”အစဉ်အလာကိုပဲကြည့်ကြည့်လက်ရှိခြေစွမ်းကိုပဲကြည့်ကြည့်”
အင်္ဂါည ချန်ပီယံလိဂ် ၁၆သင်းအဆင့် (ပ-အကျော့)ပွဲစဉ်များ ပွဲကြိုသုံးသပ်ချက်
အက်သလက်တီကို နှင့် ချဲလ်ဆီး (ည ၂:၃၀)(စိုင်းကို- တောင်ကြီး)
နည်းပြတူချယ်လက်အောက်မှာချဲလ်ဆီးရဲ့အားကောင်းမောင်းသန်ဖြစ်လာတဲ့နေရာကခံစစ်ပါ။အဝေးကွင်းပွဲစဉ်တွေထက်အိမ်ကွင်းမှာချဲလ်ဆီးရဲ့ခံစစ်က ပိုမိုလုံခြံုပါတယ်။ဒါပေမဲ့အဝေးကွင်းပွဲစဉ်တွေဆိုရင်ချဲလ်ဆီးရဲ့ခံစစ်ကြောင်းကသိပ်ပြီးအထင်ကြီးစရာမရှိလှဘူး။
ဘယ်လိုပဲဆိုဆိုဝါနာ၊ ဂီရော့တို့ရဲ့ချဲလ်ဆီးတိုက်စစ်ကတော့ပုံမှန်ဂိုးသွင်းအားလေး ရှိထားပါတယ်။အက်သလက်တီကိုကတော့ဟိုးအရင်တုန်းကခံစစ်အားပြုကစားတတ်တဲ့အသင်းဆိုတာအားလုံးသိထားပြီးသားပါ။
ဒါပေမဲ့လက်ရှိအချိန်မှာသူတို့ရဲ့စုဖွဲ့ကစားအားယိမ်းယိုင်လွန်းနေပြီးခံစစ်ကြောင်းလုံခြုံမှုမရှိတော့ဘူး။ဂျိအိုဖိလစ်၊ ကာရက်စ်ကိုတို့အစွမ်းပြမှုနဲ့အတူ တီကိုတိုက်စစ်ကတော့ ဘယ်လိုခံစစ်မျိုးကိုမဆို ဖြတ်ကျော်ဂိုးသွင်းနိုင်စွမ်းရှိနေပါတယ်။
ဘွတ်ကီတွေကတော့ဒီနှစ်သင်းရဲ့ခံစစ်ကိုရှိန်ပြီးဂိုးပေါင်းကြေး ၂-၁၀ ဖွင့်လှစ်ပေးထားတယ်။လက်ရှိနှစ်သင်းစလုံးရဲ့ခံစစ်ယိုယွင်းမှု၊ တိုက်စစ်ကပုံမှန်ဂိုးရရှိနေမှု စတာတွေကြောင့် ဂိုးနည်းဖို့ဆိုတာဘယ်လိုမှမဖြစ်နိုင်ဘူး။
ဒီနှစ်သင်းတွေ့ဆုံခဲ့တဲ့နောက်ဆုံး၇ပွဲမှာလည်းဂိုးပေါင်းအပေါ်အောင်တာ၅ပွဲအထိတောင် ရှိထားပါတယ်။အစဉ်အလာကိုပဲကြည့်ကြည့်လက်ရှိခြေစွမ်းပဲကြည့်ကြည့်ဂိုးပေါင်းအပေါ်ကိုပဲရွေးချယ်ရမှာပါ။
zawgyi