
တနင်္ဂနွေည စပိန်လာလီဂါ ပွဲစဉ်-၃ ပွဲကြိုသုံးသပ်ချက်
ဘာစီလိုနာ နှင့် ဂီတာဖေး (ည ၉း၃၀)(သတိုး မှော်ဘီ)
မနှစ်ကလိုဒဏ်ရာပြဿနာမရှိဘဲတစ်သင်းလုံးမာကျောနေတာတောင်မှဂီတာဖေးရဲ့ရာသီအဖွင့်ရလဒ်တွေကဆိုးရွားလွန်းနေတယ်။
ဗလင်စီယာနဲ့ ဆီဗီလာကိုဂိုးမသွင်းနိုင်ဘဲအရေးနိမ့်ခဲ့ရတဲ့ဂီတာဖေးအနေနဲ့ အခုပွဲမှာလည်းဘာစီလိုနာဘက်ကိုဂိုးသွင်းနိုင်ဖို့ မလွယ်လှဘူး။
ဒီပေး၊ ဘရိတ်ဝေတီတို့ခြေစွမ်းပြမှုနဲ့အတူဘာစီလိုနာကချည်းပဲအဆက်မပြတ်ဖိအားပေးတိုက်စစ်ဆင်ပါလိမ့်မယ်။လက်ရှိခြေစွမ်းသာမကအစဉ်အလာပါသာတဲ့ဘာစီလိုနာဂိုးပြတ်နိုင်ဖို့မခက်ဘူး။
zawgyi