအပေါ်ဒုက္ခပေးနေတယ်ဆိုရမယ်။

အတ္တလန္တာကလည်းဒီရာသီစီးရီးအေမှာရလဒ်ကောင်းမွန်ဖို့အသည်းအသန်ကြိုးစားနေရပြီးခံစစ်နဲ့ကွင်းလယ်ပိုင်းအားနည်းမှုတွေဖြစ်ပေါ်နေတဲ့အသင်းပါ။ အေစီမီလန်အနိမ့်ဆုံး သရေတစ်မှတ်ယူနိုင်လိမ့်မယ်လို့ယူဆမိတယ်။

zawgyi




