အနိုင်သေချာလွန်းနေသောData အချက်အလက်တွေနဲ့ အညီအပြိုင်အဆိုင်ကကြိုးသီနေမယ့် ဒီယေဂိုဆီမြွန်နီ

စနေညချမ်းအတွက်၊အနိုင်သေချာလွန်းနေသော Data အချက်အလက်တွေနဲ့ အညီအပြိုင်အဆိုင် ကကြိုးသီနေမယ့် ဒီယေဂိုဆီမြွန်နီ၊

သက်ဆိုင်ရာအမှတ်ပေးပြိုင်ပွဲများနှင့်အက်စ်အေဖလား ရှင်းတမ်း။

∆ Thiri Shinn Thant ∆

*Atl.Madrid (1+30,2D) Vs Ath.Bilbao

ဇယားထိပ်မှာဦးဆောင်နေတဲ့ အက်သလက်ဟာလိုအပ်တဲ့အချိန်မှာ အနိုင်(၃)မှတ်ကိုအချိန်မရွေးရယူနိုင်စွမ်းရှိကြောင်းတော့သက်သေပြနေပါတယ်။တစ်ခုရှိနေတာကအိမ်ကွင်းဆိုရင်ဂိုးရဖို့ရုန်းကန်နေရခြင်းပါပဲ။ဘီဘာအိုလ်ဟာအိမ်ကွင်းမှာမာဂုဏ်ရှိပေမယ့် အဝေးကွင်းမှာတော့သာမန်အသင်းတစ်သင်းထက်မပိုပါဘူး။အထူးသဖြင့် အိမ်ကွင်းမှာဆယ်တာဖီဂို၊ဆိုစီဒက်နှင့်ဘာစီလိုနာတို့ကိုအရှုံးပေးခဲ့ရပြီးခြေစွမ်းကျဆင်းနေကြောင်းကိုပိုပြီးပေါ်လွင်စေခဲ့တယ်။

အေတီကိုဟာအိမ်ကွင်းမှာဂိုးရဖို့ရုန်းကန်နေရတယ်ဆိုပေမယ့်လုံးဝဂိုးမသွင်းနိုင်တဲ့အသင်းမျိုးတော့မဟုတ်ပါဘူး။ကပ်နိုင်ယုံလောက်ပဲကန်ခဲ့တယ်ဆိုပေမယ့်ထိုရလာဒ်တွေကပဲ ဆီမြွန်နီကိုဇယားထိပ်မှာမားမားမတ်မတ်ရပ်တည်နေနိုင်အောင်ထောက်ပံ့ပေးနေပါပြီ။

ဘယ်လိုအနေအထားမျိုးမှာပဲဖြစ်ဖြစ်ရည်မှန်းချက်နဲ့ကန်နေတဲ့ အသင်းတွေသာ မိနစ်(၉၀)အတွင်းရလာဒ်ကောင်းတတ်လို့၊စပိန်ဘုရင့်ဖလားကို နှုတ်ဆက်ခဲ့ရတဲ့ အနေအထားတွေမှာအေတီကိုရဲ့ပေါက်ကွဲအားဟာ ဘီဘာအိုလ်အသင်းပေါ်ကို အမှားကင်းကင်းနဲ့ သက်ရောက်လာမှာဖြစ်လို့ ကျမရဲ့စိတ်ကြိုက်ရွေးချယ်မှု့ဟာ ” Atl.Madrid “သာဖြစ်ပါကြောင်း တင်ပြအပ်ပါသည်။

zawgyi



∆ Thiri Shinn Thant ∆


