အိမ်ရှင်အားသာချက်ရှိတဲ့ အော့စ်ဘတ်ကို ရွေးချယ်

စနေည ဂျာမန်ဘွန်ဒက်စ်လီဂါ ပွဲစဉ်-၃၃ ပွဲကြိုသုံးသပ်ချက်

အော့စ်ဘတ် နှင့် ဝါဒါဘရီမင် (ည ၈းဝဝ)(မော်ကွန်း)

အော့စ်ဘတ်ကွင်းမှာဒီနှစ်သင်းရင်ဆိုင်ခဲ့ကြတဲ့ နောက်ဆုံး ၈ပွဲဆက်တိုက် ဂိုးပေါင်း ၃ဂိုးနဲ့အထက်တွေချည်း ရလဒ်ထွက်ပေါ်ထားခဲ့တာဟာ သတိပြုရမယ့် အစဉ်အလာပါ။တန်းဆင်းဇုန်တိုက်ပွဲလို့ဆိုရမယ့်ပွဲဖြစ်တာကြောင့် အခုပွဲက သေချာပေါက် အကြိတ်အနယ်ရှိလာပါလိမ့်မယ်။

လက်ရှိမှာနှစ်သင်းစလုံးရဲ့ခြေစွမ်းကကျဆင်းလွန်းနေပြီး ရှေ့၊ လယ်၊ နောက် အကုန်လုံးယုံကြည်စိတ်ချချင်စရာမကောင်းဘူး။ဒါကြောင့်သရေဆိုတာ အဖြစ်သင့်ဆုံးရလဒ်ပါ။

တကယ်လို့နိုင်မယ်ဆိုရင်လည်းအိမ်ရှင်အားသာချက်ရှိတဲ့ အော့စ်ဘတ်ပဲဖြစ်ပါလိမ့်မယ်။ ဖွင့်လှစ်မှု ဒဲ့နီးပါးအနေအထားမှာအိမ်ရှင်အားသာချက်ရှိတဲ့ အော့စ်ဘတ်ကို ရွေးချယ်ချင်တယ်။

zawgyi




