Ballon d’Or တွင် အဆင့် ၇ သာချိတ်ခဲ့မှုအတွက် တုန်လှုပ်ခဲ့ရကြောင်း လီဗာပူးစတားဆာလက်ဝန်ခံ

လီဗာပူးစူပါစတားမိုဟာမက်ဆာလက်က၂၀၂၁ခုနှစ် Ballon d’Or တွင်အဆင့်၇နေရာတွင်သာရပ်တည်နိုင်ခဲ့မှုအပေါ်အကြီးအကျယ်အံ့ဩတုန်လှုပ်ခဲ့ရကြောင်းဖွင့်ဟပြောကြားသွားပါတယ်။

ပြီးခဲ့တဲ့နှစ်နိုဝင်ဘာလတုန်းကကျင်းပခဲ့တဲ့ Ballon d’Or ဆုပေးပွဲတွင်လီယွန်နယ်မက်ဆီကခုနှစ်ကြိမ်မြောက်အဖြစ်ဆွတ်ခူးသွားခဲ့ပါတယ်။မက်ဆီဟာလီဝန်ဒေါ့စကီးအားကျော်ဖြတ်ကာဆွတ်ခူးခဲ့တာလည်းဖြစ်ပါတယ်။

ဂျော်ဂျင်ဟို၊ကာရမ်ဘန်ဇီးမား၊အန်ဂိုလိုကန်တီတို့က၎င်းတို့နောက်မှာအသီးသီးရပ်တည်ခဲ့ပြီးခရစ္စတီယာနိုရော်နယ်ဒိုမှာအဆင့်၆နေရာမှာရပ်တည်ခဲ့ပါတယ်။အီဂျစ်စူပါစတားမှာအဆင့်၇နေရာမှာသာရပ်တည်နိုင်ခဲ့ပါတယ်။

ဆာလက်က “အရမ်းတုန်လှုပ်ခဲ့ရတယ်။ဒါပေမဲ့ကျုပ်ဘာများပြောနိုင်မှာလဲ။ကျုပ်အဆင့်၇နေရာမှာရပ်တည်မယ်လို့ ဘယ်သူများထင်မှာလဲ။ဒါပေမဲ့ ဖြစ်လာခဲ့ပြီးပြီပဲလေ”လို့ ပြောကြားသွားပါတယ်။

ဆာလက်ဟာ Ballon d’Or တွင်အဆင့်၇နေရာမှာသာရပ်တည်နိုင်ခဲ့ပေမဲ့ ဖီဖာတစ်နှစ်တာအကောင်းဆုံးဆုစာရင်းတွင်လီဝန်ဒေါ့စကီး၊မက်ဆီနောက်တတိယနေရာတွင်ရပ်တည်ခဲ့ပါတယ်။ဒါပေမဲ့သူဟာ FIFAPro ရဲ့ကမ္ဘာ့အကောင်းဆုံးအသင်းတွင်မပါဝင်ခဲ့ပါဘူး။

ZawGyi

Ballon d’Or တြင္ အဆင့္ ၇ သာခ်ိတ္ခဲ့မႈအတြက္ တုန္လႈပ္ခဲ့ရေၾကာင္း လီဗာပူးစတားဆာလက္ဝန္ခံ

လီဗာပူးစူပါစတားမိုဟာမက္ဆာလက္က၂၀၂၁ခုႏွစ္ Ballon d’Or တြင္အဆင့္၇ေနရာတြင္သာရပ္တည္ႏိုင္ခဲ့မႈအေပၚအႀကီးအက်ယ္အံ့ဩတုန္လႈပ္ခဲ့ရေၾကာင္းဖြင့္ဟေျပာၾကားသြားပါတယ္။

ၿပီးခဲ့တဲ့ႏွစ္ႏိုဝင္ဘာလတုန္းကက်င္းပခဲ့တဲ့ Ballon d’Or ဆုေပးပြဲတြင္လီယြန္နယ္မက္ဆီကခုႏွစ္ႀကိမ္ေျမာက္အျဖစ္ဆြတ္ခူးသြားခဲ့ပါတယ္။မက္ဆီဟာလီဝန္ေဒါ့စကီးအားေက်ာ္ျဖတ္ကာဆြတ္ခူးခဲ့တာလည္းျဖစ္ပါတယ္။

ေဂ်ာ္ဂ်င္ဟို၊ကာရမ္ဘန္ဇီးမား၊အန္ဂိုလိုကန္တီတို႔က၎တို႔ေနာက္မွာအသီးသီးရပ္တည္ခဲ့ၿပီးခရစၥတီယာႏိုေရာ္နယ္ဒိုမွာအဆင့္၆ေနရာမွာရပ္တည္ခဲ့ပါတယ္။အီဂ်စ္စူပါစတားမွာအဆင့္၇ေနရာမွာသာရပ္တည္ႏိုင္ခဲ့ပါတယ္။

ဆာလက္က “အရမ္းတုန္လႈပ္ခဲ့ရတယ္။ဒါေပမဲ့က်ဳပ္ဘာမ်ားေျပာႏိုင္မွာလဲ။က်ဳပ္အဆင့္၇ေနရာမွာရပ္တည္မယ္လို႔ ဘယ္သူမ်ားထင္မွာလဲ။ဒါေပမဲ့ ျဖစ္လာခဲ့ၿပီးၿပီပဲေလ”လို႔ ေျပာၾကားသြားပါတယ္။

ဆာလက္ဟာ Ballon d’Or တြင္အဆင့္၇ေနရာမွာသာရပ္တည္ႏိုင္ခဲ့ေပမဲ့ ဖီဖာတစ္ႏွစ္တာအေကာင္းဆုံးဆုစာရင္းတြင္လီဝန္ေဒါ့စကီး၊မက္ဆီေနာက္တတိယေနရာတြင္ရပ္တည္ခဲ့ပါတယ္။ဒါေပမဲ့သူဟာ FIFAPro ရဲ႕ကမာၻ႔အေကာင္းဆုံးအသင္းတြင္မပါဝင္ခဲ့ပါဘူး။