Ballon d’Or ငါးဆုမှ တစ်ဆုကို အစ္စရေးရဲ့အချမ်းသာဆုံးပုဂ္ဂိုလ်ထံ ရောင်းချထားတဲ့ ခရစ္စတီယာနိုရော်နယ်ဒို

ခရစ္စတီယာနိုရော်နယ်ဒိုဟာသူ့ရဲ့ပြောင်မြောက်လှတဲ့ဘောလုံးကစားသမားဘဝအတွင်းမှာ Ballon d’Or ငါးကြိမ်ဆွတ်ခူးထားနိုင်ပါတယ်။ဒါပေမဲ့သူဟာယင်းမှပုံတူတစ်ခုကို၂၀၁၇ခုနှစ်တုန်းကရောင်းချရန်ရွေးချယ်ခဲ့ပါတယ်။

ပုံမှန်အားဖြင့် Ballon d’Or ဆုပိုင်ရှင်ဟာပုံတူတစ်ခုလည်းရရှိပြီးယင်းပုံတူကိုသူလက်ရှိကစားနေတဲ့ကလပ်ကိုပေးရပါတယ်။မဟုတ်လျှင်သူ့ရဲ့ကိုယ်ပိုင်ဆုဖလားခန်းမ(သို့မဟုတ်)ပြတိုက်တွင်ပြသထားလေ့ရှိပါတယ်။ဒါပေမဲ့ခရစ္စတီယာနိုရော်နယ်ဒိုဟာ၂၀၁၃ခုနှစ်တုန်းကသူ့ရဲ့Ballon d’Or ဆုကိုတော့ရန်ပုံငွေအဖွဲ့တစ်ခုသို့လှူဒါန်းရန်အလှူခံခြင်းခံခဲ့ရပါတယ်။

Make-A-Wish အစီအစဉ်ဖြင့် ကမ္ဘာကျော်ပုဂ္ဂိုလ်များရဲ့အမှတ်တရပစ္စည်းများကိုလေလံတင်ရောင်းချတာဖြစ်ပြီးယင်းမှရရှိတဲ့ငွေများကိုတစ်ကမ္ဘာလုံးမှဆိုးဆိုးရွားရွားမကျန်းမမာဖြစ်နေတဲ့ကလေးများအတွက်လှူဒါန်းကူညီပေးပါတယ်။

ယင်းလေလံပွဲကိုလန်ဒန်မှာကျင်းပတာဖြစ်ပြီး အစ္စရေးရဲ့အချမ်းသာဆုံးပုဂ္ဂိုလ်အိုင်ဒန်အိုဖာကယူရို၆၀၀၀၀၀အထိပေးကာဝယ်ယူသွားခဲ့ပါတယ်။

သူဟာလေလံအောင်သွားပြီးနောက် Ballon d’Or ဆုဖြင့်ခရစ္စတီယာနိုရော်နယ်ဒိုရဲ့စူပါအေးဂျင့်ဂျော့မန်ဒက်စ်တို့နဲ့တွဲကာဓာတ်ပုံရိုက်ကူးခဲ့ပါသေးတယ်။

ယင်းလေလံပွဲတွင်ထူးထူးခြားခြားအနေဖြင့်မန်ချက်စတာရှိ ဘောက်ဆင်ပွဲတစ်ပွဲတွင်ဂန္ထဝင်နည်းပြများဖြစ်ကြတဲ့ဂွါဒီယိုလာ၊မော်ရင်ဟိုတို့နှင့်တွေ့ဆုံခွင့်လည်းပါဝင်ပြီးယင်းကိုယူရို၃၀၀၀၀ဖြင့်ရောင်းချခဲ့ရပါတယ်။

ခရစ္စတီယာနိုရော်နယ်ဒိုရဲ့Ballon d’Or ကိုလေလံတင်ရောင်းချမှုက Ballon d’Or လေလံတင်ရောင်းချမှုထဲမှာအများဆုံးရရှိတာဖြစ်ပါတယ်။

ရီးရဲလ်မက်ဒရစ်ဂန္ထဝင်ကစားသမားဒီစတီဖာနိုရဲ့၁၉၅၇ ခုနှစ် Ballon d’Or ဆုကိုပေါင်၅၄၄၀၀ဖြင့်လည်းကောင်း၊တစ်ခုတည်းသောဆုဖြစ်တဲ့ Super Ballon d’Or ဆုကို ပေါင်၁၈၇၅၀၀ဖြင့်လည်းကောင်းရောင်းချခဲ့ရပါတယ်။

ခရစ္စတီယာနိုရော်နယ်ဒိုဟာ၂၀၁၇ခုနှစ်တုန်းက Ballon d’Or ဆုကိုနောက်ဆုံးအကြိမ်ရရှိခဲ့တာဖြစ်ပြီးယင်းနောက်ပိုင်းတွင်တစ်ကြိမ်မျှရရှိခဲ့ခြင်းမရှိပါဘူး။လက်ရှိအချိန်တွင်မက်ဆီက Ballon d’Or ခုနှစ်ကြိမ်ဖြင့် အများဆုံးရရှိထားပါတယ်။

ZawGyi

Ballon d’Or ငါးဆုမွ တစ္ဆုကို အစၥေရးရဲ႕အခ်မ္းသာဆုံးပုဂၢိဳလ္ထံ ေရာင္းခ်ထားတဲ့ ခရစၥတီယာႏိုေရာ္နယ္ဒို

ခရစၥတီယာႏိုေရာ္နယ္ဒိုဟာသူ႔ရဲ႕ေျပာင္ေျမာက္လွတဲ့ေဘာလုံးကစားသမားဘဝအတြင္းမွာ Ballon d’Or ငါးႀကိမ္ဆြတ္ခူးထားႏိုင္ပါတယ္။ဒါေပမဲ့သူဟာယင္းမွပုံတူတစ္ခုကို၂၀၁၇ခုႏွစ္တုန္းကေရာင္းခ်ရန္ေ႐ြးခ်ယ္ခဲ့ပါတယ္။

ပုံမွန္အားျဖင့္ Ballon d’Or ဆုပိုင္ရွင္ဟာပုံတူတစ္ခုလည္းရရွိၿပီးယင္းပုံတူကိုသူလက္ရွိကစားေနတဲ့ကလပ္ကိုေပးရပါတယ္။မဟုတ္လွ်င္သူ႔ရဲ႕ကိုယ္ပိုင္ဆုဖလားခန္းမ(သို႔မဟုတ္)ျပတိုက္တြင္ျပသထားေလ့ရွိပါတယ္။ဒါေပမဲ့ခရစၥတီယာႏိုေရာ္နယ္ဒိုဟာ၂၀၁၃ခုႏွစ္တုန္းကသူ႔ရဲ႕Ballon d’Or ဆုကိုေတာ့ရန္ပုံေငြအဖြဲ႕တစ္ခုသို႔လႉဒါန္းရန္အလႉခံျခင္းခံခဲ့ရပါတယ္။

Make-A-Wish အစီအစဥ္ျဖင့္ ကမာၻေက်ာ္ပုဂၢိဳလ္မ်ားရဲ႕အမွတ္တရပစၥည္းမ်ားကိုေလလံတင္ေရာင္းခ်တာျဖစ္ၿပီးယင္းမွရရွိတဲ့ေငြမ်ားကိုတစ္ကမာၻလုံးမွဆိုးဆိုး႐ြား႐ြားမက်န္းမမာျဖစ္ေနတဲ့ကေလးမ်ားအတြက္လႉဒါန္းကူညီေပးပါတယ္။

ယင္းေလလံပြဲကိုလန္ဒန္မွာက်င္းပတာျဖစ္ၿပီး အစၥေရးရဲ႕အခ်မ္းသာဆုံးပုဂၢိဳလ္အိုင္ဒန္အိုဖာကယူ႐ို၆၀၀၀၀၀အထိေပးကာဝယ္ယူသြားခဲ့ပါတယ္။

သူဟာေလလံေအာင္သြားၿပီးေနာက္ Ballon d’Or ဆုျဖင့္ခရစၥတီယာႏိုေရာ္နယ္ဒိုရဲ႕စူပါေအးဂ်င့္ေဂ်ာ့မန္ဒက္စ္တို႔နဲ႔တြဲကာဓာတ္ပုံ႐ိုက္ကူးခဲ့ပါေသးတယ္။

ယင္းေလလံပြဲတြင္ထူးထူးျခားျခားအေနျဖင့္မန္ခ်က္စတာရွိ ေဘာက္ဆင္ပြဲတစ္ပြဲတြင္ဂႏၴဝင္နည္းျပမ်ားျဖစ္ၾကတဲ့ဂြါဒီယိုလာ၊ေမာ္ရင္ဟိုတို႔ႏွင့္ေတြ႕ဆုံခြင့္လည္းပါဝင္ၿပီးယင္းကိုယူ႐ို၃၀၀၀၀ျဖင့္ေရာင္းခ်ခဲ့ရပါတယ္။

ခရစၥတီယာႏိုေရာ္နယ္ဒိုရဲ႕Ballon d’Or ကိုေလလံတင္ေရာင္းခ်မႈက Ballon d’Or ေလလံတင္ေရာင္းခ်မႈထဲမွာအမ်ားဆုံးရရွိတာျဖစ္ပါတယ္။

ရီးရဲလ္မက္ဒရစ္ဂႏၴဝင္ကစားသမားဒီစတီဖာႏိုရဲ႕၁၉၅၇ ခုႏွစ္ Ballon d’Or ဆုကိုေပါင္၅၄၄၀၀ျဖင့္လည္းေကာင္း၊တစ္ခုတည္းေသာဆုျဖစ္တဲ့ Super Ballon d’Or ဆုကို ေပါင္၁၈၇၅၀၀ျဖင့္လည္းေကာင္းေရာင္းခ်ခဲ့ရပါတယ္။

ခရစၥတီယာႏိုေရာ္နယ္ဒိုဟာ၂၀၁၇ခုႏွစ္တုန္းက Ballon d’Or ဆုကိုေနာက္ဆုံးအႀကိမ္ရရွိခဲ့တာျဖစ္ၿပီးယင္းေနာက္ပိုင္းတြင္တစ္ႀကိမ္မွ်ရရွိခဲ့ျခင္းမရွိပါဘူး။လက္ရွိအခ်ိန္တြင္မက္ဆီက Ballon d’Or ခုႏွစ္ႀကိမ္ျဖင့္ အမ်ားဆုံးရရွိထားပါတယ္။