
ပြင်သစ်စူပါစတားကိုင်လီယန်ဘက်ပေးဟာ ၂၀၂၂ခုနှစ် Ballon d’Or ဆုပေးပွဲအခမ်းအနားသို့တက်ရောက်လာစဉ်ပရိသတ်များရဲ့လှောင်ပြောင်မှုများနှင့်ရင်ဆိုင်ခဲ့ရပါတယ်။
ကိုင်လီယန်ဘက်ပေးဟာပဲရစ်တွင်ကျင်းပတဲ့ Ballon d’Or ဆုပေးပွဲအခမ်းအနားသို့ ဖခင်ဖြစ်သူနှင့်အတူတက်ရောက်လာခဲ့ပြီးနောက် ကောဇောနီတွင်ဓာတ်ပုံရိုက်ကူးမှုခံယူခဲ့တာတွေ့ရပါတယ်။
Ballon d’Or ဆုပေးပွဲအခမ်းအနားကို ပဲရစ်ရှိThearte du Chatelet တွင်ကျင်းပတာဖြစ်ပါတယ်။ဒါကြောင့်လည်းကိုင်လီယန်ဘက်ပေးအတွက် သူ့အခြေချရာမြို့ဖြစ်ရာပြဿနာမရှိလောက်ဘူးလို့ယုံကြည်ရပါတယ်။
ဒါပေမဲ့တကယ်တမ်းမှာတော့ဘက်ပေးဟာ Ballon d’Or ဆုပေးပွဲသို့တက်ရောက်လာစဉ် ပရိသတ်များရဲ့လှောင်ပြောင်မှုများနှင့်ကြုံခဲ့ရပါတယ်။
ဘက်ပေးဟာမေလတုန်းကပီအက်စ်ဂျီနှင့်သုံးနှစ်စာချုပ်သစ်ချုပ်ဆိုခဲ့ပေမဲလည်းလာမယ့်ဇန်နဝါရီအပြောင်းအရွှေ့ဈေးကွက်တွင် အသင်းပြောင်းခွင့်တောင်းဆိုထားကြောင်းသတင်းထွက်ပေါ်လာမှုနှင့်အတူပီအက်စ်ဂျီပရိသတ်များရဲ့ဒေါသထွက်ခြင်းခံနေရတာလည်းဖြစ်ပါတယ်။
ဒါပေမဲ့ကာယကံရှင်ဘက်ပေးကတော့ ပီအက်စ်ဂျီထံအသင်းပြောင်းခွင့်တောင်းဆိုထားတယ်ဆိုတဲ့သတင်းကို လူသိရှင်ကြားငြင်းဆိုထားပါတယ်။
မနေ့ညတုန်းကကျင်းပတဲ့ Ballon d’Or ဆုပေးပွဲအခမ်းအနားတွင်ရီးရဲလ်မက်ဒရစ်နှင့်ပြင်သစ်တိုက်စစ်မှူးကာရမ်ဘန်ဇီးမားက ဆွတ်ခူးသွားခဲ့ပါတယ်။အကောင်းဆုံးလူငယ်ကစားသမားဆုကိုဂါဗီ၊အကောင်းဆုံးဂိုးသမားဆုကိုကော့တွိုက်စ်နှင့်အကောင်းဆုံးအမျိုးသမီးကစားသမားဆုကိုအလက်စီယာပူတဲလ်လစ်တို့ကဆွတ်ခူးသွားခဲ့ပါတယ်။
ZawGyi
Ballon d’Or ဆုေပးပြဲသို႔ တက္ေရာက္လာစဥ္ ပရိသတ္မ်ား ေလွာင္ေျပာင္မႈႏွင့္ ႀကဳံခဲ့ရတဲ့ ကိုင္လီယန္ဘက္ေပး
ျပင္သစ္စူပါစတားကိုင္လီယန္ဘက္ေပးဟာ ၂၀၂၂ခုႏွစ္ Ballon d’Or ဆုေပးပြဲအခမ္းအနားသို႔တက္ေရာက္လာစဥ္ပရိသတ္မ်ားရဲ႕ေလွာင္ေျပာင္မႈမ်ားႏွင့္ရင္ဆိုင္ခဲ့ရပါတယ္။
ကိုင္လီယန္ဘက္ေပးဟာပဲရစ္တြင္က်င္းပတဲ့ Ballon d’Or ဆုေပးပြဲအခမ္းအနားသို႔ ဖခင္ျဖစ္သူႏွင့္အတူတက္ေရာက္လာခဲ့ၿပီးေနာက္ ေကာေဇာနီတြင္ဓာတ္ပုံ႐ိုက္ကူးမႈခံယူခဲ့တာေတြ႕ရပါတယ္။
Ballon d’Or ဆုေပးပြဲအခမ္းအနားကို ပဲရစ္ရွိThearte du Chatelet တြင္က်င္းပတာျဖစ္ပါတယ္။ဒါေၾကာင့္လည္းကိုင္လီယန္ဘက္ေပးအတြက္ သူ႔အေျခခ်ရာၿမိဳ႕ျဖစ္ရာျပႆနာမရွိေလာက္ဘူးလို႔ယုံၾကည္ရပါတယ္။
ဒါေပမဲ့တကယ္တမ္းမွာေတာ့ဘက္ေပးဟာ Ballon d’Or ဆုေပးပြဲသို႔တက္ေရာက္လာစဥ္ ပရိသတ္မ်ားရဲ႕ေလွာင္ေျပာင္မႈမ်ားႏွင့္ႀကဳံခဲ့ရပါတယ္။
ဘက္ေပးဟာေမလတုန္းကပီအက္စ္ဂ်ီႏွင့္သုံးႏွစ္စာခ်ဳပ္သစ္ခ်ဳပ္ဆိုခဲ့ေပမဲလည္းလာမယ့္ဇန္နဝါရီအေျပာင္းအေ႐ႊ႕ေဈးကြက္တြင္ အသင္းေျပာင္းခြင့္ေတာင္းဆိုထားေၾကာင္းသတင္းထြက္ေပၚလာမႈႏွင့္အတူပီအက္စ္ဂ်ီပရိသတ္မ်ားရဲ႕ေဒါသထြက္ျခင္းခံေနရတာလည္းျဖစ္ပါတယ္။
ဒါေပမဲ့ကာယကံရွင္ဘက္ေပးကေတာ့ ပီအက္စ္ဂ်ီထံအသင္းေျပာင္းခြင့္ေတာင္းဆိုထားတယ္ဆိုတဲ့သတင္းကို လူသိရွင္ၾကားျငင္းဆိုထားပါတယ္။
မေန႔ညတုန္းကက်င္းပတဲ့ Ballon d’Or ဆုေပးပြဲအခမ္းအနားတြင္ရီးရဲလ္မက္ဒရစ္ႏွင့္ျပင္သစ္တိုက္စစ္မႉးကာရမ္ဘန္ဇီးမားက ဆြတ္ခူးသြားခဲ့ပါတယ္။အေကာင္းဆုံးလူငယ္ကစားသမားဆုကိုဂါဗီ၊အေကာင္းဆုံးဂိုးသမားဆုကိုေကာ့တြိဳက္စ္ႏွင့္အေကာင္းဆုံးအမ်ိဳးသမီးကစားသမားဆုကိုအလက္စီယာပူတဲလ္လစ္တို႔ကဆြတ္ခူးသြားခဲ့ပါတယ္။