Ballon d’Or ဆုကို မက်ဆီရရှိပါက အလွန်ဆိုးရွားလာမှာဖြစ်ပြီး ဂျော်ဂျင်ဟို(သို့)ကန်တီကိုပေးလိုက်ရန် အီဗရာပြောကြားလာ

ပက်ထရစ်အီဗရာကယခုနှစ် Ballon d’Or ဆုကို လီယွန်နယ်မက်ဆီထပ်မံဆွတ်ခူးပါက ယင်းဆုမှာအလွန်စိတ်ပျက်စရာကောင်းလာမှာဖြစ်ပြီး ယခုနှစ်ဆုကို အသစ်တစ်ဦးရရှိစေလိုကြောင်းပြောကြားလိုက်ပါတယ်။

Ballon d’Or ဆုကိုလာမယ့်နိုဝင်ဘာလတွင်ချီးမြှင့်မှာဖြစ်ပြီး ဆန်ကာတင်ကစားသမား၃၀ဦစာရင်းထွက်ပေါ်ထားပြီးဖြစ်ကာလီယွန်နယ်မက်ဆီကရေပန်းအစားဆုံးဖြစ်နေပါတယ်။

ဒါ့အပြင် Ballon d’Or ဆုအတွက် အခြားရေပန်းစားသူများအဖြစ်ဂျော်ဂျင်ဟို၊ကန်တီ၊လီဝန်ဒေါ့စကီး၊မိုဟာမက်ဆာလက်၊ဘန်ဇီးမားနှင့်ခရစ္စတီယာနိုရော်နယ်ဒိုတို့လည်းရှိပါသေးတယ်။

ဒါပေမယ့်အီဗရာက “လီယိုမက်ဆီကိုပဲပေးလိုက်ရင်တော့ကျွန်တော်တော့တော်တော်စိတ်ပျက်သွားမိမှာပဲ။ကျွန်တော့်အမြင်ပြောရရင် Ballon d’Or ကို ဂျော်ဂျင်ဟို(သို့မဟုတ်)ကန်တီဘဲရသင့်ပါတယ်။သူ(မက်ဆီ)သူဒီနှစ်ဘာလုပ်ပြနိုင်လဲ။ကိုပါအမေရိကဖလားလား။ကောင်းပြီလေ။ဘာစီလိုနာနဲ့ကောဘာတွေလုပ်ပြခဲ့တုန်း”လို့ပြောကြားသွားပါတယ်။

အီတလီနည်းပြရောဘတ်တိုမန်စီနီကလည်းယခုနှစ် Ballon d’Or ဆုနှင့်အထိုက်တန်ဆုံးမှာဂျော်ဂျင်ဟိုဖြစ်ကြောင်းဆိုထားပါတယ်။

ဂျော်ဂျင်ဟိုဟာယခုနှစ်နွေရာသီတွင်ယူရို၂၀၂၀ဖလား၊ချန်ပီယံလိဂ်ဖလား၊ဥရောပစူပါဖလားစတဲ့ဥရောပထိပ်သီးဆုသုံးဆုကိုဆွတ်ခူးနိုင်ခဲ့သူဖြစ်ပါတယ်။

ZawGyi

Ballon d’Or ဆုကို မက္ဆီရရွိပါက အလြန္ဆိုး႐ြားလာမွာျဖစ္ၿပီး ေဂ်ာ္ဂ်င္ဟို(သို႔)ကန္တီကိုေပးလိုက္ရန္ အီဗရာေျပာၾကားလာ

ပက္ထရစ္အီဗရာကယခုႏွစ္ Ballon d’Or ဆုကို လီယြန္နယ္မက္ဆီထပ္မံဆြတ္ခူးပါက ယင္းဆုမွာအလြန္စိတ္ပ်က္စရာေကာင္းလာမွာျဖစ္ၿပီး ယခုႏွစ္ဆုကို အသစ္တစ္ဦးရရွိေစလိုေၾကာင္းေျပာၾကားလိုက္ပါတယ္။

Ballon d’Or ဆုကိုလာမယ့္ႏိုဝင္ဘာလတြင္ခ်ီးျမႇင့္မွာျဖစ္ၿပီး ဆန္ကာတင္ကစားသမား၃၀ဦစာရင္းထြက္ေပၚထားၿပီးျဖစ္ကာလီယြန္နယ္မက္ဆီကေရပန္းအစားဆုံးျဖစ္ေနပါတယ္။

ဒါ့အျပင္ Ballon d’Or ဆုအတြက္ အျခားေရပန္းစားသူမ်ားအျဖစ္ေဂ်ာ္ဂ်င္ဟို၊ကန္တီ၊လီဝန္ေဒါ့စကီး၊မိုဟာမက္ဆာလက္၊ဘန္ဇီးမားႏွင့္ခရစၥတီယာႏိုေရာ္နယ္ဒိုတို႔လည္းရွိပါေသးတယ္။

ဒါေပမယ့္အီဗရာက “လီယိုမက္ဆီကိုပဲေပးလိုက္ရင္ေတာ့ကြၽန္ေတာ္ေတာ့ေတာ္ေတာ္စိတ္ပ်က္သြားမိမွာပဲ။ကြၽန္ေတာ့္အျမင္ေျပာရရင္ Ballon d’Or ကို ေဂ်ာ္ဂ်င္ဟို(သို႔မဟုတ္)ကန္တီဘဲရသင့္ပါတယ္။သူ(မက္ဆီ)သူဒီႏွစ္ဘာလုပ္ျပႏိုင္လဲ။ကိုပါအေမရိကဖလားလား။ေကာင္းၿပီေလ။ဘာစီလိုနာနဲ႔ေကာဘာေတြလုပ္ျပခဲ့တုန္း”လို႔ေျပာၾကားသြားပါတယ္။

အီတလီနည္းျပေရာဘတ္တိုမန္စီနီကလည္းယခုႏွစ္ Ballon d’Or ဆုႏွင့္အထိုက္တန္ဆုံးမွာေဂ်ာ္ဂ်င္ဟိုျဖစ္ေၾကာင္းဆိုထားပါတယ္။

ေဂ်ာ္ဂ်င္ဟိုဟာယခုႏွစ္ေႏြရာသီတြင္ယူ႐ို၂၀၂၀ဖလား၊ခ်န္ပီယံလိဂ္ဖလား၊ဥေရာပစူပါဖလားစတဲ့ဥေရာပထိပ္သီးဆုသုံးဆုကိုဆြတ္ခူးႏိုင္ခဲ့သူျဖစ္ပါတယ္။