ကြေးအောင်မယ့်ဒါဘီနိုင်ပွဲနဲ့ တာထွက်လှမယ့် ဇာဗီ

စနေည စပိန်လာလီဂါပွဲစဉ်-၁၄ ပွဲကြိုသုံးသပ်ချက်

ဘာစီလိုနာ နှင့် အက်စ်ပန်ညို(ည ၂း၃၀)(သတိုး မှော်ဘီ)

နည်းပြတစ်ယောက်အနေနဲ့ ဘာစီလိုနာကိုပြန်ရောက်လာတဲ့ဇာဗီရဲ့အဖွင့်ပွဲကတိုက်တိုက်ဆိုင်ဆိုင်ကာတာလန်ဒါဘီဖြစ်နေတယ်။ဘာစီလိုနာဟာဒီရာသီ ရုန်းကန်ခဲ့ရတာမှန်ပေမယ့်လာလီဂါအိမ်ကွင်းပွဲတွေမှာရီးရဲလ်တစ်သင်းတည်းကိုသာရှုံးနိမ့်ထားတာပါ။

တန်းပြန်တက်လာတဲ့အက်စ်ပန်ညိုကဒီရာသီမှာအိမ်ကွင်းသာကောင်းပေမယ့်အဝေးကွင်းအားနည်းပြီးအဝေးကွင်းနိုင်ပွဲမရှိသေးပါဘူး။ဇာဗီရဲ့အဖွင့်ပွဲမှာဘာစီလိုနာကြေးအောင်မှာပါ။

zawgyi




