
စက္ကန့်သုံးဆယ်အတွင်း အနီကတ်ပြသခံခဲ့ရကာ ကစားသမားဘဝတစ်လျှောက် ၂၈ ကြိမ်မြောက်အနီကတ်ပြသခံခဲ့ရတဲ့ ရာမို့စ်
ဆာဂျီယိုရာမို့စ်ဟာမနေ့ညတုန်းကရိမ်းစ်နှင့်ရင်ဆိုင်ရတဲ့ပီအက်စ်ဂျီရဲ့ပွဲစဉ်တွင်ကစားသမားဘဝတစ်လျှောက်၂၈ကြိမ်မြောက်အနီကတ်ပြသခြင်းခံခဲ့ရပါတယ်။ ရာမို့စ်ဟာစနေနေ့တုန်းကပထမပိုင်းရန် ၄မိနစ်အလိုတွင်အနီကတ်ပြထုတ်ပယ်ခံခဲ့ရတာလည်းဖြစ်ပါတယ်။ စပိန်နောက်ခံလူဟာကြမ်းတမ်းစွာဖျက်ထုတ်မှုအတွက်အဝါကတ်ပြသခြင်းခံခဲ့ရပါတယ်။ဒါပေမဲ့စက္ကန့်ပိုင်းအကြာမှာဘဲအနီကတ်ပြထုတ်ပယ်ခံခဲ့ရပါတယ်။ သူဟာဖျက်ထုတ်မှုအတွက်အဝါကတ်ပြသခံရမှုကို ဒိုင်လူကြီးအားဒေါသတကြီးစောဒကတက်ခဲ့ပါတယ်။ယင်းနောက်ဒိုင်လူကြီးဟာလည်းတုံ့ဆိုင်းမနေတော့ဘဲရာမို့စ်ကိုအနီကတ်ပြခဲ့ပါတော့တယ်။ ဒါ့အပြင်ရာမို့စ်ကိုကာကွယ်မှုပြုလုပ်ခဲ့တဲ့ ပီအက်စ်ဂျီကွင်းလယ်ကစားသမားဗာရက်တီမှာလည်းအဝါကတ်ပြခံခဲ့ရပါတယ်။ ရာမို့စ်အနီကတ်ပြထွက်ခဲ့ရပြီးနောက် ပီအက်စ်ဂျီဟာရုန်းကန်ရပြီးရိမ်းစ်နှင့်ဂိုးမရှိသရေကျခဲ့ပါတယ်။ယင်းပွဲတွင်နေမာ၊ကိုင်လီယန်ဘက်ပေးတို့လည်းအဝါကတ်ပြသခံခဲ့ရပါတယ်။ ZawGyi စကၠန႔္သုံးဆယ္အတြင္း အနီကတ္ျပသခံခဲ့ရကာ ကစားသမားဘဝတစ္ေလွ်ာက္ ၂၈ ႀကိမ္ေျမာက္အနီကတ္ျပသခံခဲ့ရတဲ့ ရာမို႔စ္ ဆာဂ်ီယိုရာမို႔စ္ဟာမေန႔ညတုန္းကရိမ္းစ္ႏွင့္ရင္ဆိုင္ရတဲ့ပီအက္စ္ဂ်ီရဲ႕ပြဲစဥ္တြင္ကစားသမားဘဝတစ္ေလွ်ာက္၂၈ႀကိမ္ေျမာက္အနီကတ္ျပသျခင္းခံခဲ့ရပါတယ္။ ရာမို႔စ္ဟာစေနေန႔တုန္းကပထမပိုင္းရန္ ၄မိနစ္အလိုတြင္အနီကတ္ျပထုတ္ပယ္ခံခဲ့ရတာလည္းျဖစ္ပါတယ္။ စပိန္ေနာက္ခံလူဟာၾကမ္းတမ္းစြာဖ်က္ထုတ္မႈအတြက္အဝါကတ္ျပသျခင္းခံခဲ့ရပါတယ္။ဒါေပမဲ့စကၠန႔္ပိုင္းအၾကာမွာဘဲအနီကတ္ျပထုတ္ပယ္ခံခဲ့ရပါတယ္။ သူဟာဖ်က္ထုတ္မႈအတြက္အဝါကတ္ျပသခံရမႈကို ဒိုင္လူႀကီးအားေဒါသတႀကီးေစာဒကတက္ခဲ့ပါတယ္။ယင္းေနာက္ဒိုင္လူႀကီးဟာလည္းတုံ႔ဆိုင္းမေနေတာ့ဘဲရာမို႔စ္ကိုအနီကတ္ျပခဲ့ပါေတာ့တယ္။ ဒါ့အျပင္ရာမို႔စ္ကိုကာကြယ္မႈျပဳလုပ္ခဲ့တဲ့ ပီအက္စ္ဂ်ီကြင္းလယ္ကစားသမားဗာရက္တီမွာလည္းအဝါကတ္ျပခံခဲ့ရပါတယ္။ […]