ပိတ်ကစားမယ့်ဧည့်သည်ကြောင့် ဂိုးနည်းမှာပါ

တနင်္ဂနွေည စပိန်လာလီဂါပွဲစဉ်-၃၇ ပွဲကြိုသုံးသပ်ချက်

အက်သလက်တီကို နှင့် ဆီဗီလာ(ည ၁၂း၀၀)(သတိုး မှော်ဘီ)

အက်သလက်တီကိုကချန်ပီယံလိဂ်ဝင်ခွင့်သေချာသွားပြီဖြစ်ပေမယ့်ဆီဗီလာကတော့လက်ကျန် ၂ ပွဲမှာအနိမ့်ဆုံး၁မှတ်ယူနိုင်ဖို့လိုပါတယ်။ဆီမြွန်နီရဲ့အ သင်းဟာလက်ရှိမှာအိမ်ကွင်းရလဒ်လည်းတည်ငြိမ်နေပြီးနောက်ဆုံးလာလီဂါအိမ်ကွင်း ၁၀ ပွဲမှာ ၈ပွဲနိုင်ထားတာပါ။

ဆီဗီလာကတော့နောက်ပိုင်းအဝေးကွင်းပွဲတွေမှာသရေကျတာများပါတယ်။ပိတ်ကစားမယ့်ဧည့်သည်ကြောင့် ဂိုးနည်းမှာပါ။

zawgyi




