Ballon d’Or ဆုကို ဆွတ်ခူးရန် အိပ်မက်မက်နေကြောင်း ဘန်ဇီးမား ဖွင့်ဟ

ကာရမ်ဘန်ဇီးမားကကလေးဘဝကတည်းက Ballon d’Or ဆုကိုဆွတ်ခူးရန်အိပ်မက်မက်လာခဲ့ကြောင်းဖွင့်ဟပြောကြားလာပါတယ်။ရီးရဲလ်မက်ဒရစ်တိုက်စစ်မှူးဟာမကြာသေးမီတုန်းက France Football ကထုတ်ပြန်ကြေညာတဲ့ Ballon d’Or ဆုအတွက်ဆန်ကာတင်ကစားသမား၃၀စာရင်းတွင်ပါဝင်လာသူဖြစ်ပါတယ်။

Ballon d’Or ဆုကိုယမန်တစ်နှစ်တာအကောင်းဆုံးကစားခဲ့တဲ့အကောင်းဆုံးကစားသမားကိုရွေးချယ်တာဖြစ်ပြီးပြီးခဲ့တဲ့၂၀၂၀ခုနှစ်တုန်းကကိုဗစ်ကြောင့်ရွေးချယ်ခဲ့ခြင်းမရှိပါဘူး။

၂၀၂၁ခုနှစ်မှာတော့ Balllon d’Or ဆုကိုပြန်လည်ချီးမြှင့်သွားမှာဖြစ်ပါတယ်။ဘန်ဇီးမားဟာဆန်ကာတင်ကစားသမားများစာရင်းမှာထပ်မံပါဝင်လာပေမယ့်ဆုရရှိဖို့တော့မရှိပါဘူး။

ဘန်ဇီးမားက “ကလေးဘဝကတည်းက Ballon d’Or ဆုကိုဆွတ်ခူးဖို့အိပ်မက်မက်လာခဲ့တာပါ။ဘောလုံးကအသင်းလိုက်ကစားတဲ့ကစားနည်းပါ။အသင်းအနိုင်ရအောင်ကူညီဖို့ကကူညီဖို့ပါ။ဒါပေမယ့်ကစားသမားတိုင်းကတော့ Ballon d’Or ဆုကိုရယူချင်ကြပါတယ်။ကျွန်တော်လည်းဒီဆုကိုဆွတ်ခူးနိုင်ဖို့ကြိုးစားသွားပါမယ်။တစ်နေ့မှာငယ်စဉ်ကတည်းကအိပ်မက်တကယ်ဖြစ်လာဖို့မျှော်လင့်နေပါတယ်”လို့ပြောကြားသွားပါတယ်။

အသက်၃၃နှစ်ရှိဘန်ဇီးမားဟာရီးရဲလ်မက်ဒရစ်မှခရစ္စတီယာနိုရော်နယ်ဒိုထွက်ခွာသွားပြီးနောက်အသင်းရဲ့အရေးအပါအဆုံးကစားသမားဖြစ်လာသူဖြစ်ပါတယ်။

လက်ရှိအချိန်တွင် 2021 Ballon d’Or ဆုကိုဆွတ်ခူးရန်လီယွန်နယ်မက်ဆီ၊ဂျော်ဂျင်ဟို၊အန်ဂိုလိုကန်တီတို့ကထိပ်ဆုံးမှရေပန်းစားနေပါတယ်။

ZawGyi

Ballon d’Or ဆုကို ဆြတ္ခူးရန္ အိပ္မက္မက္ေနေၾကာင္း ဘန္ဇီးမား ဖြင့္ဟ

ကာရမ္ဘန္ဇီးမားကကေလးဘဝကတည္းက Ballon d’Or ဆုကိုဆြတ္ခူးရန္အိပ္မက္မက္လာခဲ့ေၾကာင္းဖြင့္ဟေျပာၾကားလာပါတယ္။ရီးရဲလ္မက္ဒရစ္တိုက္စစ္မႉးဟာမၾကာေသးမီတုန္းက France Football ကထုတ္ျပန္ေၾကညာတဲ့ Ballon d’Or ဆုအတြက္ဆန္ကာတင္ကစားသမား၃၀စာရင္းတြင္ပါဝင္လာသူျဖစ္ပါတယ္။

Ballon d’Or ဆုကိုယမန္တစ္ႏွစ္တာအေကာင္းဆုံးကစားခဲ့တဲ့အေကာင္းဆုံးကစားသမားကိုေ႐ြးခ်ယ္တာျဖစ္ၿပီးၿပီးခဲ့တဲ့၂၀၂၀ခုႏွစ္တုန္းကကိုဗစ္ေၾကာင့္ေ႐ြးခ်ယ္ခဲ့ျခင္းမရွိပါဘူး။

၂၀၂၁ခုႏွစ္မွာေတာ့ Balllon d’Or ဆုကိုျပန္လည္ခ်ီးျမႇင့္သြားမွာျဖစ္ပါတယ္။ဘန္ဇီးမားဟာဆန္ကာတင္ကစားသမားမ်ားစာရင္းမွာထပ္မံပါဝင္လာေပမယ့္ဆုရရွိဖို႔ေတာ့မရွိပါဘူး။

ဘန္ဇီးမားက “ကေလးဘဝကတည္းက Ballon d’Or ဆုကိုဆြတ္ခူးဖို႔အိပ္မက္မက္လာခဲ့တာပါ။ေဘာလုံးကအသင္းလိုက္ကစားတဲ့ကစားနည္းပါ။အသင္းအႏိုင္ရေအာင္ကူညီဖို႔ကကူညီဖို႔ပါ။ဒါေပမယ့္ကစားသမားတိုင္းကေတာ့ Ballon d’Or ဆုကိုရယူခ်င္ၾကပါတယ္။ကြၽန္ေတာ္လည္းဒီဆုကိုဆြတ္ခူးႏိုင္ဖို႔ႀကိဳးစားသြားပါမယ္။တစ္ေန႔မွာငယ္စဥ္ကတည္းကအိပ္မက္တကယ္ျဖစ္လာဖို႔ေမွ်ာ္လင့္ေနပါတယ္”လို႔ေျပာၾကားသြားပါတယ္။

အသက္၃၃ႏွစ္ရွိဘန္ဇီးမားဟာရီးရဲလ္မက္ဒရစ္မွခရစၥတီယာႏိုေရာ္နယ္ဒိုထြက္ခြာသြားၿပီးေနာက္အသင္းရဲ႕အေရးအပါအဆုံးကစားသမားျဖစ္လာသူျဖစ္ပါတယ္။

လက္ရွိအခ်ိန္တြင္ 2021 Ballon d’Or ဆုကိုဆြတ္ခူးရန္လီယြန္နယ္မက္ဆီ၊ေဂ်ာ္ဂ်င္ဟို၊အန္ဂိုလိုကန္တီတို႔ကထိပ္ဆုံးမွေရပန္းစားေနပါတယ္။