
ခရစ္စတီယာနိုရော်နယ်ဒိုကို အသင်းဟောင်းစပို့တင်းက ဆက်သွယ်နေသလို ချဲလ်ဆီးပိုင်ရှင်တော့ဒ်ဘိုလီလည်း ဆက်သွယ်နေ
ခရစ္စတီယာနိုရော်နယ်ဒိုဟာ သူ့ရဲ့ကစားသမားဘဝပထမဆုံးကလပ် စပို့တင်းလစ္စဘွန်းသို့ ပြန်လည်ပြောင်းရွှေ့သွားနိုင်တဲ့အနေအထားမှာရှိနေပါတယ်။ အသက်၃၇နှစ်ရှိခရစ္စတီယာနိုရော်နယ်ဒိုဟာပြီးခဲ့တဲ့နှစ်ဩဂုတ်လတုန်းကဂျူဗင်တပ်မှမန်ချက်စတာယူနိုက်တက်သို့ပြန်လည်ပြောင်းရွှေ့လာခဲ့သူဖြစ်ပါတယ်။ သူဟာပြီးခဲ့တဲ့ရာသီတုန်းကယူနိုက်တက်အတွက်၃၈ပွဲကစားထားရာမှာ၂၄ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။ဒါပေမဲ့သူဟာပြီးခဲ့တဲ့ရာသီတုန်းကပရီးမီးယားလိဂ်တွင်အဆင့်၆နေရာမှာသာရပ်တည်နိုင်မှုအပေါ်အကြီးအကျယ်စိတ်ပျက်နေပါတယ်။ အစောပိုင်းတုန်းကခရစ္စတီယာနိုရော်နယ်ဒိုကနည်းပြသစ်အဲရစ်တန်ဟက်ကိုယူနိုက်တက်တွင်ပင်ဆက်ရှိနေမည်ဖြစ်ကြောင်းပြောကြားခဲ့ပါတယ်။ဒါပေမဲ့၎င်းကအဲရစ်တန်ဟက်ကဆက်ရှိနေလိုမှသာဆက်ကစားသွားမယ်လို့ဆိုခဲ့တာပါ။ တဖက်တွင်ခရစ္စတီယာနိုရော်နယ်ဒိုဟာယခုနွေရာသီတွင်ကလပ်ရဲ့ကစားသမားခေါ်ယူအားဖြည့်မှုမရှိသေးမှုအပေါ်အကြီးအကျယ်စိတ်ပျက်ကာ လာမယ့်ရာသီတွင်ပရီးမီးယားလိဂ်ဖလားအတွက်စိန်ခေါ်နိုင်ခြင်းမရှိမည်ကိုစိုးရိမ်နေပါတယ်။ ယင်းသို့အချိန်တွင်စပို့တင်းလစ္စဘွန်းမှတာဝန်ရှိသူများဟာခရစ္စတီယာနိုရော်နယ်ဒိုကိုအသင်းသို့ပြန်လည်ခေါ်ဆောင်လာနိုင်ရေးအတွက်ဆက်သွယ်မှုပြုလုပ်လာကြတာဖြစ်ပါတယ်။ခရစ္စတီယာနိုရော်နယ်ဒိုဟာ၂၀၀၃ခုနှစ်တုန်းကယူနိုက်တက်သို့မပြောင်းမီစပို့တင်းလစ္စဘွန်းအတွက်လိဂ်ပွဲ၂၅ပွဲကစားပေးခဲ့သူဖြစ်ပါတယ်။ စပို့တင်းလစ္စဘွန်းနှင့်နီးစပ်သူတစ်ဦးက “ရော်နယ်ဒိုကဆုဖလားတွေရယူချင်တာကိုစပို့တင်းသိပါတယ်။အခုအခြေအနေမှာယူနိုက်တက်ကဆုဖလားနဲ့အဝေးကြီးမှာရှိပါတယ်။ရော်နယ်ဒိုအတွက်ကစားသမားဘဝကလည်းနောက်ဆုံးကာလသို့ရောက်နေပါတယ်။မွေးရပ်မြေပေါ်တူဂီကအိမ်သို့လာကစားပြီးကစားသမားဘဝအဆုံးသတ်တာအကောင်းဆုံးပါ”လို့ပြောကြားသွားပါတယ်။ တဖက်တွင်ချဲလ်ဆီးဥက္ကဌသစ်တော့ဒ်ဘိုလီဟာလည်းခရစ္စတီယာနိုရော်နယ်ဒိုကိုခေါ်ယူရေးအတွက်စူပါအေးဂျင့်ဂျော့မန်ဒက်စ်နှင့်တွေ့ဆုံဆွေးနွေးမှုများပြုလုပ်ခဲ့ကြောင်းသိရပါတယ်။ ချဲလ်ဆီးဥက္ကဌအဖြစ်သာမကအပြောင်းအရွှေ့ညှိနှိုင်းရေးမှူးအဖြစ်လည်းတာဝန်ထမ်းဆောင်သွားမယ့်အမေရိကန်ဘီလျှံနာတော့ဒ်ဘိုလီဟာပြီးခဲ့တဲ့အပတ်တုန်းကပေါ်တူဂီတွင်ဂျော့မန်ဒက်စ်နှင့်တွေ့ဆုံဆွေးနွေးခဲ့ကြောင်း The Athletic ကဖော်ပြသွားပါတယ်။ ZawGyi ခရစ္စတီယာနိုရော်နယ်ဒိုကို အသင်းဟောင်းစပို့တင်းက ဆက်သွယ်နေသလို ချဲလ်ဆီးပိုင်ရှင်တော့ဒ်ဘိုလီလည်း ဆက်သွယ်နေ ခရစ္စတီယာနိုရော်နယ်ဒိုဟာ သူ့ရဲ့ကစားသမားဘဝပထမဆုံးကလပ် […]