”နိုင်ဖို့လောက်ကတော့ မခက်ဘူး”

ဗုဒ္ဓဟူးည စပိန်လာလီဂါ ပွဲကျန် ပွဲကြိုသုံးသပ်ချက်

အက်သလက်တီကို နှင့် ဘီလ်ဘာအို (ည ၁၂:၃၀)(သတိုး- မှော်ဘီ)

လာလီဂါကိုအမှတ်ပြတ်ဦးဆောင်နိုင်ခဲ့ပြီးမှအက်သလက်တီကိုရလဒ်တွေဆက်တိုက်ဆိုးရွာလာတာအခုဆိုရင်ဒုတိယနေရာကဘာစီလိုနာကို ၃မှတ်သာ ဖြတ်ထားနိုင်ပါတော့တယ်။

ဒါကြောင့်အက်သလက်တီကိုအနေနဲ့ ချန်ပီယံပြေးလမ်းကြောင်းပေါ်မှာဆက်ရှိနေချင်တယ်ဆိုရင်ဆက်ပြီးအမှားမခံလို့မရတော့ပါဘူး။ခံစစ်ကြောင်းအား နည်းမှုကိုအက်သလက်တီကို ပြင်ဆင်နိုင်ခြင်းမရှိသေးပေမယ့်ကွင်းလယ်တည်ငြိမ်ပြီးဆွာရက်ဇ်ဦးဆောင်တဲ့တိုက်စစ်ကြောင်းကလည်းဂိုးသွင်းအားပြန်ရှိလာပါတယ်။

ဘီလ်ဘာအိုကတော့ပြိုင်ပွဲစုံနောက်ဆုံး ၈ပွဲဆက်မရှုံးဘဲနောက်ဆုံး ၁၄ပွဲမှာလည်းဘာကာတစ်သင်းတည်းကိုပဲအရေးနိမ့်ထားတဲ့အသင်းပါ။ဒါပေမဲ့ သေချာကြည့်ရင်ဘီလ်ဘာအိုဟာတိုက်စစ်အားကောင်းသလောက်ခံစစ်ပိုင်းအားပျော့မှုကိုပြင်ဆင်နိုင်စွမ်းမရှိသေးတာတွေ့ရတယ်။

ရလဒ်ကောင်းယူချင်နေတဲ့တီကိုအနေနဲ့အိမ်ကွင်းမှာ ဘီလ်ဘာအိုကိုအမှားချောင်းပြီးအသာစီးယူကစားနိုင်မှာပါ။အစဉ်အလာမှာလည်းတီကိုကွင်းနောက် ဆုံး ၁၁ပွဲဆက်တိုက်ဘီလ်ဘာအိုတစ်ပွဲမှမနိုင်ဘဲရှုံးပွဲကလည်း၁၀ပွဲအထိတောင်ရှိထားခဲ့ပါတယ်။ဂိုးပြတ်တာမပြတ်တာအသာထားအိမ်ကွင်းမှာတီကိုနိုင်ဖို့လောက်ကတော့မခက်ပါဘူး။

zawgyi

”ႏိုင္ဖို႔ေလာက္ကေတာ့ မခက္ဘူး”

ဗုဒၶဟူးည စပိန္လာလီဂါ ပြဲက်န္ ပြဲႀကိဳသုံးသပ္ခ်က္

အက္သလက္တီကို ႏွင့္ ဘီလ္ဘာအို (ည ၁၂:၃၀)(သတိုး- ေမွာ္ဘီ)

လာလီဂါကို အမွတ္ျပတ္ဦးေဆာင္ႏိုင္ခဲ့ၿပီးမွ အက္သလက္တီကို ရလဒ္ေတြဆက္တိုက္ဆိုး႐ြာလာတာ အခုဆိုရင္ ဒုတိယေနရာက ဘာစီလိုနာကို ၃မွတ္သာ ျဖတ္ထားႏိုင္ပါေတာ့တယ္။ဒါေၾကာင့္ အက္သလက္တီကိုအေနနဲ႔ ခ်န္ပီယံေျပးလမ္းေၾကာင္းေပၚမွာ ဆက္ရွိေနခ်င္တယ္ဆိုရင္ ဆက္ၿပီးအမွားမခံလို႔မရေတာ့ပါဘူး။ခံစစ္ေၾကာင္းအားနည္းမႈကို အက္သလက္တီကို ျပင္ဆင္ႏိုင္ျခင္းမရွိေသးေပမယ့္ ကြင္းလယ္တည္ၿငိမ္ၿပီး ဆြာရက္ဇ္ဦးေဆာင္တဲ့ တိုက္စစ္ေၾကာင္းကလည္း ဂိုးသြင္းအား ျပန္ရွိလာပါတယ္။

ဘီလ္ဘာအိုကေတာ့ ၿပိဳင္ပြဲစုံေနာက္ဆုံး ၈ပြဲဆက္မရႈံးဘဲ ေနာက္ဆုံး ၁၄ပြဲမွာလည္း ဘာကာတစ္သင္းတည္းကိုပဲ အေရးနိမ့္ထားတဲ့အသင္းပါ။ဒါေပမဲ့ ေသခ်ာၾကည့္ရင္ ဘီလ္ဘာအိုဟာ တိုက္စစ္အားေကာင္းသေလာက္ ခံစစ္ပိုင္း အားေပ်ာ့မႈကို ျပင္ဆင္ႏိုင္စြမ္းမရွိေသးတာ ေတြ႕ရတယ္။ရလဒ္ေကာင္းယူခ်င္ေနတဲ့တီကိုအေနနဲ႔ အိမ္ကြင္းမွာ ဘီလ္ဘာအိုကို အမွားေခ်ာင္းၿပီး အသာစီးယူကစားႏိုင္မွာပါ။အစဥ္အလာမွာလည္း တီကိုကြင္းေနာက္ဆုံး ၁၁ပြဲဆက္တိုက္ ဘီလ္ဘာအို တစ္ပြဲမွမႏိုင္ဘဲ ရႈံးပြဲကလည္း ၁၀ပြဲအထိေတာင္ ရွိထားခဲ့ပါတယ္။
ဂိုးျပတ္တာမျပတ္တာ အသာထား အိမ္ကြင္းမွာ တီကို ႏိုင္ဖို႔ေလာက္ကေတာ့ မခက္ပါဘူး။