Ballon d’Or 2021 ဆုအတွက် ရေပန်းအစားအဆုံး ဖြစ်နေတဲ့ လီယွန်နယ်မက်ဆီ

Ballon d’Or ဆုကိုခြောက်ကြိမ်ဆွတ်ခူးထားတဲ့လီယွန်နယ်မက်ဆီဟာ Ballon d’Or ဆုကို ခုနှစ်ကြိမ်မြောက်အဖြစ်ဆွတ်ခူးနိုင်ရန်ထိပ်ဆုံးမှရေပန်စားနေပါတယ်။တကယ်လို့များ ယခုနှစ် Ballon d’Or ဆုကို မက်ဆီဆွတ်ခူးမယ်ဆိုရင်တော့ခရစ္စတီယာနိုရော်နယ်ဒိုထက်နှစ်ကြိမ်ပိုများပြီးဆွတ်ခူးနိုင်မှာဖြစ်ပါတယ်။

မက်ဆီလား?ရော်နယ်ဒိုလား?ပြီးခဲ့တဲ့ဆယ်စုနှစ်နှစ်ခုနီးပါးအတွင်းမှာသူတို့နှစ်ဦးဟာဘောလုံးလောကကိုလွှမ်းမိုးထားခဲ့ကြပြီးဘယ်သူအကောင်းဆုံးလဲဆိုတာနဲ့ပတ်သက်ပြီးအများကြီးအငြင်းပွားခဲ့ကြပါတယ်။ဒါပေမယ့်တဖြည်းဖြည်းနဲ့အငြင်းပွားမှုကလျှော့နည်းလာခဲ့ပြီဖြစ်ပါတယ်။

ပြီးခဲ့တဲ့ဘောလုံးရာသီတုန်းကမက်ဆီဟာလာလီဂါဖလားမဆွတ်ခူးနိုင်ခဲ့ပေမယ့်လည်းလာလီဂါမှာဂိုး၃၀သွင်းပြီးလာလီဂါဂိုးသွင်းဘုရင်ဆုကိုဆွတ်ခူးနိုင်ခဲ့ပါတယ်။ကစား သမားဘဝတစ်လျှောက်အာဂျင်တီးနားနှင့်အတူဆုဖလားမဆွတ်ခူးနိုင်လို့ဝေဖန်မှုများကြုံလာခဲ့ရတဲ့မက်ဆီဟာမကြာသေးမီတုန်းကကိုပါအမေရိကဖလားဆွတ်ခူးကာအားလုံးနှုတ်ဆိတ်စေခဲ့ပြီဖြစ်ပါတယ်။ဒါ့အပြင်မက်ဆီဟာပြီးခဲ့တဲ့ရာသီတုန်းကစပိန်ကိုပါဒယ်ရေးဖလားဆွတ်ခူးနိုင်ခဲ့ပါတယ်။

ဒါကြောင့်လည်းမက်ဆီဟာ Ballon d’Or ဆုကိုခုနှစ်ကြိမ်မြောက်အဖြစ်ဆွတ်ခူးဖို့အတွက် ဘွတ်ကီဒိုင်ရဲ့ဖွင့်လစ်မှုမှာရေပန်းအစားဆုံးဖြစ်နေပါတယ်။

မက်ဆီဟာ၂/၅ ဖြင့်ရေပန်းအစားဆုံးဖြစ်နေပြီးလီဝန်ဒေါ့စကီးက၆/၁ဖြင့်ဒုတိယရေပန်းအစားဆုံးဖြစ်နေပါတယ်။တတိယရေပန်းအစားဆုံးကတော့ခရစ္စတီယာနိုရော်နယ်ဒိုဖြစ်ပြီး၈/၁ဖြင့်ဖွင့်လှစ်ထားပါတယ်။

၎င်းတို့ရဲ့နောက်မှာဟယ်ရီကိန်း၉/၁၊အန်ဂိုလိုကန်တီ၁၆/၁၊ရာဟမ်းစတာလင်း၁၆/၁၊ကီဗင်ဒီဘရိုင်း၁၆/၁၊ဂျော်ဂျင်ဟို၁၄/၁၊နေမာ၂၅/၁၊အမ်ဘက်ပီ၂၅/၁နှင့်အမ်မိုဘိုင်း၃၃/၁တို့ရေပန်းစားနေပါတယ်။

ZawGyi

Ballon d’Or 2021 ဆုအတြက္ ေရပန္းအစားအဆုံး ျဖစ္ေနတဲ့ လီယြန္နယ္မက္ဆီ

Ballon d’Or ဆုကိုေျခာက္ႀကိမ္ဆြတ္ခူးထားတဲ့လီယြန္နယ္မက္ဆီဟာ Ballon d’Or ဆုကို ခုႏွစ္ႀကိမ္ေျမာက္အျဖစ္ဆြတ္ခူးႏိုင္ရန္ထိပ္ဆုံးမွေရပန္စားေနပါတယ္။တကယ္လို႔မ်ား ယခုႏွစ္ Ballon d’Or ဆုကို မက္ဆီဆြတ္ခူးမယ္ဆိုရင္ေတာ့ခရစၥတီယာႏိုေရာ္နယ္ဒိုထက္ႏွစ္ႀကိမ္ပိုမ်ားၿပီးဆြတ္ခူးႏိုင္မွာျဖစ္ပါတယ္။

မက္ဆီလား?ေရာ္နယ္ဒိုလား?ၿပီးခဲ့တဲ့ဆယ္စုႏွစ္ႏွစ္ခုနီးပါးအတြင္းမွာသူတို႔ႏွစ္ဦးဟာေဘာလုံးေလာကကိုလႊမ္းမိုးထားခဲ့ၾကၿပီးဘယ္သူအေကာင္းဆုံးလဲဆိုတာနဲ႔ပတ္သက္ၿပီးအမ်ားႀကီးအျငင္းပြားခဲ့ၾကပါတယ္။ဒါေပမယ့္တျဖည္းျဖည္းနဲ႔အျငင္းပြားမႈကေလွ်ာ့နည္းလာခဲ့ၿပီျဖစ္ပါတယ္။

ၿပီးခဲ့တဲ့ေဘာလုံးရာသီတုန္းကမက္ဆီဟာလာလီဂါဖလားမဆြတ္ခူးႏိုင္ခဲ့ေပမယ့္လည္းလာလီဂါမွာဂိုး၃၀သြင္းၿပီးလာလီဂါဂိုးသြင္းဘုရင္ဆုကိုဆြတ္ခူးႏိုင္ခဲ့ပါတယ္။ကစား သမားဘဝတစ္ေလွ်ာက္အာဂ်င္တီးနားႏွင့္အတူဆုဖလားမဆြတ္ခူးႏိုင္လို႔ေဝဖန္မႈမ်ားႀကဳံလာခဲ့ရတဲ့မက္ဆီဟာမၾကာေသးမီတုန္းကကိုပါအေမရိကဖလားဆြတ္ခူးကာအားလုံးႏႈတ္ဆိတ္ေစခဲ့ၿပီျဖစ္ပါတယ္။ဒါ့အျပင္မက္ဆီဟာၿပီးခဲ့တဲ့ရာသီတုန္းကစပိန္ကိုပါဒယ္ေရးဖလားဆြတ္ခူးႏိုင္ခဲ့ပါတယ္။

ဒါေၾကာင့္လည္းမက္ဆီဟာ Ballon d’Or ဆုကိုခုႏွစ္ႀကိမ္ေျမာက္အျဖစ္ဆြတ္ခူးဖို႔အတြက္ ဘြတ္ကီဒိုင္ရဲ႕ဖြင့္လစ္မႈမွာေရပန္းအစားဆုံးျဖစ္ေနပါတယ္။

မက္ဆီဟာ၂/၅ ျဖင့္ေရပန္းအစားဆုံးျဖစ္ေနၿပီးလီဝန္ေဒါ့စကီးက၆/၁ျဖင့္ဒုတိယေရပန္းအစားဆုံးျဖစ္ေနပါတယ္။တတိယေရပန္းအစားဆုံးကေတာ့ခရစၥတီယာႏိုေရာ္နယ္ဒိုျဖစ္ၿပီး၈/၁ျဖင့္ဖြင့္လွစ္ထားပါတယ္။

၎တို႔ရဲ႕ေနာက္မွာဟယ္ရီကိန္း၉/၁၊အန္ဂိုလိုကန္တီ၁၆/၁၊ရာဟမ္းစတာလင္း၁၆/၁၊ကီဗင္ဒီဘ႐ိုင္း၁၆/၁၊ေဂ်ာ္ဂ်င္ဟို၁၄/၁၊ေနမာ၂၅/၁၊အမ္ဘက္ပီ၂၅/၁ႏွင့္အမ္မိုဘိုင္း၃၃/၁တို႔ေရပန္းစားေနပါတယ္။