ဆားဘီယားဂိုးပြတ်နိုင်မယ်လို့ယုံကြည်မိတယ်

အင်္ဂါည ဥရောပဇုန်ကမ္ဘာ့ဖလားခြေစစ်ပွဲစဉ်များ ပွဲကြိုသုံးသပ်ချက်

အဇာဘိုင်ဂျန် နှင့် ဆားဘီးယား (ည ၁၀:၃၀)(မြန်မာပြည်ဂုရု)

အသက်မဲ့လွန်းလှတဲ့ အဇာဘိုင်ဂျန်တိုက်စစ်ကအရမ်းကိုစိတ်ပျက်စရာကောင်းလွန်းလှပါတယ်။ဆားဘီးယားဆိုတာကခံစစ်လုံခြုံလွန်းလှတယ်မဟုတ်ပေမယ့်ကွင်းလယ်မာကျောမှုနဲ့အတူကစားကွက်လွှမ်းမိုးချုပ်ကိုင်ကစားတတ်တဲ့အသင်းပါ။

ဒါကြောင့်အိမ်ကွင်းဆိုပေမယ့်လည်းအဇာဘိုင်ဂျန်အနေနဲ့ ဆားဘီးယားဘက်ကိုထိုးဖောက်ဂိုးသွင်းဖို့ မလွယ်လောက်ပါဘူး။ဂျိုတာ၊ မီထရိုဗစ်တို့ထိုးဖောက်မွှေနှောက်လာမယ့်ဆားဘီးယားတိုက်စစ်ကိုလည်းအိမ်ရှင်ခံစစ်ခက်ခက်ခဲခဲထိန်းချုပ်ရပါလိမ့်မယ်။ ဆားဘီယားဂိုးပြတ်နိုင်မယ်လို့ယုံကြည်မိတယ်။

zawgyi




