ဂျာနယ်လစ်၄ဦးတည်းသာ Ballon d’Or ပထမနေရာတွက်ကာရမ်ဘန်ဇီးမားကိုမဲမပေးခဲ့ကြကြောင်းသိရပါတယ်။ယင်းဂျာနယ်လစ်၄ဦးမှ၂ဦးတို့ကမိုဟာမက်ဆာလက်ကိုမဲပေးခဲ့ကြပါတယ်။
ကာရမ်ဘန်ဇီးမားဟာမဲ၅၄၉မဲရရှိပြီးကစားသမားဘဝတစ်လျှောက်ပထမဆုံးအကြိမ်အဖြစ် Ballon d’Or ဆုကိုဆွတ်ခူးနိုင်ခဲ့ပါတယ်။
ပြင်သစ်နှင့်ရီးရဲလ်မက်ဒရစ်တိုက်စစ်မှူးဟာဒုတိယနေရာမှာ ဆာဒေယိုမာနေး(၁၉၃မဲ)ထက်မဲသုံးရာကျော်ရရှိပြီး Ballon d’Or ဆုကိုဆွတ်ခူးခဲ့တာလည်းဖြစ်ပါတယ်။
ရီးရဲလ်မက်ဒရစ်စူပါစတားဟာမဲပြတ်ပြတ်သားသားရရှိပြီး Ballon d’Or ဆုကိုရရှိခဲ့တာဖြစ်ပါတယ်။သူ့ကိုဂျာနယ်လစ်၄ဦးတည်းကသာ ပထမနေရာအတွက်မဲမပေးခဲ့ကြတာလည်းဖြစ်ပါတယ်။
အီဂျစ်၊နယ်သာလန်၊ဆီနီဂေါနှင့်ဆလိုဗေးနီးယားမှဂျာနယ်လစ်တို့ဟာ Ballon d’Or အတွက်ကာရမ်ဘန်ဇီးမားကိုမဲမပေးခဲ့ကြတာဖြစ်ပါတယ်။
အီဂျစ်မှဂျာနယ်လစ်ကတစ်နိုင်ငံတည်းသားမိုဟာမက်ဆာလက်ကိုမဲပေးခဲ့တာဖြစ်ပြီးနယ်သာလန်မှဂျာနယ်လစ်ကလည်း မိုဟာမက်ဆာလက်ကိုပေးခဲ့ပါတယ်။ဆီနီဂေါမှဂျာနယ်လစ်ကလည်းတနိုင်ငံတည်းသာဆာဒေယိုမာနေးကိုမဲပေးခဲ့ပါတယ်။ဆလိုဗေးနီးယားဂျာနယ်လစ်ကကီဗင်ဒီဘရိုင်းကိုမဲပေးခဲ့တာဖြစ်ပါတယ်။
အသက်၃၄နှစ်ရှိကာရမ်ဘန်ဇီးမားဟာ၁၉၅၆ခုနှစ်တုန်းကစတန်လေမက်သရူးပြီးနောက် Ballon d’Or ဆုကိုဆွတ်ခူးနိုင်တဲ့အသက်အကြီးဆုံးကစားသမားလည်းဖြစ်ပါတယ်။
ZawGyi
Ballon d’Or ဆုအတွက် ဘန်ဇီးမားကို ဂျာနယ်လစ် ၄ ဦးတည်းသာ မဲမပေးခဲ့ကြ
ဂျာနယ်လစ်၎ဦးတည်းသာ Ballon d’Or ပထမနေရာတွက်ကာရမ်ဘန်ဇီးမားကိုမဲမပေးခဲ့ကြကြောင်းသိရပါတယ်။ယင်းဂျာနယ်လစ်၎ဦးမှ၂ဦးတို့ကမိုဟာမက်ဆာလက်ကိုမဲပေးခဲ့ကြပါတယ်။