Ballon d’Or ဆုကို အန်ဂိုလိုကန်တီ ဆွတ်ခူးသင့်သည်ဟု ပရိသတ် ၄၂.၈ ရာခိုင်နှုန်းက ယုံကြည်

ချဲလ်ဆီးနှင့်ပြင်သစ်အလယ်တန်းကစားသမားအန်ဂိုလိုကန်တီမှာ၂၀၂၁ခုနှစ်အတွက် Ballon d’Or ဆုကို ရောဘတ်လီဝန်ဒေါ့စကီး၊ကိုင်လီယန်အမ်ဘက်ပီနှင့်လီယွန်နယ်မက်ဆီတို့အားကျော်ဖြတ်ကာဆွတ်ခူးသင့်တယ်လို့ပရိသတ်များကယုံကြည်နေပါတယ်။

ကန်တီဟာမေလနှောင်းပိုင်းတုန်းကမန်စီးတီးအား၁-၀ဂိုးဖြင့်အနိုင်ရရှိတဲ့ချန်ပီယံလိဂ်ဗိုလ်လုပွဲတွင်အထူးခြေစွမ်းပြကစားကာ Man Of The Match ဆုကိုဆွတ်ခူးနိုင်ခဲ့ပါတယ်။

ကန်တီဟာကွင်းလယ်ခံစစ်ကစားသမားစစ်စစ်မပါဝင်တဲ့မန်စီးတီးကွင်းလယ်ကိုထိန်းချုပ်ကစားခဲ့ပြီးဘောလုံးပြန်ဆယ်မှု၁၀ကြိမ်၊တစ်ချင်းထိပ်တိုက်တွေ့ရာတွင်အနိုင်ရရှိမှု၁၁ကြိမ်အထိပြုလုပ်နိုင်ခဲ့ပါတယ်။

ကန်တီဟာမန်စီးတီးနှင့်ချန်ပီယံလိဂ်ဗိုလ်လုပွဲမတိုင်မီအက်သလက်တီကိုအား၁-၀ဂိုးဖြင့်အနိုင်ရရှိတဲ့ချန်ပီယံလိဂ်၁၆သင်းရှုံးထွက်အဆင့်ဒုတိယအကျော့ပွဲစဉ်အပြင်ရီးရဲလ်မက်ဒရစ်နှင့်ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်နှစ်ကျော့လုံးတို့တွင် Man Of The Match ဆုကိုဆွတ်ခူးနိုင်ခဲ့ပါသေးတယ်။

အသက်၃၀နှစ်ရှိကွင်းလယ်ကစားသမားဟာ Ballon d’Or ဆုကိုဆွတ်ခူးဖို့အတွက် ၅/၁ဖြင့်ထိပ်ဆုံးမှရေပန်းစားနေပါတယ်။၎င်းရဲ့နောက်မှာမက်ဆီက၇/၁ဖြင့်လည်းကောင်း၊ရော်နယ်ဒိုက၁၀/၁ဖြင့်လည်းကောင်းရပ်တည်နေပါတယ်။

တစ်ဖက်တွင်ပရိသတ်များကလည်းပြီးခဲ့တဲ့လများအတွင်းတွင်ကန်တီပြသခဲ့တဲ့ခြေစွမ်းကြောင့်၂၀၂၁ခုနှစ်အတွက် Ballon d’Or ဆုကိုဆွတ်ခူးသင့်ကြောင်းယုံကြည်နေပါတယ်။

တွစ်တာတွင် 2021 Ballon d’Or ဆုကို ဘယ်သူဆွတ်ခူးသင့်သလဲဆိုပြီးစစ်တမ်းကောက်ယူမှုတစ်ခုပြုလုပ်ခဲ့ရာပရိသတ်၁၅၅၀၀၀ကျော်တို့ပါဝင်ခဲ့ကြပါတယ်။ကန်တီဟာမဲ၄၂.၈ရာခိုင်နှုန်းဖြင့်ထိပ်ဆုံးတွင်ရပ်တည်နိုင်ခဲ့ပါတယ်။ဒုတိယမဲအများဆုံးအဖြစ်မက်ဆီကမဲ၂၇.၃ရာခိုင်နှုန်းဖြင့်လည်းကောင်း၊ကိုင်လီယန်အမ်ဘက်ပီကမဲ၅.၂ရာခိုင်နှုန်းဖြင့်တတိယအသီးသီးရပ်တည်ခဲ့ကြပါတယ်။

Play Maker စာဖတ်ပရိသတ်တွေကကောကန်တီကို Ballon d’Or ဆွတ်ခူးသင့်တယ်လို့မထင်ဘူးလား။

ZawGyi

Ballon d’Or ဆုကို အန္ဂိုလိုကန္တီ ဆြတ္ခူးသင့္သည္ဟု ပရိသတ္ ၄၂.၈ ရာခိုင္ႏႈန္းက ယုံၾကည္

ခ်ဲလ္ဆီးႏွင့္ျပင္သစ္အလယ္တန္းကစားသမားအန္ဂိုလိုကန္တီမွာ၂၀၂၁ခုႏွစ္အတြက္ Ballon d’Or ဆုကို ေရာဘတ္လီဝန္ေဒါ့စကီး၊ကိုင္လီယန္အမ္ဘက္ပီႏွင့္လီယြန္နယ္မက္ဆီတို႔အားေက်ာ္ျဖတ္ကာဆြတ္ခူးသင့္တယ္လို႔ပရိသတ္မ်ားကယုံၾကည္ေနပါတယ္။

ကန္တီဟာေမလေႏွာင္းပိုင္းတုန္းကမန္စီးတီးအား၁-၀ဂိုးျဖင့္အႏိုင္ရရွိတဲ့ခ်န္ပီယံလိဂ္ဗိုလ္လုပြဲတြင္အထူးေျခစြမ္းျပကစားကာ Man Of The Match ဆုကိုဆြတ္ခူးႏိုင္ခဲ့ပါတယ္။

ကန္တီဟာကြင္းလယ္ခံစစ္ကစားသမားစစ္စစ္မပါဝင္တဲ့မန္စီးတီးကြင္းလယ္ကိုထိန္းခ်ဳပ္ကစားခဲ့ၿပီးေဘာလုံးျပန္ဆယ္မႈ၁၀ႀကိမ္၊တစ္ခ်င္းထိပ္တိုက္ေတြ႕ရာတြင္အႏိုင္ရရွိမႈ၁၁ႀကိမ္အထိျပဳလုပ္ႏိုင္ခဲ့ပါတယ္။

ကန္တီဟာမန္စီးတီးႏွင့္ခ်န္ပီယံလိဂ္ဗိုလ္လုပြဲမတိုင္မီအက္သလက္တီကိုအား၁-၀ဂိုးျဖင့္အႏိုင္ရရွိတဲ့ခ်န္ပီယံလိဂ္၁၆သင္းရႈံးထြက္အဆင့္ဒုတိယအေက်ာ့ပြဲစဥ္အျပင္ရီးရဲလ္မက္ဒရစ္ႏွင့္ခ်န္ပီယံလိဂ္ဆီမီးဖိုင္နယ္ႏွစ္ေက်ာ့လုံးတို႔တြင္ Man Of The Match ဆုကိုဆြတ္ခူးႏိုင္ခဲ့ပါေသးတယ္။

အသက္၃၀ႏွစ္ရွိကြင္းလယ္ကစားသမားဟာ Ballon d’Or ဆုကိုဆြတ္ခူးဖို႔အတြက္ ၅/၁ျဖင့္ထိပ္ဆုံးမွေရပန္းစားေနပါတယ္။၎ရဲ႕ေနာက္မွာမက္ဆီက၇/၁ျဖင့္လည္းေကာင္း၊ေရာ္နယ္ဒိုက၁၀/၁ျဖင့္လည္းေကာင္းရပ္တည္ေနပါတယ္။

တစ္ဖက္တြင္ပရိသတ္မ်ားကလည္းၿပီးခဲ့တဲ့လမ်ားအတြင္းတြင္ကန္တီျပသခဲ့တဲ့ေျခစြမ္းေၾကာင့္၂၀၂၁ခုႏွစ္အတြက္ Ballon d’Or ဆုကိုဆြတ္ခူးသင့္ေၾကာင္းယုံၾကည္ေနပါတယ္။

တြစ္တာတြင္ 2021 Ballon d’Or ဆုကို ဘယ္သူဆြတ္ခူးသင့္သလဲဆိုၿပီးစစ္တမ္းေကာက္ယူမႈတစ္ခုျပဳလုပ္ခဲ့ရာပရိသတ္၁၅၅၀၀၀ေက်ာ္တို႔ပါဝင္ခဲ့ၾကပါတယ္။ကန္တီဟာမဲ၄၂.၈ရာခိုင္ႏႈန္းျဖင့္ထိပ္ဆုံးတြင္ရပ္တည္ႏိုင္ခဲ့ပါတယ္။ဒုတိယမဲအမ်ားဆုံးအျဖစ္မက္ဆီကမဲ၂၇.၃ရာခိုင္ႏႈန္းျဖင့္လည္းေကာင္း၊ကိုင္လီယန္အမ္ဘက္ပီကမဲ၅.၂ရာခိုင္ႏႈန္းျဖင့္တတိယအသီးသီးရပ္တည္ခဲ့ၾကပါတယ္။

Play Maker စာဖတ္ပရိသတ္ေတြကေကာကန္တီကို Ballon d’Or ဆြတ္ခူးသင့္တယ္လို႔မထင္ဘူးလား။