Ballon d’Or ဆန်ကာတင်စာရင်းတွင် မပါဝင်မှုအတွက် ရိုးသားပြီး ပြည့်စုံတဲ့ အဖြေပေးခဲ့တဲ့ ကမ်မစ်ချ်
ကမ်မစ်ချ်ဟာ၂၀၂၁ခုနှစ်အတွက် Ballon d’Or ဆုအတွက်ဆန်ကာတင်စာရင်းတွင်ဘိုင်ယန်မြူးနစ်ကစားဖော်ရောဘတ်လီဝန်ဒေါ့စကီးနှင့်အတူ မပါဝင်ခြင်းမရှိမှုနဲ့ပတ်သက်ပြီးမေးမြန်းလာမှုကို အရိုးသားဆုံးနှင့်အပြည့်အစုံဆုံး အဖြေပေးနိုင်ခဲ့ပါတယ်။
Ballon d’Or ဆုအတွက် ဆန်ကာတင်ကစားသမား၃၀ဦးစာရင်းထုတ်ပြန်ကြေညာခဲ့ပြီးဆုရရှိသင့်တဲ့ကစားသမားများနှင့်ပတ်သက်ပြီး သတင်းစာမျက်နှာများထက်မှာငြင်းခုန်နေကြပြီဖြစ်ပါတယ်။
ဘရာဇီးဂန္ထဝင်တိုက်စစ်မှူးရော်နယ်ဒိုနှင့်ပြင်သစ်ဂန္ထဝင်ကစားသမားဇီဒန်းတို့ကကာရမ်ဘန်ဇီးမားကိုပေးသင့်တယ်လို့ပြောဆိုလာသလိုအေးဂျင့်ဂျော့မန်ဒက်စ်ကလည်းခရစ္စတီယာနိုရော်နယ်ဒိုသာအရသင့်ဆုံးလို့ဆိုလာပါတယ်။
ပြီးခဲ့တဲ့နှစ်တုန်းက Ballon d’Or ဆုကို မချီးမြှင့်စဉ်တုန်းက အရသင့်ဆုံးဖြစ်ခဲ့တဲ့လီဝန်ဒေါ့စကီးမှာ ရှေ့ဆုံးမှရေပန်းစားခြင်းမရှိပါဘူး။လီဝန်ဒေါ့စကီးမှာ Ballon d’Or ဆန်ကာတင်စာရင်းမှာပါဝင်တဲ့တစ်ဦးတည်းသောဘိုင်ယန်မြူးနစ်ကစားသမားလည်းဖြစ်ပါတယ်။
Ballon d’Or ဆန်ကာတင်စာရင်းတွင်မပါဝင်မှုနဲ့ပတ်သက်ပြီးကမ်မစ်ချ်က “မပါလို့မအံ့ဩပါဘူး။ကျွန်တော်ကတစ်ကိုယ်တော်အစွမ်းအရမ်းကောင်းတဲ့ကစားသမားမျိုးမဟုတ်ပါဘူး။ကျွန်တော့်အတွက်ကတော့အသင်းအနိုင်ရဖို့ကအရေးအကြီးဆုံးပါ။ကိုယ့်အသင်းအနိုင်ရမှကျွန်တော်ကတောက်ပနိုင်သူပါ။အသင်းအပေါ်မှာမူတည်နေတာပါ။ဆန်ကာတင်စာရင်းမှာမပါဝင်လို့လည်း ဘာမှမခံစားရပါဘူး”လို့ပြောကြားသွားပါတယ်။
ပိုလန်တိုက်စစ်မှူးရောဘတ်လီဝန်ဒေါ့စကီးဟာပြီးခဲ့တဲ့ရာသီတုန်းကဘွန်ဒက်စ်လီဂါတွင်၄၁ဂိုးသွင်းယူကာဘွန်ဒက်စ်လီဂါသမိုင်းတွင်တစ်ရာသီအတွင်းဂိုးအများဆုံးသွင်းယူနိုင်သူစံချိန်သစ်ကိုရေးထိုးခဲ့ပါတယ်။သူဟာ၁၉၇၁-၇၂ရာသီတုန်းကဂတ်မူလာတင်ခဲ့တဲ့ဂိုး၄၀စံချိန်ကိုရိုက်ချိုးခဲ့တာဖြစ်ပါတယ်။
ZawGyi
Ballon d’Or ဆန်ကာတင်စာရင်းတွင် မပါဝင်မှုအတွက် ရိုးသားပြီး ပြည့်စုံတဲ့ အဖြေပေးခဲ့တဲ့ ကမ်မစ်ခ်ျ
ကမ်မစ်ခ်ျဟာ၂၀၂၁ခုနှစ်အတွက် Ballon d’Or ဆုအတွက်ဆန်ကာတင်စာရင်းတွင်ဘိုင်ယန်မြူးနစ်ကစားဖော်ရောဘတ်လီဝန်ဒေါ့စကီးနှင့်အတူ မပါဝင်ခြင်းမရှိမှုနဲ့ပတ်သက်ပြီးမေးမြန်းလာမှုကို အရိုးသားဆုံးနှင့်အပြည့်အစုံဆုံး အဖြေပေးနိုင်ခဲ့ပါတယ်။