Ballon d’Or ဆန်ကာတင်စာရင်းတွင် မင်ဒီမပါဝင်မှုအပေါ် ကူလီဘာလေဝေဖန်

ကာလီဒူကူလီဘာလေဟာ Ballon d’Or ဆန်ကာတင်စာရင်းတွင် အီဒူယက်မင်ဒီအားချန်လှပ်ခြင်းခံခဲ့ရပြီးနောက်အာဖရိကကစားသမားများအနေဖြင့်အသိအမှတ်ပြုခြင်းခံရရန်နှစ်ဆကြိုးစားရမည်ဖြစ်ကြောင်းဝေဖန်ပြောကြားလိုက်ပါတယ်။

ပြီးခဲ့တဲ့အပတ်တုန်းက Ballon d’Or ဆုအတွက်ဆန်ကာတင်ကစားသမား၃၀ဦးစာရင်းကိုထုတ်ပြန်ကြေညာခဲ့ပြီးပရီးမီးယားလိဂ်မှ၁၃ဦးအထိပါဝင်ခဲ့ပါတယ်။

ချန်ပီယံလိဂ်ချန်ပီယံချဲလ်ဆီးအသင်းမှကစားသမားငါးဦးအထိပါဝင်ခဲ့ပါတယ်။ဒါပေမယ့်ချဲလ်ဆီးအသင်းကိုချန်ပီယံလိဂ်ဖလားရရှိအောင်အဓိကနေရာမှစွမ်းဆောင်ခဲ့တဲ့ကစားသမားများထဲမှတစ်ဦးဖြစ်တဲ့ဂိုးသမားမင်ဒီမှာပါဝင်ခဲ့ခြင်းမရှိပါဘူး။

ဒါကြောင့်လည်းနာပိုလီဗဟိုနောက်ခံလူကူလီဘာလေက “အီဒူ(မင်ဒီ)မပါဝင်တာရှက်စရာကောင်းလှပါတယ်။သူကချန်ပီယံလိဂ်ဖလားပထမဆုံးရရှိတဲ့အာဖရိကဂိုးသမားတစ်ဦးဖြစ်ပါတယ်။ကျွန်တော်တို့အနေနဲ့အလုပ်ဆက်ကြိုးစားပြီးရှေ့သို့ချီတက်ရမယ်။လူတစ်ချို့ရဲ့အသိအမှတ်ပြုခံရဖို့နှစ်ဆပိုကြိုးစားရပါမယ်။အီဒူကအပြုသဘောဆောင်တဲ့သူပါ။ဒါနဲ့ပတ်သက်ပြီးကျွန်တော်တို့စကားပြောဖြစ်ကြပါတယ်။သူလည်းပါဝင်လာဖို့တိုက်ပွဲဝင်ပါလိမ့်မယ်။ကျွန်တော့်အတွက်ကတော့သူကဒီကစားသမား၃၀စာရင်းမှာပါဝင်ဖို့ထိုက်တန်သူပါ”လို့ပြောကြားသွားပါတယ်။

သူဟာပြီးခဲ့တဲ့နှစ်နွေရာသီတွင်ချဲလ်ဆီးသို့ရောက်လာပြီးနောက်မေလတုန်းကသမိုင်းတွင်ပရီးမီးယားလိဂ်၁၀ပွဲအထက်ဂိုးမပေးရတဲ့ပထမဆုံးဂိုးသမားအဖြစ်မှတ်တမ်းရေးထိုးခဲ့ပါတယ်။

မင်ဒီဟာBallon d’Or ဆုအတွက်ဆန်ကာတင်းစာရင်းမှာမပါဝင်ပေမယ့် တစ်နှစ်တာအကောင်းဆုံးဂိုးသမားဆု Yashin Trophy စာရင်းတွင်ပါဝင်ခဲ့ပါတယ်။

ယခုနှစ်တွင် Ballon d’Or ဆန်ကာတင်စာရင်းတွင်အာဖရိကကစားသမားနှစ်ဦးတည်းသာပါဝင်ခဲ့ပြီးလီဗာပူးမှမိုဟာမက်ဆာလက်နှင့်မန်စီးတီးမှမရာ့ဇ်တို့ပါဝင်ခဲ့တာဖြစ်ပါတယ်။Ballon d’Orဆုသမိုင်းတွင်တစ်ဦးတည်းသော ဆုရရှိဖူးသူအဖြစ်ဂျော့ဝီယာသာရှိပါတယ်။

ZawGyi

Ballon d’Or ဆန္ကာတင္စာရင္းတြင္ မင္ဒီမပါဝင္မႈအေပၚ ကူလီဘာေလေဝဖန္

ကာလီဒူကူလီဘာေလဟာ Ballon d’Or ဆန္ကာတင္စာရင္းတြင္ အီဒူယက္မင္ဒီအားခ်န္လွပ္ျခင္းခံခဲ့ရၿပီးေနာက္အာဖရိကကစားသမားမ်ားအေနျဖင့္အသိအမွတ္ျပဳျခင္းခံရရန္ႏွစ္ဆႀကိဳးစားရမည္ျဖစ္ေၾကာင္းေဝဖန္ေျပာၾကားလိုက္ပါတယ္။

ၿပီးခဲ့တဲ့အပတ္တုန္းက Ballon d’Or ဆုအတြက္ဆန္ကာတင္ကစားသမား၃၀ဦးစာရင္းကိုထုတ္ျပန္ေၾကညာခဲ့ၿပီးပရီးမီးယားလိဂ္မွ၁၃ဦးအထိပါဝင္ခဲ့ပါတယ္။

ခ်န္ပီယံလိဂ္ခ်န္ပီယံခ်ဲလ္ဆီးအသင္းမွကစားသမားငါးဦးအထိပါဝင္ခဲ့ပါတယ္။ဒါေပမယ့္ခ်ဲလ္ဆီးအသင္းကိုခ်န္ပီယံလိဂ္ဖလားရရွိေအာင္အဓိကေနရာမွစြမ္းေဆာင္ခဲ့တဲ့ကစားသမားမ်ားထဲမွတစ္ဦးျဖစ္တဲ့ဂိုးသမားမင္ဒီမွာပါဝင္ခဲ့ျခင္းမရွိပါဘူး။

ဒါေၾကာင့္လည္းနာပိုလီဗဟိုေနာက္ခံလူကူလီဘာေလက “အီဒူ(မင္ဒီ)မပါဝင္တာရွက္စရာေကာင္းလွပါတယ္။သူကခ်န္ပီယံလိဂ္ဖလားပထမဆုံးရရွိတဲ့အာဖရိကဂိုးသမားတစ္ဦးျဖစ္ပါတယ္။ကြၽန္ေတာ္တို႔အေနနဲ႔အလုပ္ဆက္ႀကိဳးစားၿပီးေရွ႕သို႔ခ်ီတက္ရမယ္။လူတစ္ခ်ိဳ႕ရဲ႕အသိအမွတ္ျပဳခံရဖို႔ႏွစ္ဆပိုႀကိဳးစားရပါမယ္။အီဒူကအျပဳသေဘာေဆာင္တဲ့သူပါ။ဒါနဲ႔ပတ္သက္ၿပီးကြၽန္ေတာ္တို႔စကားေျပာျဖစ္ၾကပါတယ္။သူလည္းပါဝင္လာဖို႔တိုက္ပြဲဝင္ပါလိမ့္မယ္။ကြၽန္ေတာ့္အတြက္ကေတာ့သူကဒီကစားသမား၃၀စာရင္းမွာပါဝင္ဖို႔ထိုက္တန္သူပါ”လို႔ေျပာၾကားသြားပါတယ္။

သူဟာၿပီးခဲ့တဲ့ႏွစ္ေႏြရာသီတြင္ခ်ဲလ္ဆီးသို႔ေရာက္လာၿပီးေနာက္ေမလတုန္းကသမိုင္းတြင္ပရီးမီးယားလိဂ္၁၀ပြဲအထက္ဂိုးမေပးရတဲ့ပထမဆုံးဂိုးသမားအျဖစ္မွတ္တမ္းေရးထိုးခဲ့ပါတယ္။

မင္ဒီဟာBallon d’Or ဆုအတြက္ဆန္ကာတင္းစာရင္းမွာမပါဝင္ေပမယ့္ တစ္ႏွစ္တာအေကာင္းဆုံးဂိုးသမားဆု Yashin Trophy စာရင္းတြင္ပါဝင္ခဲ့ပါတယ္။

ယခုႏွစ္တြင္ Ballon d’Or ဆန္ကာတင္စာရင္းတြင္အာဖရိကကစားသမားႏွစ္ဦးတည္းသာပါဝင္ခဲ့ၿပီးလီဗာပူးမွမိုဟာမက္ဆာလက္ႏွင့္မန္စီးတီးမွမရာ့ဇ္တို႔ပါဝင္ခဲ့တာျဖစ္ပါတယ္။Ballon d’Orဆုသမိုင္းတြင္တစ္ဦးတည္းေသာ ဆုရရွိဖူးသူအျဖစ္ေဂ်ာ့ဝီယာသာရွိပါတယ္။