ဂါဗီကို ပထမအသင်းကစားသမားအဖြစ် မှတ်ပုံတင်ရန် အယူခံဝင်မှု ရှုံးနိမ့်သွားတဲ့ ဘာစီလိုနာ

ဘာစီလိုနာဟာလူငယ်ပါရမီရှင်ကစားသမားဂါဗီကိုပထမအသင်းကစားသမားအဖြစ်မှတ်ပုံတင်ရန်ဒုတိယအကြိမ်မြောက်ကြိုးပမ်းခဲ့ပေမဲ့လည်းတရား ရုံးကပယ်ချလာပါတယ်။

ဘာစီလိုနာဟာဇန်နဝါရီလတုန်းကဂါဗီကိုပထမအသင်းကစားသမားအဖြစ်အသိအမှတ်ပြုပေးရန်ကြိုးပမ်းခဲ့တာဖြစ်ပြီးလာလီဂါရဲ့ပယ်ချခဲ့ပါတယ်။

Mundo Deportivo ကဘာစီလိုနာဟာဂါဗီကိုပထမအသင်းကစားသမားအဖြစ်မှတ်ပုံတင်ရေးအတွက်တရားရုံးတွင်အယူခံဝင်ခဲ့ပါတယ်။

ဒါပေမဲ့တရားရုံးကဘာစီလိုနာရဲ့ဂါဗီကိုပထမအသင်းကစားသမားအဖြစ်မှတ်ပုံတင်ရန်ကြိုးပမ်းမှုအားပယ်ချလာပါတယ်။

ဘာစီလိုနာဟာဘဏ္ဍာရေးပြဿနာများရှိနေမှုနှင့်အတူဂါဗီကိုပထမအသင်းကစားသမားအဖြစ်အသိအမှတ်ပြုခြင်းမခံရတာဖြစ်ပါတယ်။

ဘာစီလိုနာဟာပီကေး ကစားသမားဘဝမှအနားယူသွားမှု၊ဒီပေးထွက်ခွာသွားမှုတို့ကြောင့်ဂါဗီကိုပထမအသင်းကစားသမားအဖြစ်မှတ်ပုံတင်နိုင်မယ်လို့ယူဆထားခဲ့တာလည်းဖြစ်ပါတယ်။

ဂါဗီဟာပြီးခဲ့တဲ့နှစ်ဘောလုံးရာသီကတည်းကဘာစီလိုနာနှင့်စပိန်တို့တွင်အဓိကကစားသမားအဖြစ်ကစားခွင့်ရလာသူလည်းဖြစ်ပါတယ်။

ဘာစီလိုနာဟာဘဏ္ဍာရေးပြဿနာကြောင့်လာမယ့်ရာသီတွင်လည်းကစားသမားသစ်ခေါ်ယူခွင့်တားမြစ်ခြင်းခံထားရပြီးကစားသမားရောင်းချပြီးမှသာ လျှင်ကစားသမားသစ်ခေါ်ယူနိုင်ပါမယ်။

လက်ရှိအနေအထားကြောင့်ဘာစီလိုနာဟာလာမယ့်နေရာသီတွင်ဂါဗီကိုဆုံးရှုံ့းရလာနိုင်တဲ့အနေအထားတွင်ရှိနေပါတယ်။

ဂါဗီကိုပရီးမီးယားလိဂ်ကလပ်များဖြစ်ကြတဲ့မန်စီးတီး၊ယူနိုက်တက်၊ချဲလ်ဆီး၊အာဆင်နယ်နှင့်လီဗာပူးတို့ကစိတ်ဝင်စားနေကြပါတယ်။ဒါ့အပြင်ဂျာမန်ထိပ်သီးဘိုင်ယန်မြူးနစ်ကလည်းဂါဗီကိုခေါ်ယူရန်စိတ်ဝင်စားနေပါတယ်။

ZawGyi

ဂါဗီကို ပထမအသင္းကစားသမားအျဖစ္ မွတ္ပုံတင္ရန္ အယူခံဝင္မႈ ရႈံးနိမ့္သြားတဲ့ ဘာစီလိုနာ

ဘာစီလိုနာဟာလူငယ္ပါရမီရွင္ကစားသမားဂါဗီကိုပထမအသင္းကစားသမားအျဖစ္မွတ္ပုံတင္ရန္ဒုတိယအႀကိမ္ေျမာက္ႀကိဳးပမ္းခဲ့ေပမဲ့လည္းတရား႐ုံးကပယ္ခ်လာပါတယ္။

ဘာစီလိုနာဟာဇန္နဝါရီလတုန္းကဂါဗီကိုပထမအသင္းကစားသမားအျဖစ္အသိအမွတ္ျပဳေပးရန္ႀကိဳးပမ္းခဲ့တာျဖစ္ၿပီးလာလီဂါရဲ႕ပယ္ခ်ခဲ့ပါတယ္။

Mundo Deportivo ကဘာစီလိုနာဟာဂါဗီကိုပထမအသင္းကစားသမားအျဖစ္မွတ္ပုံတင္ေရးအတြက္တရား႐ုံးတြင္အယူခံဝင္ခဲ့ပါတယ္။ဒါေပမဲ့တရား႐ုံးကဘာစီလိုနာရဲ႕ဂါဗီကိုပထမအသင္းကစားသမားအျဖစ္မွတ္ပုံတင္ရန္ႀကိဳးပမ္းမႈအားပယ္ခ်လာပါတယ္။

ဘာစီလိုနာဟာဘ႑ာေရးျပႆနာမ်ားရွိေနမႈႏွင့္အတူဂါဗီကိုပထမအသင္းကစားသမားအျဖစ္အသိအမွတ္ျပဳျခင္းမခံရတာျဖစ္ပါတယ္။

ဘာစီလိုနာဟာပီေကး ကစားသမားဘဝမွအနားယူသြားမႈ၊ဒီေပးထြက္ခြာသြားမႈတို႔ေၾကာင့္ဂါဗီကိုပထမအသင္းကစားသမားအျဖစ္မွတ္ပုံတင္ႏိုင္မယ္လို႔ယူဆထားခဲ့တာလည္းျဖစ္ပါတယ္။

ဂါဗီဟာၿပီးခဲ့တဲ့ႏွစ္ေဘာလုံးရာသီကတည္းကဘာစီလိုနာႏွင့္စပိန္တို႔တြင္အဓိကကစားသမားအျဖစ္ကစားခြင့္ရလာသူလည္းျဖစ္ပါတယ္။

ဘာစီလိုနာဟာဘ႑ာေရးျပႆနာေၾကာင့္လာမယ့္ရာသီတြင္လည္းကစားသမားသစ္ေခၚယူခြင့္တားျမစ္ျခင္းခံထားရၿပီးကစားသမားေရာင္းခ်ၿပီးမွသာလွ်င္ကစားသမားသစ္ေခၚယူႏိုင္ပါမယ္။

လက္ရွိအေနအထားေၾကာင့္ဘာစီလိုနာဟာလာမယ့္ေနရာသီတြင္ဂါဗီကိုဆုံးရႈံ႕းရလာႏိုင္တဲ့အေနအထားတြင္ရွိေနပါတယ္။ဂါဗီကိုပရီးမီးယားလိဂ္ကလပ္မ်ားျဖစ္ၾကတဲ့မန္စီးတီး၊ယူႏိုက္တက္၊ခ်ဲလ္ဆီး၊အာဆင္နယ္ႏွင့္လီဗာပူးတို႔ကစိတ္ဝင္စားေနၾကပါတယ္။ဒါ့အျပင္ဂ်ာမန္ထိပ္သီးဘိုင္ယန္ျမဴးနစ္ကလည္းဂါဗီကိုေခၚယူရန္စိတ္ဝင္စားေနပါတယ္။