Ballon d’Or ဆုအတွက် အာဖရိကကစားသမားများ မမျှမတဆက်ဆံခံနေရကြောင်း မာနေးပြောကြား
ဆာဒေယိုမာနေးကအာဖရိကကစားသမားများမှာBallon d’Or ဆုအတွက်ယှဉ်ပြိုင်ရာတွင်မမျှမတဆက်ဆံခံနေရကြောင်းပြောကြားလာပါတယ်။
ဆာဒေယိုမာနေးဟာယခုရာသီတွင်ဆီနီဂေါ၊လီဗာပူးတို့နှင့်အတူအံ့ဩစရာကောင်းတဲ့ရာသီတစ်ခုကြုံတွေ့ထားပါတယ်။
သူဟာဆီနီဂေါနှင့်အတူအာဖရိကဖလားဆွတ်ခူးထားသလိုကမ္ဘာ့ဖလားခြေစစ်ပွဲအောင်ထားပါတယ်။ဒါ့အပြင်သူဟာလီဗာပူးနှင့်အတူခါရာဘောင်ဖလား၊အက်ဖ်အေဖလားတို့ဆွတ်ခူးထားပါတယ်။
မာနေးရဲ့လီဗာပူးဟာယနေ့ညတွင်လည်းပဲရစ်တွင်ရီးရဲလ်မက်ဒရစ်နှင့်ချန်ပီယံလိဂ်ဗိုလ်လုပွဲကစားသွားရပါမယ်။
မာနေးက “ဒါက(ဆုအတွက်လှည့်မကြည့်မခံရ)အမှန်ပါ။ခင်ဗျားတို့(မီဒီယာ)တောင်ပြောနေတယ်ဆိုတော့ကျွန်တော်တို့ပြောစရာတောင်မလိုတော့ဘူး။ဒါကစိတ်မကောင်းစရာပါ။ဒီဖလား၊အာဖရိကဖလားကကျွန်တော့်ဘဝမှာဆွတ်ခူးခဲ့မျှဆုတွေထဲမှာအကြီးကျယ်ဆုံးဆုပါ။ဂျော့ဝီယာနောက်ပိုင်းအာဖရိကဖလားတွေ Ballon d’Or မဆွတ်ခူးတာစိတ်မကောင်းစရာပါ။ချန်ပီယံလိဂ်ဖလားရမှုကတကယ့်စပါယ်ရှယ်ပါ။နောက်ထပ်ကစားခွင့်ရလာပြန်ပါတယ်။အနိုင်ရဖို့အခွင့်အရေးရလာပြန်ပါတယ်။အနိုင်ရဖို့အစွမ်းကုန်ကြိုးပမ်းမယ်။ပြီးတော့မှ Ballon d’Or အပါအဝင်ကျန်တာဘာဖြစ်လာမလဲကြည့်မယ်”လို့ပြောကြားသွားပါတယ်။
မာနေးဟာချန်ပီယံလိဂ်ဗိုလ်လုပွဲအပြီးတွင်သူ့ရဲ့လီဗာပူးအနာဂတ်ကိုကြေညာမယ်လို့ပြောကြားထားသူလည်းဖြစ်ပါတယ်။ လီဗာပူးနှင့်တစ်နှစ်စာချုပ်သက်တမ်းသာကျန်တော့တဲ့မာနေးဟာဘိုင်ယန်မြူးနစ်သို့ပြောင်းမယ်လို့သတင်းများထွက်ပေါ်နေသူလည်းဖြစ်ပါတယ်။
ZawGyi