အိုဆာဆူနာဆိုတာ တီကိုအတွက် ငယ်နိုင်

တနင်္ဂနွေည စပိန်လာလီဂါ ပွဲစဉ်-၃၇ ပွဲကြိုသုံးသပ်ချက်

အက်သလက်တီကို နှင့် အိုဆာဆူနာ (ည ၁၁းဝဝ)(သတိုး-မှော်ဘီ)

ချန်ပီယံဆု ဆွတ်ခူးနိုင်ဖို့အတွက်အက်သလက်တီကိုအမှားမခံစတမ်းချီတက်နေရဆဲဖြစ်ပါတယ်။အခုရင်ဆိုင်ရမယ့်အိုဆာဆူနာကအက်သလက်တီကိုရဲ့လတ်တလောငယ်နိုင်လို့ဆိုရမယ့်အသင်းပါ။

အိုဆာဆူနာနဲ့တွေ့ခဲ့တဲ့ နောက်ဆုံး ၅ပွဲဆက်တိုက်စလုံးအက်သလက်တီကိုအနိမ့်ဆုံး ၂ဂိုးနဲ့အထက်ပြတ်ပြီးအနိုင်ရရှိခဲ့တာချည်းပါပဲ။အိုဆာဆူနာက လက်ရှိမှာအမှတ်လိုအပ်ချက်မရှိဘဲခပ်အေးအေးကစားနေတာကြောင့် ရလဒ်တွေယိုယွင်းပြီးခံစစ်ကလည်းအမှားများလွန်းနေတဲ့အသင်းဖြစ်တယ်။

ဒါဟာတီကိုအတွက်မဟာအခွင့်ကောင်းကြီးပါပဲ။ဒါကြောင့်လည်းတီကိုရဲ့အကျောပေးမှုက ၂+၅၀အထိ ပြင်းရှနေရတာဖြစ်တယ်။ဘာကြီးဖြစ်နေနေ အိုဆာဆူနာဆိုတာတီကိုအတွက်တော့ငယ်နိုင်ပါပဲလို့ ဆိုပါရစေ။

zawgyi




