Audi ကားသစ် ဝယ်ပြီးနောက် လုပ်ပွဲကစားခဲ့သည်ဟု လုပ်ဖော်ကိုင်ဖက်ရဲ့စွပ်စွဲခြင်းခံခဲ့ရဖူးတဲ့ မတ်ကလက်တင်ဘတ်

မတ်ကလက်တင်ဘတ်က၂၀၁၅ခုနှစ်တုန်းက Audi ကားသစ်တစ်စီးဝယ်ယူလိုက်ပြီးနောက်တွင်လုပ်ဖော်ကိုင်ဖက် မိတ်ဆွေတုမိတ်ဆွေယောင်တစ်ဦးရဲ့လုပ်ပွဲကစားတယ်ဆိုပြီးစွပ်စွဲမှုနဲ့ကြုံခဲ့ရကြောင်းဖွင့်ဟလာပါတယ်။

ပရီးမီးယားလိဂ်ဒိုင်လူကြီးဟောင်းဟာ မကြာမီထွက်လာတော့မယ့် သူ့ရဲ့ကိုယ်ရေးအတ္ထုပ္ပတ္တိစာအုပ် Whistle Blower အမည်ရှိစာအုပ်တွင်ပါဝင်လာမယ့်အပိုင်းတို့ကို Daily Mail တွင်ဖော်ပြနေပါတယ်။

ကလက်ဘတ်က Audi R၈ စူပါကားတစ်စီးဝယ်ယူလိုက်ပြီးချိန်တွင်လုပ်ဖော်ကိုင်ဖက်တစ်ဦးရဲ့လုပ်ပွဲကစားတယ်ဆိုပြီးစွပ်စွဲမှုကြုံခဲ့ရပါတယ်။ဒိုင်လူကြီးအကြီးအကဲဟောင်းဝပ်ဝက်ဘ်ကယင်းကိုစုံစမ်းစစ်ဆေးမှုပြုလုပ်ရန်ဆုံးဖြတ်ခဲ့ပေမယ့်သဲလွန်စတစ်စုံတစ်ရာမရှိမှုနဲ့အတူအမှုကိုပိတ်သိမ်းခဲ့ရပါတယ်။

ကလက်တင်ဘတ်က “သူကကျွန်တော့်ကိုလုပ်ပွဲကစားတယ်လို့သံသယဝင်ခဲ့တယ်။သူကဘာကြောင့်သံသယဝင်လဲဆိုတော့ Audi R8 စူပါကားဝယ်လိုက်လို့ပါ။သူကထင်မြင်ချက်ပေးတာသက်သက်ပါ။ဒေါသဘယ်လောက်ထွက်တယ်ဆိုတာပြောပြဖို့တောင်ခက်တယ်။တွေ့ဆုံမှုအချို့ဆင့်ခေါ်ခံရတယ်။ဒူဘိုင်းသို့ဘာကြောင့်သွားလဲဆိုတာမေးမြန်းခံရတယ်။ကျွန်တော်ကလည်းလုပ်ပွဲကစားဖို့လည်းတစ်ခါမှချဉ်းကပ်မခံခဲ့ရဘူးလို့ပြန်ပြောပါတယ်။အင်္ဂလိပ်ဒိုင်တွေကကမ္ဘာမှာအသန့်ရှင်းဆုံးဒိုင်ပါ”လို့ပြောကြားခဲ့ပါတယ်။

ကလက်တင်ဘတ်က၎င်းမှာဒိုင်လူကြီးဘဝမှအနားယူရန်ဆုံးဖြတ်ခဲ့ခြင်းမှာမော်ရင်ဟိုကဲ့သို့နည်းပြများရဲ့အကြိမ်ကြိမ်စောဒကတက်မှုခံရမှုအပေါ်စိတ်ပျက်ခြင်းကြောင့်ဖြစ်ပြီးမော်ရင်ဟိုဖိနပ်နဲ့ပစ်ပေါက်ခဲ့ဖူးကြောင်းဖွင့်ဟထားပါသေးတယ်။

ZawGyi

Audi ကားသစ္ ဝယ္ၿပီးေနာက္ လုပ္ပြဲကစားခဲ့သည္ဟု လုပ္ေဖာ္ကိုင္ဖက္ရဲ႕စြပ္စြဲျခင္းခံခဲ့ရဖူးတဲ့ မတ္ကလက္တင္ဘတ္

မတ္ကလက္တင္ဘတ္က၂၀၁၅ခုႏွစ္တုန္းက Audi ကားသစ္တစ္စီးဝယ္ယူလိုက္ၿပီးေနာက္တြင္လုပ္ေဖာ္ကိုင္ဖက္ မိတ္ေဆြတုမိတ္ေဆြေယာင္တစ္ဦးရဲ႕လုပ္ပြဲကစားတယ္ဆိုၿပီးစြပ္စြဲမႈနဲ႔ႀကဳံခဲ့ရေၾကာင္းဖြင့္ဟလာပါတယ္။

ပရီးမီးယားလိဂ္ဒိုင္လူႀကီးေဟာင္းဟာ မၾကာမီထြက္လာေတာ့မယ့္ သူ႔ရဲ႕ကိုယ္ေရးအတၳဳပၸတၱိစာအုပ္ Whistle Blower အမည္ရွိစာအုပ္တြင္ပါဝင္လာမယ့္အပိုင္းတို႔ကို Daily Mail တြင္ေဖာ္ျပေနပါတယ္။

ကလက္ဘတ္က Audi R၈ စူပါကားတစ္စီးဝယ္ယူလိုက္ၿပီးခ်ိန္တြင္လုပ္ေဖာ္ကိုင္ဖက္တစ္ဦးရဲ႕လုပ္ပြဲကစားတယ္ဆိုၿပီးစြပ္စြဲမႈႀကဳံခဲ့ရပါတယ္။ဒိုင္လူႀကီးအႀကီးအကဲေဟာင္းဝပ္ဝက္ဘ္ကယင္းကိုစုံစမ္းစစ္ေဆးမႈျပဳလုပ္ရန္ဆုံးျဖတ္ခဲ့ေပမယ့္သဲလြန္စတစ္စုံတစ္ရာမရွိမႈနဲ႔အတူအမႈကိုပိတ္သိမ္းခဲ့ရပါတယ္။

ကလက္တင္ဘတ္က “သူကကြၽန္ေတာ့္ကိုလုပ္ပြဲကစားတယ္လို႔သံသယဝင္ခဲ့တယ္။သူကဘာေၾကာင့္သံသယဝင္လဲဆိုေတာ့ Audi R8 စူပါကားဝယ္လိုက္လို႔ပါ။သူကထင္ျမင္ခ်က္ေပးတာသက္သက္ပါ။ေဒါသဘယ္ေလာက္ထြက္တယ္ဆိုတာေျပာျပဖို႔ေတာင္ခက္တယ္။ေတြ႕ဆုံမႈအခ်ိဳ႕ဆင့္ေခၚခံရတယ္။ဒူဘိုင္းသို႔ဘာေၾကာင့္သြားလဲဆိုတာေမးျမန္းခံရတယ္။ကြၽန္ေတာ္ကလည္းလုပ္ပြဲကစားဖို႔လည္းတစ္ခါမွခ်ဥ္းကပ္မခံခဲ့ရဘူးလို႔ျပန္ေျပာပါတယ္။အဂၤလိပ္ဒိုင္ေတြကကမာၻမွာအသန႔္ရွင္းဆုံးဒိုင္ပါ”လို႔ေျပာၾကားခဲ့ပါတယ္။

ကလက္တင္ဘတ္က၎မွာဒိုင္လူႀကီးဘဝမွအနားယူရန္ဆုံးျဖတ္ခဲ့ျခင္းမွာေမာ္ရင္ဟိုကဲ့သို႔နည္းျပမ်ားရဲ႕အႀကိမ္ႀကိမ္ေစာဒကတက္မႈခံရမႈအေပၚစိတ္ပ်က္ျခင္းေၾကာင့္ျဖစ္ၿပီးေမာ္ရင္ဟိုဖိနပ္နဲ႔ပစ္ေပါက္ခဲ့ဖူးေၾကာင္းဖြင့္ဟထားပါေသးတယ္။