အနာဂတ်မရေရာတော့ကြောင်း ကိုးမန်းဝန်ခံ

ဘာစီလိုနာနည်းပြရော်နယ်ကိုးမန်းကလီဗန်တေးနှင့်သုံးဂိုးစီသရေကျကာလာလီဂါဖလားမျှော်လင့်ချက်ကုန်ဆုံးသွားပြီးနောက်သူ့ရဲ့ဘာစီလိုနာနည်းပြအနာဂတ်မှာလည်းမရေမရာဖြစ်လာကြောင်းဖွင့်ဟပြောကြားသွားပါတယ်။

ဘာစီလိုနာဟာလီဗန်တေးနှင့်ပွဲတွင်လာလီဂါဖလားမျှော်လင့်ချက်ဆက်လက်ရှင်သန်နိုင်ရေးအတွက်အနိုင်ရရှိရန်လိုအပ်နေခဲ့ပြီးပထမဆုံးပိုင်းတွင်၂-၀ဂိုးဖြင့်ဦးဆောင်နိုင်ခဲ့ပါတယ်။ဒါပေမယ့်လီဗန်တေးကချေပဂိုးများပြန်လည်သွင်းယူမှုကြောင့်၂ဂိုးစီသရေဖြစ်ခဲ့ပါတယ်။ဘာစီလိုနာဟာနောက်ထပ်တစ်ကြိမ်ဦးဆောင်ဂိုးထပ်မံရရှိခဲ့ပေမယ့်ချေပဂိုးပြန်ပေးခဲ့ရမှုကြောင့်သရေဖြင့်သာကျေနပ်ခဲ့ရပါတယ်။

ဒါကြောင့်လည်းကိုးမန်းက “နည်းပြတွေကအနာဂတ်နဲ့ပတ်သက်ပြီးအမြဲတမ်းမေးခွန်းထုတ်ခံရပါတယ်။ဒါနဲ့ပတ်သက်ပြီးကျွန်တော်နားလည်ပါတယ်။ပြီးတော့ဒုတိယပိုင်းမှာသရေကျသွားတော့မေးခွန်းထုတ်ပြီးအထုတ်ခံလာရပါတယ်။ကျွန်တော်တို့အရမ်းစိတ်ပျက်နေပါတယ်။ဖြစ်ပျက်တာတွေနဲ့ပတ်သက်ပြီးတုန်လှုပ်ရပါတယ်။ဒါပေမယ့်ဒါကိုချန်ထားခဲ့ရပါတော့မယ်။လာမယ့်ရာသီအတွက်ဘဲပြင်ရပါတော့မယ်။နည်းပြတစ်ဦးအနေနဲ့တာဝန်ယူမှု၊တာဝန်ခံမှုရှိပါတယ်”လို့ပြောကြားသွားပါတယ်။

ဒါ့အပြင်ဘာစီလိုနာကွင်းလယ်ကစာသမားဘက်စကွက်ကလည်းလီဗန်တေးအရှုံးကြောင့်ဘာစီလိုနာရဲ့လာလီဂါမျှော်လင့်ချက်ကုန်ဆုံးသွားပြီဖြစ်ကြောင်းဝန်ခံပြောကြားသွားပါတယ်။

ဘာစီလိုနာဟာလာလီဂါလက်ကျန်ပွဲစဉ်များအဖြစ်လာမယ့်တနင်္ဂနွေနေ့မှာဆဲလ်တာဗီဂို(အိမ်ကွင်း)နှင့်နောက်တစ်ပတ်တနင်္ဂနွေနေ့မှာအီဘာ(အဝေးကွင်း)တို့ကိုကစားရပါမယ်။

zawgyi

အနာဂတ္မေရရာေတာ့ေၾကာင္း ကိုးမန္းဝန္ခံ

ဘာစီလိုနာနည္းျပေရာ္နယ္ကိုးမန္းကလီဗန္ေတးႏွင့္သုံးဂိုးစီသေရက်ကာလာလီဂါဖလားေမွ်ာ္လင့္ခ်က္ကုန္ဆုံးသြားၿပီးေနာက္သူ႔ရဲ႕ဘာစီလိုနာနည္းျပအနာဂတ္မွာလည္းမေရမရာျဖစ္လာေၾကာင္းဖြင့္ဟေျပာၾကားသြားပါတယ္။

ဘာစီလိုနာဟာလီဗန္ေတးႏွင့္ပြဲတြင္လာလီဂါဖလားေမွ်ာ္လင့္ခ်က္ဆက္လက္ရွင္သန္ႏိုင္ေရးအတြက္အႏိုင္ရရွိရန္လိုအပ္ေနခဲ့ၿပီးပထမဆုံးပိုင္းတြင္၂-၀ဂိုးျဖင့္ဦးေဆာင္ႏိုင္ခဲ့ပါတယ္။ဒါေပမယ့္လီဗန္ေတးကေခ်ပဂိုးမ်ားျပန္လည္သြင္းယူမႈေၾကာင့္၂ဂိုးစီသေရျဖစ္ခဲ့ပါတယ္။ဘာစီလိုနာဟာေနာက္ထပ္တစ္ႀကိမ္ဦးေဆာင္ဂိုးထပ္မံရရွိခဲ့ေပမယ့္ေခ်ပဂိုးျပန္ေပးခဲ့ရမႈေၾကာင့္သေရျဖင့္သာေက်နပ္ခဲ့ရပါတယ္။

ဒါေၾကာင့္လည္းကိုးမန္းက “နည္းျပေတြကအနာဂတ္နဲ႔ပတ္သက္ၿပီးအၿမဲတမ္းေမးခြန္းထုတ္ခံရပါတယ္။ဒါနဲ႔ပတ္သက္ၿပီးကြၽန္ေတာ္နားလည္ပါတယ္။ၿပီးေတာ့ဒုတိယပိုင္းမွာသေရက်သြားေတာ့ေမးခြန္းထုတ္ၿပီးအထုတ္ခံလာရပါတယ္။ကြၽန္ေတာ္တို႔အရမ္းစိတ္ပ်က္ေနပါတယ္။ျဖစ္ပ်က္တာေတြနဲ႔ပတ္သက္ၿပီးတုန္လႈပ္ရပါတယ္။ဒါေပမယ့္ဒါကိုခ်န္ထားခဲ့ရပါေတာ့မယ္။လာမယ့္ရာသီအတြက္ဘဲျပင္ရပါေတာ့မယ္။နည္းျပတစ္ဦးအေနနဲ႔တာဝန္ယူမႈ၊တာဝန္ခံမႈရွိပါတယ္”လို႔ေျပာၾကားသြားပါတယ္။

ဒါ့အျပင္ဘာစီလိုနာကြင္းလယ္ကစာသမားဘက္စကြက္ကလည္းလီဗန္ေတးအရႈံးေၾကာင့္ဘာစီလိုနာရဲ႕လာလီဂါေမွ်ာ္လင့္ခ်က္ကုန္ဆုံးသြားၿပီျဖစ္ေၾကာင္းဝန္ခံေျပာၾကားသြားပါတယ္။

ဘာစီလိုနာဟာလာလီဂါလက္က်န္ပြဲစဥ္မ်ားအျဖစ္လာမယ့္တနဂၤေႏြေန႔မွာဆဲလ္တာဗီဂို(အိမ္ကြင္း)ႏွင့္ေနာက္တစ္ပတ္တနဂၤေႏြေန႔မွာအီဘာ(အေဝးကြင္း)တို႔ကိုကစားရပါမယ္။