ဂုဏ်သိက္ခာပြန်တင်ခွင့်လေး ပေးလိုက်ကြပါဦး

တနင်္လာည စပိန်လာလီဂါ ပွဲစဉ်-၅ ပွဲကြိုသုံးသပ်ချက်

ဘာစီလိုနာ နှင့် ဂရန်နာဒါ (နံနက် ၁း၃၀)(သတိုး မှော်ဘီ)

ကြားရက်ကချန်ပီယံလိဂ်မှာဘိုင်ယန်မြူးနစ်ကို အိမ်ရှင်ပရိသတ်ရှေ့မှောက်အရေးနိမ့်လိုက်ရခြင်းကဘာစီလိုနာကိုအရှက်သည်းစေမှာပါ။ဒါကြောင့်အခုပွဲအတွက်ဘာစီလိုနာအသင်းအထူးကြိုးစားပြင်ဆင်လာနိုင်တာကို သတိထားရမယ်။တကယ်တော့ဘာစီလိုနာဒီရာသီရုန်းကန်နေရတယ်ဆိုတာခံစစ်ယိုယွင်းလွန်းလို့ပါ။

မက်ဆီမရှိတော့ပေမယ့်ဘာစီလိုနာတိုက်စစ်မှာဂိုးသွင်းနိုင်သူတွေပိုင်ဆိုင်ထားဆဲဖြစ်ပါတယ်။ဂရန်နာဒါကတော့ဒီရာသီတာထွက်ချိန်ကတည်းကရုန်းကန်နေရပြီးတစ်ပွဲထက်တစ်ပွဲခြေစွမ်းပိုမိုဆိုးရွားလာနေတဲ့အသင်းပါ။ယိုယွင်းတဲ့ကွင်းလယ်နဲ့ ခံစစ်ကြောင်းကို ဂရန်နာဒါ ပြင်ဆင်နိုင်ခြင်းမရှိသေးပါဘူး။ဂရန်နာဒါရဲ့ညံ့ဖျင်းလွန်းမှုကရုန်းထချင်နေတဲ့ ဘာစီလိုနာအတွက်မဟာအခွင့်အရေးလို့ ဆိုရမယ်။

၂ဂိုးပြတ်နိုင်မှ၈၅ရရှိမယ်ဆိုပြီးဘာစီလိုနာဘက်ကနေ အကျောပေးထားတာဟာပြင်းရှတယ်လို့ မဆိုနိုင်ပါဘူး။လက်ရှိအနေအထားအရဘာစီလိုနာဂိုးပြတ်နိုင်ဖို့ဆိုတာအလွယ်လေးရယ်ပါ။ဘိုင်ယန်ပွဲအရှုံးအတွက်ဘာစီလိုနာကိုဂုဏ်သိက္ခာပြန်လည်အဖတ်တင်ခွင့်လေးပေးလိုက်ကြပါဦး။ ဘာစီလိုနာရဲ့ပြတ်သားတဲ့အောင်ပွဲကို မြင်ရပါမယ်။

zawgyi





